ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။
ထွက်မြောက် 22:27 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ၎င်းသည် သူ၏တစ်ခုတည်းသောခြုံစရာ၊ သူ၏ကိုယ်ခန္ဓာအတွက် ခြုံထည်ဖြစ်သဖြင့် သူသည် မည်သည့်အရာကိုခြုံ၍ အိပ်မည်နည်း။ ငါသည် သနားကြင်နာတတ်သည်ဖြစ်၍ သူသည် ငါ့ထံ အော်ဟစ်တောင်းလျှောက်သောအခါ ငါနားထောင်မည်။ Common Language Bible သူ၏ကိုယ်ကိုခြုံစရာဟူ၍ထိုခြုံထည်တစ်ခု တည်းသာရှိသည်ဖြစ်သောကြောင့်သူသည်ခြုံ စရာမရှိလျှင်အဘယ်သို့အိပ်နိုင်မည်နည်း။ ငါသည်သနားကြင်နာသောအရှင်ဖြစ်၍ သူသည်ငါ့အားလျှောက်ထားသောအခါ ငါနားညောင်းမည်။ Garrad Bible သူ၌ အ ခြား ခြုံ ရန် မ ရှိ။ အ ရေ ပါး ကို ခြုံ သော အ ဝတ် ဖြစ်၏။ သူ သည် မည် သို့ အိပ် ရ မည် နည်း။ ငါ့ ထံ ဟစ် လျှင် က ရု ဏာ ရှိ သည် နှင့် အ ညီ နား ညောင်း လိမ့် မည်။ Judson Bible အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဖို့ဖြစ်၏။ သူသည် အဘယ်သို့အိပ်နိုင်သနည်း။ ငါ့အားအော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသောသဘောရှိ၏။ |
ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။
ဗာဟုရိမ်မြို့သား၊ ဗင်္ယာမိန်အမျိုးသား ဂေရ၏သားရှိမိသည် မဟာနိမ်မြို့သို့ ငါသွားသောနေ့တွင် သူသည် ငါ့ကို ခါးသီးစွာကျိန်ဆဲခဲ့၏။ သို့သော် ငါပြန်လာသောအခါ သူသည် ငါ့ကို ဂျော်ဒန်မြစ်သို့ဆင်းကြို၍ ‘သင့်ကို ငါ ဓားဖြင့်မသတ်’ဟု ထာဝရဘုရားကိုတိုင်တည်၍ ငါကျိန်ဆိုခဲ့ပြီ။
သို့သော် သူ့ကို အပြစ်ကင်းသူဟု မယူဆပါနှင့်။ သင်သည် ပညာရှိဖြစ်သည်နှင့်အညီ သူ့အား မည်သို့ပြုရမည်ကို သင်သိပါ၏။ ဆံပင်ဖြူသောသူ့ကို ကွပ်မျက်ပြီး မရဏာနိုင်ငံသို့ ဆင်းစေလော့”ဟု မိန့်မှာလေ၏။
ထာဝရဘုရားထံ သင်တို့ပြန်လာလျှင် ဖမ်းခေါ်သွားသူတို့သည် သင်တို့ညီအစ်ကိုများ၊ သားမြေးများကို သနား၍ သူတို့သည် ဤပြည်သို့ ပြန်လာရကြလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောရှိတော်မူသောကြောင့် သင်တို့သည် အထံတော်သို့ပြန်လာလျှင် ကိုယ်တော်သည် သင်တို့ကိုမျက်နှာလွှဲတော်မူမည်မဟုတ်”ဟု ပါရှိ၏။
အဖိနှိပ်ခံရသောဤသူ ခေါ်သောအခါ ထာဝရဘုရားသည် နားထောင်၍ သူ၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူ့ကိုကယ်တင်တော်မူ၏။
အကြောင်းမူကား သူသည် အကူအညီအော်ဟစ်တောင်းခံသည့် နွမ်းပါးသောသူကိုလည်းကောင်း၊ ကူညီမစမည့်သူမရှိသည့် အဖိနှိပ်ခံရသောသူကိုလည်းကောင်း ကယ်နုတ်တော်မူလိမ့်မည်။
သို့သော် အို ဘုရားရှင်၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူပြီး စိတ်ရှည်သောသဘော၊ သမ္မာတရားနှင့်မေတ္တာကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏။
အကယ်၍ သင်နှိပ်စက်၍ သူတို့သည် ငါ့ထံ အော်ဟစ်မည်ဆိုလျှင် သူတို့၏အော်ဟစ်ငိုကြွေးသံကို ငါအသေအချာနားထောင်မည်။
ထာဝရဘုရားသည် သူ့ရှေ့မှဖြတ်သွား၍ “ထာဝရဘုရား၊ ထာဝရဘုရားသည် သနားစုံမက်တတ်သောဘုရား၊ ကျေးဇူးပြုတတ်သောဘုရား၊ စိတ်ရှည်သောဘုရား၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။
ရှင်ဘုရင်ကို သင်၏စိတ်ကူးထဲ၌ပင် မကျိန်ဆဲနှင့်။ ချမ်းသာသောသူကိုလည်း သင်၏အိပ်ခန်းထဲ၌ပင် မကျိန်ဆဲနှင့်။ အကြောင်းမူကား မိုးကောင်းကင်ငှက်သည် ထိုအသံကို ဆောင်ယူသွားလိမ့်မည်။ တောင်ပံရှိသောအကောင်သည်လည်း ထိုစကားကို ပြောကြားလိမ့်မည်။
ထိုကျောက်တိုင်သည် အီဂျစ်ပြည်တွင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမှတ်လက္ခဏာသဖွယ်၊ သက်သေသဖွယ် ဖြစ်လိမ့်မည်။ သူတို့သည် ညှဉ်းဆဲခြင်းခံရသောကြောင့် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည် ကယ်တင်ပေးသူ၊ ကာကွယ်ပေးသူကို သူတို့ထံစေလွှတ်တော်မူ၍ သူတို့ကို ကယ်တင်တော်မူလိမ့်မည်။
သင်သည် သင့်အိမ်နီးချင်းအား တစ်စုံတစ်ရာကိုချေးပေးသောအခါ သူ၏အိမ်ထဲသို့ဝင်ပြီး အပေါင်ခံပစ္စည်းကို မယူရ။