ထွက်မြောက် 22:27 - Common Language Bible27 သူ၏ကိုယ်ကိုခြုံစရာဟူ၍ထိုခြုံထည်တစ်ခု တည်းသာရှိသည်ဖြစ်သောကြောင့်သူသည်ခြုံ စရာမရှိလျှင်အဘယ်သို့အိပ်နိုင်မည်နည်း။ ငါသည်သနားကြင်နာသောအရှင်ဖြစ်၍ သူသည်ငါ့အားလျှောက်ထားသောအခါ ငါနားညောင်းမည်။ အခန်းကိုကြည့်ပါ။Garrad Bible27 သူ၌ အ ခြား ခြုံ ရန် မ ရှိ။ အ ရေ ပါး ကို ခြုံ သော အ ဝတ် ဖြစ်၏။ သူ သည် မည် သို့ အိပ် ရ မည် နည်း။ ငါ့ ထံ ဟစ် လျှင် က ရု ဏာ ရှိ သည် နှင့် အ ညီ နား ညောင်း လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible27 အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဖို့ဖြစ်၏။ သူသည် အဘယ်သို့အိပ်နိုင်သနည်း။ ငါ့အားအော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသောသဘောရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 အကြောင်းမူကား ၎င်းသည် သူ၏တစ်ခုတည်းသောခြုံစရာ၊ သူ၏ကိုယ်ခန္ဓာအတွက် ခြုံထည်ဖြစ်သဖြင့် သူသည် မည်သည့်အရာကိုခြုံ၍ အိပ်မည်နည်း။ ငါသည် သနားကြင်နာတတ်သည်ဖြစ်၍ သူသည် ငါ့ထံ အော်ဟစ်တောင်းလျှောက်သောအခါ ငါနားထောင်မည်။ အခန်းကိုကြည့်ပါ။ |
``ဗင်္ယာမိန်ပြည်၊ ဗာဟုရိမ်မြို့သားဂေရ၏ သားရှိမိတစ်ယောက်လည်းရှိသေး၏။ မဟာနိမ် မြို့သို့ငါသွားသည့်နေ့ကသူသည်ငါ့ကို ကြမ်းတမ်းစွာကျိန်ဆဲသော်လည်း ယော်ဒန် မြစ်သို့လာ၍ငါ့အားခရီးဦးကြိုပြုသော အခါ၌ ငါသည်သူ့အားကွပ်မျက်မည်မ ဟုတ်ကြောင်းထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကျိန်ဆိုကတိပြု ခဲ့သည်။-
သင်တို့သည်ထာဝရဘုရား၏ထံတော်သို့ ပြန်လာကြလျှင် သင်တို့၏ဆွေမျိုးသား ချင်းများကိုသုံ့ပန်းအဖြစ်ဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားသူတို့သည်သူတို့အား သနား၍နေရင်းပြည်သို့ပြန်ခွင့်ပြုကြ လိမ့်မည်။ သင်တို့ဘုရားသခင်ထာဝရဘုရား သည်သနားကြင်နာ၍ ကရုဏာထား တော်မူတတ်၏။ သင်တို့သည်အထံတော် သို့ပြန်လာကြလျှင်ကိုယ်တော်သည်သင် တို့အားလက်ခံတော်မူပေအံ့'' ဟုရေး သားဖော်ပြထားသတည်း။
ထိုအရာတို့သည်အီဂျစ်ပြည်တွင် အနန္တတန်ခိုး ရှင်ထာဝရဘုရားရှိတော်မူကြောင်းသက်သေ ခံအမှတ်လက္ခဏာများဖြစ်လိမ့်မည်။ ပြည်သူတို့ သည်ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံရ၍ ထာဝရ ဘုရားထံတော်သို့ကူမတော်မူရန်ဟစ်အော် ကြသောအခါ ကိုယ်တော်သည်သူတို့အား ကယ်တင်မည့်သူတစ်ဦးကိုစေလွှတ်တော် မူလိမ့်မည်။-