သူတို့သည် အသံကျယ်လောင်စွာကြွေးကြော်လျက်၊ တံပိုးခရာများနှင့် သိုးချိုများကို မှုတ်လျက် ထာဝရဘုရားထံ တိုင်တည်ကျိန်ဆိုကြ၏။
ထွက်မြောက် 24:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုလည်းကောင်း၊ ပညတ်တော်မူချက်အလုံးစုံတို့ကိုလည်းကောင်း လူတို့အား လာ၍ပြောကြား၏။ လူအပေါင်းတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှစကားအတိုင်း အကျွန်ုပ်တို့ပြုပါမည်”ဟု တစ်သံတည်းပြန်ပြောကြ၏။ Common Language Bible မောရှေသည်ဣသရေလအမျိုးသားတို့ထံသို့ ပြန်လာ၍၊ ထာဝရဘုရားပညတ်သမျှနှင့် စီရင်တော်မူချက်အလုံးစုံတို့ကိုပြောကြား လေ၏။ လူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာဆောင်ရွက်ပါမည်'' ဟုတညီတညွတ် တည်းဆိုကြ၏။- Garrad Bible မော ရှေ သည် လူ မျိုး ရှိ ရာ သို့ သွား၍ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် ချက်၊ ဆုံး ဖြတ် ချက် အ လုံး စုံ ကို ပြန် ကြား သော် တစ် မျိုး လုံး က ထာ ဝ ရ ဘု ရား မိန့် တော် မူ သ မျှ အ တိုင်း ပြု ပါ မည် ဟု တစ် ပြိုင် နက် ဝန် ခံ ကြ ကုန် ၏။ Judson Bible မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏ စကားတော်အလုံးစုံကိုလည်းကောင်း၊ စီရင်တော်မူချက်အလုံးစုံကိုလည်းကောင်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တစ်သံတည်းပြန်ပြောကြ၏။ |
သူတို့သည် အသံကျယ်လောင်စွာကြွေးကြော်လျက်၊ တံပိုးခရာများနှင့် သိုးချိုများကို မှုတ်လျက် ထာဝရဘုရားထံ တိုင်တည်ကျိန်ဆိုကြ၏။
ထိုသို့ ကျိန်ဆိုရခြင်းအတွက် ယုဒလူမျိုးအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆိုပြီး ထာဝရဘုရားကို စိတ်လိုလက်ရရှာသောကြောင့် သူတို့ကို အတွေ့ခံတော်မူ၏။ ထာဝရဘုရားသည်လည်း အရပ်ရပ်၌ ငြိမ်းချမ်းခြင်း ရှိစေတော်မူ၏။
“ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ဖွဲ့ကြသည့် ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြလော့”ဟု မိန့်တော်မူ၏။
လူအပေါင်းတို့က “ထာဝရဘုရားမိန့်ဆိုတော်မူသမျှတို့ကို အကျွန်ုပ်တို့ပြုပါမည်”ဟု တညီတညွတ်တည်းပြန်ဖြေကြ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ပြန်လျှောက်လေ၏။
မောရှေတစ်ဦးတည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသူတို့မူကား မချဉ်းကပ်ရ။ လူထုတို့သည် မောရှေနှင့်အတူ မတက်လာရ”ဟု မိန့်တော်မူ၏။
ထို့နောက် ပဋိညာဉ်ကျမ်းကိုယူ၍ လူတို့ရှေ့၌ဖတ်ကြားလေ၏။ လူတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့ပြုပါမည်။ နားထောင်ပါမည်”ဟု ဆိုကြ၏။
သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်သံမီးပြင်းဖိုမှ ငါထုတ်ဆောင်လာခဲ့စဉ်က ငါ့စကားကိုနားထောင်၍ ငါဆင့်ဆိုသမျှတို့ကိုပြုကြလော့။ သို့ပြုလျှင် သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၍ ငါသည်လည်း သင်တို့၏ဘုရားဖြစ်မည်ဟု ငါပဋိညာဉ်ပြုထားခဲ့၏။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင့်ဘိုးဘေးတို့ကျွန်ခံရာအီဂျစ်ပြည်မှ သူတို့ကိုထုတ်ဆောင်လာခဲ့စဉ်က သူတို့နှင့်ပဋိညာဉ်ဖွဲ့၍
