Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 20:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သို့မဟုတ်လျှင် ထို​လူမျိုး​တို့​သည် သူ​တို့​၏​ဘုရား​များ​အတွက်​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​ရာ​ရှိသမျှ​တို့​ကို သင်​တို့​ကို​သင်ကြား​ပေး​၍ သင်​တို့​ပြု​သဖြင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပြစ်မှား​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ကိုး​ကွယ်​မှု​ဆိုင်​ရာ စက်​ဆုပ်​ဖွယ်​သော​အ​လေ့​အ​ကျင့်​များ​ကို သင် တို့​အား​သင်​ကြား​ပေး​သ​ဖြင့်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​လိမ့်​မည်။ ထို့ ကြောင့်​သူ​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 20:18
22 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ခမည်းတော်​ဟေဇကိ​မင်းကြီး ဖျက်ဆီး​ပစ်​ခဲ့​သည့် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ပြန်လည်​တည်ဆောက်​၏​။ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ပြု​သကဲ့သို့ပင် ဗာလ​ယဇ်ပလ္လင်​များ​ကို​တည်​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​လည်း စိုက်ထူ​၏​။ ကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို​လည်း ရှိခိုး​ကိုးကွယ်​၏​။


သင်​သည် ထို​သူ​တို့​နှင့်​လည်းကောင်း​၊ ထို​သူ​တို့​၏​ဘုရား​များ​နှင့်​လည်းကောင်း ပဋိညာဉ်​မ​ဖွဲ့​ရ​။


သူ​တို့​ကို သင်​၏​ပြည်​၌ နေထိုင်​ခွင့်​မ​ပြု​ရ​။ နေထိုင်​ခွင့်​ပြု​လျှင် သင်​သည် ငါ့​ကို​ပြစ်မှား​မည့်​အကြောင်း သူ​တို့​ပြု​လိမ့်မည်​။ သူ​တို့​၏​ဘုရား​များ​ကို​ဝတ်ပြု​လျှင် သူ​တို့​သည် သင်​တို့​၌ ထောင်ချောက်​အမှန်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​ဝင်ရောက်​မည့်​ပြည်​ရှိ​ပြည်သား​တို့​နှင့် မိတ်​မ​ဖွဲ့​မိ​ရန် သတိပြု​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် သင်​တို့​အဖို့ ထောင်ချောက်​ကဲ့သို့​ဖြစ်​လိမ့်မည်​။


သင်​သည် သူ​တို့​၏​သမီး​များ​ကို သင့်​သား​တို့​နှင့်​စုံဖက်​စေ​သဖြင့် သူ​တို့​၏​သမီး​များ​သည် မိမိ​တို့​၏​ဘုရား​များ​နောက်​သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​သောအခါ သင့်​သား​တို့​ကို​လည်း ထို​ဘုရား​များ​နောက်​သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​စေ​ကြ​လိမ့်မည်​။


အယူ​မ​လွဲ​ကြ​နှင့်။ မကောင်း​သော​အပေါင်းအဖော်​တို့​သည် ကောင်း​သော​အကျင့်​စာရိတ္တ​ကို ပျက်စီး​စေ​ကြ​၏။


“ထို့ကြောင့် ထို​သူ​တို့​အထဲမှ ထွက်​၍ သီးခြား​နေ​ကြ​လော့”​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏။ “ညစ်ညူး​သော​အရာ​ကို မ​တို့​မ​ထိ​နှင့်။ ထိုသို့​ပြု​လျှင် ငါ​သည် သင်​တို့​ကို​လက်ခံ​၍


အကျိုးမဲ့​သော​မှောင်မိုက်​ခြင်း​၏​အမှု​တို့​၌ မ​ပါဝင်​ကြ​သည်​သာမက ထို​အမှု​တို့​၏​အပြစ်​ကို ဖော်ပြ​ကြ​လော့။


ငါ​၏​နာမ​ဖြင့် ထို​ပရောဖက် ဆင့်ဆို​သော ငါ့​စကား​များ​ကို နား​မ​ထောင်​သော​သူ​အား ငါ​စစ်ကြောစီရင်​မည်​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား ပေး​တော်မူ​သော​ပြည်​သို့ သင်​ဝင်ရောက်​သောအခါ ထို​လူမျိုး​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​ကို မ​လိုက်နာ​ရ​၊ မ​သင်ယူ​ရ​။


ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး တို့​၏​မြို့​များ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း အကုန်အစင်​ဖျက်ဆီး​ရ​မည်​။ မည်သည့်​သက်ရှိသတ္တဝါ​ကို​မျှ အသက်ချမ်းသာ​မ​ပေး​ရ​။


သင်​သည် မြို့​တစ်​မြို့​ကို သိမ်းယူ​ရန် အချိန်​ကြာမြင့်​စွာ​ဝိုင်းရံ​တိုက်ခိုက်​သောအခါ ထို​မြို့​ရှိ​သစ်ပင်​ကို ပုဆိန်​နှင့်​ပေါက်​၍ မ​ဖျက်ဆီး​ရ​။ ထို​အပင်​တို့​မှ အသီး​ကို သင်​စားသုံး​နိုင်​သည်​ဖြစ်၍ ထို​အပင်​တို့​ကို မ​ခုတ်လှဲ​ရ​။ ကွင်းပြင်​ရှိ​သစ်ပင်​တို့​ကို သင်​ဝိုင်းရံ​တိုက်ခိုက်​ရ​လေ​အောင် သစ်ပင်​ကား လူ​လော​။


သင်​၏​ဖြောင့်မတ်​ခြင်း​နှင့် သင်​၏​စိတ်သဘော​ဖြောင့်မှန်​ခြင်း​တို့​ကြောင့် သင်​သည် သူ​တို့​၏​ပြည်​ကို ဝင်ရောက်​ပိုင်ဆိုင်​ရ​ခြင်း မ​ဟုတ်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​လူမျိုး​တို့​၏​ဆိုးယုတ်မှု​ကြောင့်​လည်းကောင်း​၊ သင့်​ဘိုးဘေး အာဗြဟံ​၊ ဣဇက်​၊ ယာကုပ် တို့​အား ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​စကား​တော်​ကို တည်​စေရန်​အတွက်​လည်းကောင်း သူ​တို့​ကို သင့်​ရှေ့မှောက်​မှ နှင်ထုတ်​တော်မူ​ခြင်း​ဖြစ်​၏​။


တစ်စုံတစ်ယောက်​သည် ဤ​စာ​အားဖြင့် ငါ​တို့​မှာကြား​သော​စကား​ကို​နားမထောင်​လျှင် ထို​သူ​အား အရှက်ရ​စေရန် သူ့​ကို​မှတ်ထား​လျက် သူ​နှင့်​အပေါင်းအဖော်​မ​ပြု​ကြ​နှင့်။


ထိုသို့ အသိစိတ်​ပျက်ပြား​လျက် သမ္မာတရား​ဆုံးရှုံး​ကာ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် အကျိုးစီးပွား​ဖြစ်​သည်​ဟု ထင်မှတ်​သော​လူ​တို့​ကြား​၌ မ​ဆုံး​နိုင်​သော​အငြင်းပွား​မှု​ရှိ​တတ်​၏။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ ထပ်၍​နှင်ထုတ်​ပေး​တော့​မည်​မ​ဟုတ်​ကြောင်း ဧကန်​သိမှတ်​ကြ​လော့​။ သင်​တို့​အား ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သည့် ဤ​သာယာဝပြော​သော​ပြည်​ပေါ်​၌ သင်​တို့​ပျက်စီး​သွား​သည်​အထိ ထို​လူမျိုး​တို့​သည် သင်​တို့​အဖို့ ကျော့ကွင်း​၊ ထောင်ချောက်​၊ သင်​တို့​၏​ကျောကုန်း​ပေါ်၌ နှင်တံ​၊ မျက်စိ​ထဲ၌ ဆူး ဖြစ်​လိမ့်မည်​။


ထို့ကြောင့် ‘​ထို​ပြည်သား​တို့​ကို သင်​တို့​၏​ရှေ့​မှ ငါ​မ​နှင်ထုတ်​။ သူ​တို့​သည် သင်​တို့​၏​နံဘေး​၌ ဆူး​ကဲ့သို့​ဖြစ်​လိမ့်မည်​။ သူ​တို့​၏​ဘုရား​တို့​သည်​လည်း သင်​တို့​၌ ထောင်ချောက်​ကဲ့သို့​ဖြစ်​လိမ့်မည်​’​ဟု ငါ​ဆို​ပြီ​”​ဟူ၍ မိန့်ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