Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 39:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ရင်ခံပြား​အတွက် ကျစ်ဆံမြီး​ပုံစံကြိုး​ကို ရွှေ​စင်​ဖြင့် သွန်းလုပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သူ​တို့​သည်​ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ် များ​ကို​ပြု​လုပ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15-17 ရင် လွှမ်း၌ ရွှေ စင် နန်း ကြိုး လိမ် နှစ် ပင်၊ ရွှေ ပန်း ထည် နှစ် ခု နှင့် ရွှေ နှစ် ကွင်း ကို လုပ် ပြီး မှ၊ ရင် လွှမ်း နှစ် စွန်း၌ ထို နှစ် ကွင်း ကို လည်း ကောင်း၊ ထို နှစ် ကွင်း၌ ရွှေ နန်း ကြိုး လိမ် နှစ် ပင် ကို လည်း ကောင်း၊ တပ် ထား လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15-18 ရင်​ဖုံး​အ​ပေါ်​ထောင့်​နှစ်​ခု၌၊ ရွှေ​နှစ်​ကွင်း​ကို​လည်း​ကောင်း၊ ရွှေ​ကျောက်​အိုး နှစ်​လုံး​ကို​လည်း​ကောင်း ကျစ်​သော​ရွှေ​ကြိုး နှစ်​ပင်​ကို​လည်း​ကောင်း လုပ်​ပြီး​မှ၊ ထို​ရွှေ​ကွင်း၌​တပ်၍ သင်​တိုင်း​သိုင်း​ကြိုး​အ​ပေါ်​မှာ​ရှိ​သော ကျောက်​အိုး​တို့၌​တွဲ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 39:15
9 ပူးပေါင်းရင်းမြစ်များ  

ပင်မဆောင်​ကို ထင်းရှူးသား​ဖြင့်​ကာ​ပြီး ရွှေ​စင်​နှင့်​မွမ်းမံ​ထား​၏​။ နံရံ​ပေါ်တွင် စွန်ပလွံပင်ပုံ​များ​၊ ကြိုး​များ​နှင့် အလှဆင်​ထား​၏​။


ကြိုးကျစ်​သကဲ့သို့ ကျစ်​ထား​သော​ရွှေ​စင်​ကြိုး​နှစ်​ချောင်း​ကို လုပ်​၍ ထို​ရွှေစင်​ကြိုး​တို့​ကို ကျောက်မျက်အိုး​ဖြင့် ဆက်​ထား​ရ​မည်​။


ထို​ကျောက်​တစ်ဆယ့်​နှစ်​လုံး​သည် အစ္စရေး​၏​သား​တစ်ဆယ့်နှစ်​ယောက်​တို့​၏​အမည်​များ​အလိုက် စီထား​၏​။ ကမ္ပည်း​တံဆိပ်​အဖြစ် မျိုးနွယ်​တစ်ဆယ့်​နှစ်​နွယ်​၏​နာမည်​ကို ကျောက်​တစ်လုံးစီ​၌ ရေးထိုး​၏​။


ရွှေ​ကျောက်မျက်အိုး​နှစ်​ခု​နှင့် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လည်း​လုပ်​၍ ထို​ကွင်း​နှစ်​ကွင်း​ကို ရင်ခံပြား​အစွန်း​နှစ်​ဖက်​၌ တပ်​၏​။


ခြယ်သ​ထား​သော​သင့်​ပါး​တို့​သည် တင့်တယ်​လှ​ပေ​၏​။ သင့်​လည်တိုင်​သည်​လည်း လည်ဆွဲရတနာ​တို့​ဖြင့် တင့်တယ်​လှ​ပေ​၏​။​”


ငါ​သည် သူ​တို့​အား ထာဝရ​အသက်​ကို​ပေး​၍ သူ​တို့​သည် ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ မ​ပျက်စီး​ရ။ မည်သူမျှ သူ​တို့​ကို ငါ့​လက်​ထဲမှ​လုယူ​၍​မ​ရ​နိုင်။


အကျွန်ုပ်​သည် သူ​တို့​နှင့်အတူ​ရှိ​စဉ်​တွင် အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော ကိုယ်တော်​၏​နာမ​တော်​၌ သူ​တို့​ကို​ထိန်းသိမ်း​စောင့်ရှောက်​ခဲ့​ပါ​၏။ သူ​တို့​တွင် ပျက်စီး​ခြင်း​၏​သား​မှတစ်ပါး မည်သူ​မျှ​မ​ပျက်စီး​ခဲ့​ပါ။ ထို​သူ​ပျက်စီး​ခဲ့​ရ​ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​စေရန်​ဖြစ်​၏။


သင်​တို့​သည် နောက်ဆုံး​သော​ကာလ​၌​ဖော်ပြ​ရန် အသင့်​ပြင်ဆင်​ထား​သော​ကယ်တင်​ခြင်း​အတွက် ဘုရားသခင်​၏​တန်ခိုး​တော်​၌ ယုံကြည်​ခြင်း​အားဖြင့် စောင့်ရှောက်​ခြင်း​ကို​ခံရ​ကြ​၏။


ယေရှု​ခရစ်တော်​၏​အစေအပါး၊ ယာကုပ်​၏​ညီ ငါ​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံစား​ရ​၍ ယေရှု​ခရစ်တော်​၏​စောင့်ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