သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
ထွက်မြောက် 21:17 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ့်မိဘကို ကျိန်ဆဲသောသူသည် မုချအသတ်ခံရမည်။ Common Language Bible ``မိဘကိုကျိန်ဆဲသောသူအားသေဒဏ်ခံ စေရမည်။ Garrad Bible မိ ဘ ကို ဆဲ ဆို သော သူ သည် သေ ဒဏ် မု ချ ခံ စေ။ Judson Bible မိဘကိုကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ |
သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
အချင်းချင်းရန်ဖြစ်ကြ၍ တစ်ဦးက အခြားတစ်ဦးအား ကျောက်တုံးနှင့်ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ ခံရသူသည်မသေသော်လည်း အိပ်ရာထဲ၌လဲနေလျှင်လည်းကောင်း၊
မိမိ၏မိခင်နှင့်ဖခင်တို့ကို ကျိန်ဆဲသောသူ၏မီးခွက်သည် မှောင်မည်းသောအမှောင်ထဲတွင် ငြိမ်းသွားလိမ့်မည်။
ဖခင်ကိုပြက်ရယ်ပြု၍ မိခင်အားနာခံခြင်းကို မထီမဲ့မြင်ပြုတတ်သောမျက်စိကို လျှိုမြောင်၌ရှိသောကျီးကန်းတို့သည် ဖောက်ထုတ်၍ လင်းတ၏သားပေါက်တို့သည် စားကြလိမ့်မည်။
တစ်စုံတစ်ယောက်၌ မိဘစကား နားမထောင်၊ မိဘဆုံးမသည်ကိုလည်း မနာခံဘဲ ခေါင်းမာ၍ဖီဆန်သောသားရှိလျှင်
မြို့သားယောက်ျားအပေါင်းတို့သည် ထိုသူကို ခဲနှင့်အသေပေါက်သတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။ သို့မှသာ အစ္စရေးလူမျိုးအပေါင်းတို့သည် ကြား၍ ကြောက်ရွံ့ကြလိမ့်မည်။
‘မိမိ၏မိဘကို မထီလေးစားပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။