ယေရောဗောင်မင်းကြီးသည် ကိုယ်တိုင်အပြစ်ပြုသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောအပြစ်များကြောင့် ကိုယ်တော်သည် အစ္စရေးလူမျိုးကို စွန့်ပစ်တော်မူမည်”ဟု သူ့အား ဆိုလေ၏။
ထွက်မြောက် 23:33 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကို သင်၏ပြည်၌ နေထိုင်ခွင့်မပြုရ။ နေထိုင်ခွင့်ပြုလျှင် သင်သည် ငါ့ကိုပြစ်မှားမည့်အကြောင်း သူတို့ပြုလိမ့်မည်။ သူတို့၏ဘုရားများကိုဝတ်ပြုလျှင် သူတို့သည် သင်တို့၌ ထောင်ချောက်အမှန်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့၏ပြည်တွင်သူတို့ကိုနေထိုင်ခွင့်မပေး နှင့်။ သူတို့အားနေထိုင်ခွင့်ပေးလျှင် သူတို့သည် သင်တို့ကိုငါ့အားပြစ်မှားစေလိမ့်မည်။ သင် တို့သည်သူတို့၏ဘုရားများကိုကိုးကွယ် ပါက အမှန်ပင်ပျက်စီးဆုံးရှုံးစေမည့် ထောင်ချောက်ထဲသို့ကျရောက်ကြလိမ့်မည်။'' Garrad Bible သင် တို့ သည် ချင်း တို့ ကြောင့် ငါ့ ကို မ ပြစ် မှား စေ ခြင်း ငှါ သင် တို့ ပြည် ၌ ချင်း တို့ မ နေ ကြ ရ။ ချင်း တို့ ဘု ရား များ ကို ဝတ် ပြု လျှင် သင် တို့၌ ကျော့ ကွင်း သ ဖွယ် အ မှန် ဖြစ် လိမ့် မည် ဟု မော ရှေ အား မိန့် တော် မူ ၏။ Judson Bible သင်သည် ငါ့ကိုပြစ်မှားစေခြင်းငှာ၊ သူတို့သည်ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌မနေရကြ။ သင်သည် သူတို့ဘုရားကိုဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ |
ယေရောဗောင်မင်းကြီးသည် ကိုယ်တိုင်အပြစ်ပြုသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောအပြစ်များကြောင့် ကိုယ်တော်သည် အစ္စရေးလူမျိုးကို စွန့်ပစ်တော်မူမည်”ဟု သူ့အား ဆိုလေ၏။
သို့သော် မနာရှေမင်းကြီးသည် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် မကောင်းမှုကိုပြုစေခဲ့၏။
မိမိတို့အတွက် ထောင်ချောက်ဖြစ်စေမည့် ထိုသူတို့၏ရုပ်တုများကိုလည်း ဝတ်ပြုကြပြီး
ဖာရောမင်းကြီး၏အမှုထမ်းတို့ကလည်း “ဤသူသည် အကျွန်ုပ်တို့ကို မည်မျှကြာအောင် စိတ်အနှောင့်အယှက်ပေးနေဦးမည်နည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုရန် ယောက်ျားသားများကိုလွှတ်ပေးလိုက်ပါ။ အီဂျစ်ပြည်ပျက်စီးနေသည်ကို အရှင်မသိသလော”ဟု ဖာရောမင်းကြီးအား လျှောက်ကြ၏။
သူတို့၏ဘုရားများကို မပျပ်ဝပ်ရ။ မကိုးကွယ်ရ။ သူတို့၏ဓလေ့ထုံးစံများအတိုင်း မပြုကျင့်ရ။ ထိုဘုရားများကို ရှင်းရှင်းဖြိုဖျက်ရမည်။ သူတို့အထွတ်အမြတ်ထားသောကျောက်တိုင်များကို အကုန်အစင်ဖြိုလှဲရမည်။
သင်တို့ဝင်ရောက်မည့်ပြည်ရှိပြည်သားတို့နှင့် မိတ်မဖွဲ့မိရန် သတိပြုလော့။ သို့မဟုတ်လျှင် သူတို့သည် သင်တို့အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်။
သင်သည် သူတို့နောက်လိုက်ပါခြင်းဖြင့် မကျော့မိစေရန် သတိပြုလော့။ သင်၏ရှေ့မှ ထိုလူမျိုးတို့ဖျက်ဆီးခံရပြီးနောက် သင်က ‘ထိုလူမျိုးတို့သည် သူတို့၏ဘုရားများကို မည်သို့ဝတ်ပြုကြသနည်း။ ငါလည်း ထိုနည်းတူပြုမည်’ဟု ဆိုလျက် သူတို့၏ဘုရားများအကြောင်းကို မမေးမြန်းနှင့်။
သို့မဟုတ်လျှင် ထိုလူမျိုးတို့သည် သူတို့၏ဘုရားများအတွက်ပြုသော စက်ဆုပ်ရွံရှာဖွယ်ရာရှိသမျှတို့ကို သင်တို့ကိုသင်ကြားပေး၍ သင်တို့ပြုသဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှားကြလိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။
မာရ်နတ်က သူ့အလိုအတိုင်းပြုစေရန် သူတို့ကိုဖမ်းဆီးထားသော်လည်း သူတို့သည် မာရ်နတ်၏ကျော့ကွင်းမှ လွတ်မြောက်၍ အမြင်မှန်ရကောင်းရကြလိမ့်မည်။
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှ ထပ်၍နှင်ထုတ်ပေးတော့မည်မဟုတ်ကြောင်း ဧကန်သိမှတ်ကြလော့။ သင်တို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ပေါ်၌ သင်တို့ပျက်စီးသွားသည်အထိ ထိုလူမျိုးတို့သည် သင်တို့အဖို့ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့၏ကျောကုန်းပေါ်၌ နှင်တံ၊ မျက်စိထဲ၌ ဆူး ဖြစ်လိမ့်မည်။
သင်တို့သည် ဤပြည်သားတို့နှင့်ပဋိညာဉ်မဖွဲ့ရ။ သူတို့၏ယဇ်ပလ္လင်များကိုဖြိုဖျက်ရမည်’ဟု ငါဆိုခဲ့၏။ သို့သော် သင်တို့သည် ငါ့စကားကိုနားမထောင်ကြ၊ အဘယ်ကြောင့် ထိုသို့ ပြုကြသနည်း။
ထို့ကြောင့် ‘ထိုပြည်သားတို့ကို သင်တို့၏ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့၏နံဘေး၌ ဆူးကဲ့သို့ဖြစ်လိမ့်မည်။ သူတို့၏ဘုရားတို့သည်လည်း သင်တို့၌ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်’ဟု ငါဆိုပြီ”ဟူ၍ မိန့်ဆို၏။
ရှောလုမင်းကြီးက “ငါ့သမီးကို သူနှင့်ပေးစားမည်။ သူသည် ဒါဝိဒ်အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်၍ ဒါဝိဒ်သည် ဖိလိတ္တိလူမျိုးတို့လက်သို့ ရောက်ရလိမ့်မည်”ဟု အကောက်ကြံ၏။ ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ယခုမှာ သင်သည် ငါ့သမက် ဖြစ်ရတော့မည်”ဟု ဒုတိယအကြိမ် ပြောပြန်၏။