ငါတို့ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့စဉ်က သူတို့နှင့်ဖွဲ့ခဲ့သောထာဝရဘုရား၏ပဋိညာဉ်ပါသေတ္တာတော်ထားမည့်နေရာကို ငါပြင်ဆင်ထားပြီ”ဟု မြွက်ဆိုလေ၏။
ထွက်မြောက် 24:8 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် သွေးကိုယူ၍ လူတို့အပေါ်သို့ဖျန်းလျက် “ကြည့်လော့။ ဤသွေးကား ဤစကားတော်အလုံးစုံတို့နှင့်အညီ သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူသော ပဋိညာဉ်သွေးဖြစ်၏”ဟု ဆိုလေ၏။ Common Language Bible ထိုနောက်မောရှေသည်အင်တုံများထဲမှသွေး ကိုယူ၍ လူတို့အပေါ်သို့ပက်ဖျန်းလေ၏။ သူ က``ထာဝရဘုရားသည်သင်တို့အားဤပညတ် များကိုပေးလျက် သင်တို့နှင့်ပြုတော်မူသော ပဋိညာဉ်ကိုဤသွေးဖြင့်အတည်ဖြစ်စေ ပြီ'' ဟုဆိုလေ၏။ Garrad Bible မော ရှေ လည်း အ သွေး ကို ယူ ပြီး လျှင် လူ မျိုး အ ပေါ် တွင် သွန်း ပက် လျက် ဤ အ သွေး ကား၊ ထို ဗျာ ဒိတ် တော် အ လုံး စုံ နှင့် စပ်၍ သင် တို့ နှင့် ထာ ဝ ရ ဘု ရား ဖွဲ့ ထား တော် မူ သော ပ ဋိ ညာဥ်၏ အ သွေး တည်း ဟု ပြော ဆို ၏။ Judson Bible မောရှေသည်လည်း၊ အသွေးကိုယူ၍ လူများအပေါ်မှာဖျန်းလျက်၊ ဤအသွေးကား ဤအမှုအရာတို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။ |
ငါတို့ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့စဉ်က သူတို့နှင့်ဖွဲ့ခဲ့သောထာဝရဘုရား၏ပဋိညာဉ်ပါသေတ္တာတော်ထားမည့်နေရာကို ငါပြင်ဆင်ထားပြီ”ဟု မြွက်ဆိုလေ၏။
သေတ္တာတော်ထဲတွင် ကျောက်ပြားနှစ်ချပ်မှလွဲ၍ မည်သည့်အရာမျှမရှိ။ ထိုကျောက်ပြားတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး ဟောရပ်အရပ်၌ ထာဝရဘုရားနှင့်ပဋိညာဉ်ဖွဲ့ခဲ့ကြစဉ် မောရှေထည့်သွင်းထားသောကျောက်ပြားများ ဖြစ်ကြ၏။
သို့သော် သူတို့သည် မိမိတို့နှုတ်ဖြင့် ကိုယ်တော်ကိုမြှောက်ပင့်၍ မိမိတို့လျှာဖြင့် ကိုယ်တော်ကိုလိမ်လည်ကြ၏။
မောရှေသည် သွေးတစ်ဝက်ကိုယူ၍ အင်တုံများထဲသို့ထည့်ပြီး သွေးတစ်ဝက်ကိုကား ယဇ်ပလ္လင်ပေါ်သို့ ဖျန်းလေ၏။
သူသည် လူမျိုးများစွာတို့ကို သန့်ရှင်းစေမည်။ ရှင်ဘုရင်တို့သည် သူ့ကြောင့် နှုတ်ပိတ်လျက်နေမည်။ အကြောင်းမူကား သူတို့အား မပြောပြဖူးသောအရာကို သူတို့သိမြင်ကြလိမ့်မည်။ သူတို့မကြားဖူးသောအရာကိုလည်း သူတို့နားလည်ကြလိမ့်မည်။
ထာဝရဘုရားက “ထိုပဋိညာဉ်သည် သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ လက်ဆွဲ၍ထုတ်ဆောင်လာခဲ့စဉ်က ဖွဲ့ခဲ့သောပဋိညာဉ်ကဲ့သို့မဟုတ်။ ငါသည် သူတို့၏ခင်ပွန်းဖြစ်သော်လည်း ငါ၏ပဋိညာဉ်ကို သူတို့ချိုးဖောက်ခဲ့ပြီ”ဟု မိန့်တော်မူ၏။
