ထွက်မြောက် 24:6 - မြန်မာ့စံမီသမ္မာကျမ်း6 မောရှေသည် သွေးတစ်ဝက်ကိုယူ၍ အင်တုံများထဲသို့ထည့်ပြီး သွေးတစ်ဝက်ကိုကား ယဇ်ပလ္လင်ပေါ်သို့ ဖျန်းလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 မောရှေသည်တိရစ္ဆာန်တို့၏သွေးတစ်ဝက်ကို အင်တုံများတွင်ထည့်၍၊ အခြားတစ်ဝက် ကိုယဇ်ပလ္လင်ပေါ်၌ပက်ဖျန်းလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 မော ရှေ သည် အ သွေး တစ် ဝက် ကို အင် တုံ များ၌ ထည့်၍ တစ် ဝက် ကို ပ လ္လင် တော် ပေါ် တွင် သွန်း ပက် ပြီး နောက်၊ အခန်းကိုကြည့်ပါ။Judson Bible6 မောရှေသည်လည်း၊ အသွေးတစ်ဝက်ကို အင်တုံ၌ထည့်၍၊ တစ်ဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖျန်းလေ၏။ အခန်းကိုကြည့်ပါ။ |
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။