ထွက်မြောက် 28:18 - မြန်မာ့စံမီသမ္မာကျမ်း ဒုတိယအတန်းကား မြ၊ နီလာ၊ စိန် ဖြစ်ရမည်။ Common Language Bible ဒုတိယအတန်းတွင် မြ၊ နီလာ၊ စိန်၊- Garrad Bible ပ တ္တ မြား၊ ဥဿ ဘ ယား၊ မြ။ ဒု တိ ယ အ တန်း ကား ဆီး၊ ကျောက် ပြာ၊ ကြောင်။ Judson Bible ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊ |
အစ္စရေးလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြ၏။ ခြေတော်အောက်၌ ကောင်းကင်ကဲ့သို့ကြည်လင်သော နီလာကျောက် ခင်းထားသကဲ့သို့ဖြစ်၏။
ရင်ခံပြားပေါ်၌ ကျောက်ကို လေးတန်းစီ၍ တပ်ရမည်။ ပထမအတန်းကား ပတ္တမြား၊ ဥဿဖရား၊ ဂေါ်မုတ်နီ ဖြစ်ရမည်။
သူ၏လက်များသည်လည်း ကျောက်မျက်ရွဲစီခြယ်ထားသော ရွှေလက်စွပ်နှင့်တူ၏။ ဝမ်းဗိုက်သည်လည်း နီလာကျောက်စီခြယ်ထားသော ပြောင်လက်သည့်ဆင်စွယ်နှင့်တူ၏။
ယုဒအမျိုး၏အပြစ်ကို သူတို့၏နှလုံးသားပြင်၊ သူတို့၏ယဇ်ပလ္လင်ဦးချိုများပေါ်တွင် သံကညစ်ဖြင့် ရေးထိုးထား၏။ စိန်ချွန်ဖြင့် ရေးထွင်းထား၏။
သူတို့ဦးခေါင်းအထက်ရှိ မျက်နှာပြင်ကြီးပေါ်တွင် နီလာကျောက်အဆင်းအရောင်နှင့်တူသည့် ရာဇပလ္လင်ကဲ့သို့ သဏ္ဌာန်တစ်ခုရှိ၏။ ထိုပလ္လင်ပေါ်တွင် လူနှင့်တူသော သဏ္ဌာန်တစ်ခုရှိ၏။
ထို့နောက် ငါကြည့်လိုက်သော် ခေရုဗိမ်တို့၏ဦးခေါင်းအထက်မိုးမျက်နှာကြက်တွင် နီလာရောင်အဆင်းသဏ္ဌာန်ပလ္လင်နှင့်တူသောအရာတစ်ခု ပေါ်လာသည်ကို တွေ့ရ၏။
ဆီးရီးယားပြည်သည် ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၍ သင်၏ကုန်ပစ္စည်းများကို မြ၊ ခရမ်းရောင်ကျောက်၊ ဇာပန်းထိုးထည်၊ ပိတ်ချော၊ သန္တာကျောက်၊ ပတ္တမြားများနှင့် လဲလှယ်ကြ၏။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
ထိုင်နေတော်မူသောထိုအရှင်သည် နဂါးသွဲ့နှင့်ပတ္တမြားကျောက်ကဲ့သို့သောအဆင်းအရောင်ရှိ၍ ပလ္လင်တော်ပတ်လည်တွင် မြကဲ့သို့သောအဆင်းအရောင်ရှိသည့် သက်တံရှိ၏။