သင့်အနားမှဖြတ်သွား၍ကြည့်သော် သင်သည် အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်လေပြီ။ ထို့ကြောင့် အဝတ်မပါအချည်းစည်းဖြစ်နေသောသင့်ကို ငါ့ဝတ်လုံစွန်းဖြင့် ဖုံးအုပ်ပေး၏။ သင်နှင့်သစ္စာဆို၍ ပဋိညာဉ်ဖွဲ့၏။ ထို့ကြောင့် သင့်ကို ငါပိုင်ဆိုင်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
မောရှေသည် ဘိသိက်ဆီအချို့နှင့် ယဇ်ပလ္လင်ပေါ်ရှိသွေးအချို့ကိုယူ၍ အာရုန်နှင့်သူ၏အဝတ်တန်ဆာ၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာ တို့အပေါ်၌ ဖျန်း၏။ ဤသို့ဖြင့် အာရုန်နှင့်သူ၏အဝတ်တန်ဆာ၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာ တို့ကိုသန့်ရှင်းစေ၏။
‘အီဂျစ်ပြည်မှ သင်တို့ထွက်လာစဉ်က သင်တို့နှင့်အတူ ပဋိညာဉ်ဖွဲ့ခဲ့သည့်အတိုင်း ငါ့ဝိညာဉ်သည် သင်တို့နှင့်အတူ ရှိ၏။ ထို့ကြောင့် ကြောက်ရွံ့ခြင်း မရှိကြနှင့်။
သင်နှင့်ဖွဲ့သောအသွေးတော်ပဋိညာဉ်ကြောင့် ရေမရှိသောတွင်းထဲတွင်နေရသောအကျဉ်းသားတို့ကို ငါလွှတ်ပေးမည်။
ဤသည်ကား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။
ကိုယ်တော်ကလည်း“ဤသည်ကား လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။
ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကိုလည်းယူ၍“ဤခွက်ကား သင်တို့အတွက်သွန်းလောင်းသော ငါ၏သွေး၌တည်သည့် ပဋိညာဉ်သစ်ဖြစ်၏။
ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍“ဤခွက်ကား ငါ၏သွေး၌တည်သော ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ကိုသောက်သောအခါတိုင်း ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။
ဘုရားသခင်၏ကျေးဇူးတော်ကြွယ်ဝတော်မူသည်နှင့်အညီ ငါတို့သည် သားတော်၏သွေးတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော ကျူးလွန်သည့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ထိုသားတော်အားဖြင့်ရရှိကြ၏။
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ၏။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကိုနင်းချေ၍ မိမိအားသန့်ရှင်းစေသောပဋိညာဉ်ဆိုင်ရာသွေးတော်ကို မစင်ကြယ်သည့်အရာဟု မှတ်ယူလျက် ကျေးဇူးတော်နှင့်ဆိုင်သောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုသောသူသည် မည်မျှလောက် ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်ကြသနည်း။
ထာဝရပဋိညာဉ်နှင့်ဆိုင်သောသွေးတော်အားဖြင့် သိုးတို့၏သိုးထိန်းကြီးဖြစ်တော်မူသော ငါတို့သခင်ယေရှုကို သေသောသူတို့ထဲမှ ခေါ်ထုတ်တော်မူသည့် ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည်
ထိုနေ့တွင် ယောရှုသည် လူတို့နှင့် ပဋိညာဉ်ဖွဲ့ပြီး ရှေခင်မြို့၌ သူတို့အဖို့ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို ချမှတ်ပေးလေ၏။
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။