‘အီဂျစ်ပြည်မှ သင်တို့ထွက်လာစဉ်က သင်တို့နှင့်အတူ ပဋိညာဉ်ဖွဲ့ခဲ့သည့်အတိုင်း ငါ့ဝိညာဉ်သည် သင်တို့နှင့်အတူ ရှိ၏။ ထို့ကြောင့် ကြောက်ရွံ့ခြင်း မရှိကြနှင့်။
ငါတို့အားလုံး၌ ဖခင်တစ်ဦးတည်း ရှိသည်မဟုတ်လော။ ငါတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင် တစ်ပါးတည်း ရှိသည်မဟုတ်လော။ ငါတို့သည် အဘယ်ကြောင့် ငါတို့ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသောပဋိညာဉ်ကို ချိုးဖောက်ပြီး တစ်ယောက်ကိုတစ်ယောက်သစ္စာဖောက်ကြမည်နည်း။
သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ ကိုယ်တော်၏ညွှန်ကြားချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက် တို့ကို အစဉ်အမြဲစောင့်ထိန်းရမည်။
အို အစ္စရေးလူမျိုးတို့၊ သင်တို့အား သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်တို့သည် အသက်ချမ်းသာရာရ၍ ဝင်ရောက်ပိုင်ဆိုင်ရမည့်အကြောင်း သင်တို့လိုက်နာရမည့် ငါသွန်သင်သော ပြဋ္ဌာန်းချက်နှင့်စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
ဤသည်ကား အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီးနောက် သူတို့အား မောရှေဆင့်ဆိုသော သက်သေခံချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ဖြစ်၏။
သင်တို့ဝင်ရောက်သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို ငါ့အား ငါ၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်တို့အား ငါသွန်သင်ပေးပြီ။
မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “အို အစ္စရေးလူမျိုးတို့၊ ယနေ့ သင်တို့ကြားသိအောင် ငါဆင့်ဆိုသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို နားထောင်လော့။ သင်ယူလော့။ လိုက်နာစောင့်ထိန်းလော့။
သင်မူကား ငါ့ထံပါး ဤနေရာ၌ရပ်နေလော့။ သူတို့အား ငါအပိုင်ပေးမည့်ပြည်၌ သူတို့လိုက်နာရန် သူတို့အား သင်ကြားပေးရမည့် ပညတ်တော်အလုံးစုံ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင့်အား ငါမိန့်ဆိုမည်’ဟု ငါ့အား မိန့်တော်မူ၏။
သင်တို့ကူးသွား၍သိမ်းပိုက်နေထိုင်မည့်ပြည်၌ လိုက်နာရမည့် ပညတ်တော်၊ ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို သင်တို့အားသင်ကြားပေးရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူခဲ့၏။
လူတို့ကလည်း ယောရှုအား “မဟုတ်ပါ။ ထာဝရဘုရားကိုသာ အကျွန်ုပ်တို့ ဝတ်ပြုပါမည်”ဟု ပြန်ပြောကြ၏။
ယောရှုကလည်း လူတို့အား “ထာဝရဘုရားကိုသာဝတ်ပြုမည်ဟု သင်တို့ရွေးချယ်ခြင်းအမှုမှာ သင်တို့ကိုယ်တိုင်ပင် သက်သေဖြစ်၏”ဟုဆိုလျှင် သူတို့ကလည်း “အကျွန်ုပ်တို့သည် သက်သေဖြစ်ကြပါ၏”ဟု ပြန်ပြောကြ၏။
လူတို့ကလည်း “အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်။ ကိုယ်တော်၏စကားကိုသာ နားထောင်ပါမည်”ဟု ယောရှုအား ပြန်ပြောကြ၏။