တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ မြည်း၊ နွား၊ သိုးစသော တိရစ္ဆာန်တစ်ကောင်ကောင်ကို ထိန်းသိမ်းပေးရန်အပ်ထားရာ မည်သူမျှမတွေ့မြင်ဘဲ သေသွားလျှင်ဖြစ်စေ၊ ဒဏ်ရာရလျှင်ဖြစ်စေ၊ ဖမ်းသွားခြင်းခံရလျှင်ဖြစ်စေ
ထွက်မြောက် 22:11 - မြန်မာ့စံမီသမ္မာကျမ်း သူတို့နှစ်ဦးကြား၌ မိမိအိမ်နီးချင်း၏ဥစ္စာကိုမယူကြောင်း ထာဝရဘုရားရှေ့တော်တွင် ကျိန်ဆိုသည့်အတိုင်း ပိုင်ရှင်သည်လက်ခံရမည်။ ထိန်းသိမ်းထားသောသူသည်လည်း အလျော်မပေးရ။ Common Language Bible အပ်နှံခြင်းခံရသူသည်မိမိမခိုးကြောင်း ဘုရားသခင်ရှေ့တော်တွင်ကျိန်ဆိုရမည်။ ကျိန်ဆိုသည့်အတိုင်းပိုင်ရှင်လက်ခံရမည်။ အပ်နှံခြင်းခံရသူသည်မခိုးခဲ့လျှင် ပြန်လျော်ရန်မလို။- Garrad Bible သူ့ ဥ စ္စာ ကို အ လွဲ သုံး စား မှု မ ပြု ကြောင်း နှစ် ဦး သား တို့ ကြား တွင် ထာ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ ဆို သည် နှင့် အ ညီ ဥ စ္စာ ရှင် ယုံ ကြည်၍ ထိန်း ကျောင်း သူ မ လျော် ရ။ Judson Bible အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။ |
တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ မြည်း၊ နွား၊ သိုးစသော တိရစ္ဆာန်တစ်ကောင်ကောင်ကို ထိန်းသိမ်းပေးရန်အပ်ထားရာ မည်သူမျှမတွေ့မြင်ဘဲ သေသွားလျှင်ဖြစ်စေ၊ ဒဏ်ရာရလျှင်ဖြစ်စေ၊ ဖမ်းသွားခြင်းခံရလျှင်ဖြစ်စေ
အကယ်၍ သူ့ထံမှ အမှန်တကယ်ခိုးယူသွားသည်ဆိုလျှင် ပိုင်ရှင်အား အလျော်ပေးရမည်။
သူခိုးကိုမမိလျှင် အိမ်ပိုင်ရှင်သည် သူ့အိမ်နီးချင်း၏ဥစ္စာကို ယူသည်၊ မယူသည် သိနိုင်ရန် သူ့ကို ဘုရားသခင်ထံခေါ်ဆောင်လာရမည်။
မဟုတ်မမှန်သောသတင်းကိုမဖြန့်ရ။ ဆိုးယုတ်သောသူနှင့်ပေါင်း၍ မတရားသောသက်သေ မထွက်ဆိုရ။
သို့မဟုတ်လျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်ဝ၍ “ထာဝရဘုရားသည် မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မိပါလိမ့်မည်။ သို့တည်းမဟုတ် အကျွန်ုပ်သည် ဆင်းရဲ၍ခိုးယူကာ အကျွန်ုပ်ဘုရားသခင်၏နာမတော်ကို ထိခိုက်မိစေပါလိမ့်မည်။
ငါဆိုသည်ကား “ဘုရားသခင်၏ရှေ့တော်၌ကျိန်ဆိုထားသည်ဖြစ်၍ ရှင်ဘုရင်၏အမိန့်ကိုနာခံလော့။
တစ်စုံတစ်ယောက်သည် ကျိန်ဆိုသံကိုကြားသော်လည်း မိမိမြင်သောအရာ၊ သိသောအရာကို သက်သေအဖြစ် ထုတ်ဖော်ပြောဆိုခြင်းမပြုလျှင် အပြစ်ပြုရာရောက်၍ သူသည် အပြစ်ဒဏ်ခံရမည်။
ပျောက်သောပစ္စည်းကို တွေ့ထားသော်လည်း ၎င်းနှင့်ပတ်သက်၍ လိမ်ညာခြင်းဖြင့်လည်းကောင်း၊ လူပြုသောအမှုတစ်စုံတစ်ခုနှင့်ပတ်သက်၍ မဟုတ်မမှန်ကျိန်ဆိုခြင်းဖြင့်လည်းကောင်း ထိုသို့သောအမှုတို့ဖြင့်အပြစ်ပြုလျှင်
လူတို့သည် မိမိတို့ထက် ကြီးမြတ်သောသူကို တိုင်တည်ပြောဆိုကြပြီး ထိုသို့အတည်ပြုပြောဆိုသောကတိသစ္စာသည် အငြင်းပွားမှုအားလုံးကို ရပ်စဲစေတတ်၏။