ပင်ပန်းစွာရှာဖွေထားသောအရာများကိုလည်း မစားရဘဲ စွန့်လွှတ်ရလိမ့်မည်။ ကုန်သွယ်၍ရသောအမြတ်ကိုလည်း ခံစားခွင့်ရမည်မဟုတ်။
ထွက်မြောက် 22:5 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးသည် မိမိ၏တိရစ္ဆာန်များကို လယ်ကွင်း၊ သို့မဟုတ် စပျစ်ခြံထဲ၌ကျက်စားရန် လွှတ်ထားသဖြင့် သူတစ်ပါး၏လယ်ထဲ၌ကျက်စားလျှင် မိမိလယ်၊ မိမိစပျစ်ခြံထဲမှအကောင်းဆုံးကို အလျော်ပေးရမည်။ Common Language Bible ``လူတစ်ဦးသည်မိမိ၏တိရစ္ဆာန်များကို လယ် သို့မဟုတ်စပျစ်ဥယျာဉ်ထဲတွင်ထိန်းကျောင်း နေစဉ် သူတစ်ပါး၏လယ်ထဲသို့ကူးကျော် ကျက်စားစေလျှင်၊ မိမိ၏လယ်သို့မဟုတ် စပျစ်ဥယျာဉ်မှထွက်သောအကောင်းဆုံး အသီးအနှံဖြင့်အစားလျော်စေရမည်။ Garrad Bible ကိုယ့် လယ်၊ ကိုယ့် စ ပျစ် ခြံ၌ စား စေ ရာ တွင် တိ ရ စ္ဆာန် ကို လွှတ် ထား သ ဖြင့် သူ တစ် ပါး ၏ လယ်၌ စား လျှင် ကိုယ့် လယ်၊ ကိုယ့် စ ပျစ် ခြံ ထဲ က အ ကောင်း ဆုံး ကို လျော် ပေး ရ မည်။ Judson Bible သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်လည်းကောင်း၊ မိမိတိရစ္ဆာန်ကို သူ့လယ်၌ထိန်းကျောင်းသော်လည်းကောင်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်။ |
ပင်ပန်းစွာရှာဖွေထားသောအရာများကိုလည်း မစားရဘဲ စွန့်လွှတ်ရလိမ့်မည်။ ကုန်သွယ်၍ရသောအမြတ်ကိုလည်း ခံစားခွင့်ရမည်မဟုတ်။
တွင်းပိုင်ရှင်သည် တိရစ္ဆာန်ပိုင်ရှင်အား ငွေအလျော်ပေးရမည်။ သေသောအကောင်ကိုကား သူပိုင်၏။
အကယ်၍ သူ့ထံမှ အမှန်တကယ်ခိုးယူသွားသည်ဆိုလျှင် ပိုင်ရှင်အား အလျော်ပေးရမည်။
နေ့အချိန်ဖြစ်လျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်ရှိ၏။ သူခိုးသည် မုချအလျော်ပေးရမည်။ သူ၌မည်သည့်အရာမျှမရှိလျှင် ခိုးယူထားသောအရာအတွက် သူသည်အရောင်းခံရမည်။
ခိုးယူထားသောနွားဖြစ်စေ၊ မြည်းဖြစ်စေ၊ သိုးဖြစ်စေ သူ့လက်ထဲ၌ အသက်ရှင်လျက် အမှန်တကယ်ပြန်တွေ့လျှင် နှစ်ဆအလျော်ပေးရမည်။
တစ်စုံတစ်ဦးသည် မီးရှို့ရာ ဆူးပင်များသို့ကူးပြီး ကောက်လှိုင်းကိုဖြစ်စေ၊ ကောက်ပဲသီးနှံကိုဖြစ်စေ၊ လယ်ကိုဖြစ်စေ လောင်ကျွမ်းလျှင် သူသည် မုချအလျော်ပေးရမည်။
သင်သည် ငါတို့ကို နို့နှင့်ပျားရည်စီးသောပြည်သို့ မပို့ဆောင်၊ အမွေအဖြစ် လယ်ယာနှင့်စပျစ်ခြံကိုလည်း ငါတို့အားမပေး။ ဤသူတို့၏မျက်စိကိုလည်း ဖောက်လိုသလော။ ငါတို့မလာ”ဟု ဆိုကြ၏။