လူမျိုးခြားတို့နှင့် ရောနှောဆက်ဆံ၍ ထိုသူတို့၏ဓလေ့ထုံးစံများကို သင်ယူကြ၏။
ထွက်မြောက် 23:32 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ထိုသူတို့နှင့်လည်းကောင်း၊ ထိုသူတို့၏ဘုရားများနှင့်လည်းကောင်း ပဋိညာဉ်မဖွဲ့ရ။ Common Language Bible သူတို့နှင့်လည်းကောင်း၊ သူတို့ဘုရားများနှင့် သော်လည်းကောင်း သင်တို့သည်မည်သည့်ပဋိ ညာဉ်ကိုမျှမပြုလုပ်ရ။- Garrad Bible ချင်း တို့ နှင့် လည်း ကောင်း၊ ချင်း တို့ ဘု ရား များ နှင့် လည်း ကောင်း မိတ် သ ဟာ ယ မ ဖွဲ့ ကြ နှင့်။ Judson Bible သူတို့နှင့်လည်းကောင်း၊ သူတို့ဘုရားများနှင့်လည်းကောင်း၊ သင်သည်မိတ်သဟာယမဖွဲ့ရ။ |
လူမျိုးခြားတို့နှင့် ရောနှောဆက်ဆံ၍ ထိုသူတို့၏ဓလေ့ထုံးစံများကို သင်ယူကြ၏။
သင်တို့အား ငါမိန့်ဆိုထားသောအရာရှိသမျှတို့ကို အလေးထားရမည်။ အခြားဘုရားများ၏နာမကို မမြွက်ဆိုရ။ သင့်နှုတ်မှမြွက်ဆိုသည်ကို မကြားရစေနှင့်။
သူတို့၏ဘုရားများကို မပျပ်ဝပ်ရ။ မကိုးကွယ်ရ။ သူတို့၏ဓလေ့ထုံးစံများအတိုင်း မပြုကျင့်ရ။ ထိုဘုရားများကို ရှင်းရှင်းဖြိုဖျက်ရမည်။ သူတို့အထွတ်အမြတ်ထားသောကျောက်တိုင်များကို အကုန်အစင်ဖြိုလှဲရမည်။
သင်တို့ဝင်ရောက်မည့်ပြည်ရှိပြည်သားတို့နှင့် မိတ်မဖွဲ့မိရန် သတိပြုလော့။ သို့မဟုတ်လျှင် သူတို့သည် သင်တို့အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်။
သင်သည် ထိုပြည်၌နေထိုင်သောသူတို့နှင့်ပဋိညာဉ်ဖွဲ့လျှင် သူတို့သည် မိမိတို့၏ဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောအခါ၌လည်းကောင်း၊ မိမိတို့၏ဘုရားများအား ယဇ်ပူဇော်သောအခါ၌လည်းကောင်း သင့်ကိုဖိတ်ခေါ်၍ သင်သည် သူတို့ပူဇော်သောယဇ်ကောင်ကိုစားမိလိမ့်မည်။
ခရစ်တော်နှင့်ဗေလျာလတို့အကြား၌ မည်သို့သောကိုက်ညီမှုရှိသနည်း။ ယုံကြည်သူနှင့်မယုံကြည်သူတို့အကြား၌ မည်သို့သောအကျိုးတူခံစားမှုရှိသနည်း။
သို့မဟုတ်လျှင် ထိုလူမျိုးတို့သည် သူတို့၏ဘုရားများအတွက်ပြုသော စက်ဆုပ်ရွံရှာဖွယ်ရာရှိသမျှတို့ကို သင်တို့ကိုသင်ကြားပေး၍ သင်တို့ပြုသဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှားကြလိမ့်မည်။
ထာဝရဘုရားသည် သူတို့ကို သင်တို့၌အပ်တော်မူမည်ဖြစ်၍ ငါမှာကြားသောပညတ်တော်ရှိသမျှအတိုင်း သူတို့ကိုပြုရမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
အစ္စရေးအမျိုးသားတို့ကလည်း “သင်တို့နှင့် မိတ်မဖွဲ့နိုင်။ သင်တို့သည် ငါတို့ အနီးအနား၌ နေထိုင်သူများလည်း ဖြစ်နိုင်ပါသည်”ဟု ဟိဝိလူမျိုးတို့အား ပြန်ပြော၏။
သင်တို့သည် ဤပြည်သားတို့နှင့်ပဋိညာဉ်မဖွဲ့ရ။ သူတို့၏ယဇ်ပလ္လင်များကိုဖြိုဖျက်ရမည်’ဟု ငါဆိုခဲ့၏။ သို့သော် သင်တို့သည် ငါ့စကားကိုနားမထောင်ကြ၊ အဘယ်ကြောင့် ထိုသို့ ပြုကြသနည်း။