ကျီးအတို့သည် သူ့အတွက် အသားနှင့်မုန့်တို့ကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ယူဆောင်လာပေး၏။ ထိုချောင်းမှရေကို သူသောက်၏။
ထွက်မြောက် 2:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ် ဖာရောမင်းကြီး၏သမီးတော်သည် ရေချိုးရန် နိုင်းမြစ်ထဲသို့ဆင်းလာ၏။ သူ၏အပျိုတော်များကား မြစ်ကမ်းနား၌ လမ်းလျှောက်နေကြ၏။ ထိုအခါ သူသည် ကျူတောထဲမှ ဖာတောင်းကိုတွေ့လျှင် ကျွန်မတစ်ယောက်ကို လွှတ်၍ယူစေ၏။ Common Language Bible ဖာရောဘုရင်၏သမီးတော်သည်ရေချိုးရန် မြစ်ထဲသို့ဆင်းလာစဉ်၊ သူ၏အခြွေအရံတို့ ကမြစ်ကမ်းပေါ်တွင်လမ်းလျှောက်၍စောင့်ကြပ် နေကြ၏။ သမီးတော်သည်ကိုင်းတောထဲ၌ ခြင်းတောင်းကိုမြင်လျှင်၊ ကျွန်မတစ်ယောက် ကိုလွှတ်၍ထိုခြင်းတောင်းကိုယူခဲ့စေ၏။- Garrad Bible ဖာ ရော မင်း၏ သ မီး တော် သည် အ ပျို တော် တို့ ကမ်း ခြေ လှည့် လည် ကြ စဉ်၊ မြစ်၌ ရေ သုံး သပ် ရန် ဆင်း သွား ရာ ကျူ တော တွင် ကြုတ် ကို မြင်၍ ဆောင် ယူ ခဲ့ စေ ရန် ကျွန် မိန်း မ တစ် ယောက် ကို ခိုင်း သည့် အ တိုင်း Judson Bible ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှာဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌လှည့်လည်စဉ်၊ ကိုင်းတော၌ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှာ ကျွန်မ တစ်ယောက်ကိုစေလွှတ်လေ၏။ |
ကျီးအတို့သည် သူ့အတွက် အသားနှင့်မုန့်တို့ကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ယူဆောင်လာပေး၏။ ထိုချောင်းမှရေကို သူသောက်၏။
ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
ထာဝရဘုရားသည် ဖိနှိပ်ခြင်းခံရသောသူတို့၏ခိုကိုးရာ၊ ဘေးဒုက္ခရောက်ချိန်၌ ခိုကိုးရာဖြစ်တော်မူ၏။
ဖာတောင်းကိုဖွင့်သောအခါ ငိုနေသောကလေးသူငယ်ကိုမြင်လျှင် သူ့ကိုသနားလျက် “ဤသူငယ်သည် ဟေဗြဲကလေးဖြစ်၏”ဟု ဆို၏။
နံနက်အချိန်၌ ဖာရောမင်းကြီးသည် ရေဆိပ်သို့သွားမည်ဖြစ်၍ သူနှင့်တွေ့ဆုံရန် နိုင်းမြစ်ကမ်းနား၌ သွားစောင့်နေလော့။ မြွေအဖြစ်သို့ပြောင်းလဲခဲ့သောတောင်ဝှေးကိုလည်း သင့်လက်ထဲ၌ ယူဆောင်သွားရမည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်သည် နံနက်စောစောထ၍ ရေဆိပ်သို့သွားမည့်ဖာရောမင်းကြီး၏ရှေ့တွင်ရပ်လျက် ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
ယောနကိုမျိုချရန် ငါးကြီးတစ်ကောင်ကို ထာဝရဘုရား ပြင်ဆင်ထားသဖြင့် ယောနသည် ငါးကြီးဝမ်းထဲတွင် သုံးရက်သုံးည နေရလေ၏။
ထိုအခါ ထာဝရဘုရားသည် ငါးကို အမိန့်ပေးသဖြင့် ငါးသည် ကုန်းပေါ်တွင် ယောနကို အန်ထုတ်လေ၏။
ထို့နောက် အပြင်၌ထုတ်ထားသောအခါ ဖာရောဘုရင်၏သမီးတော်သည် သူ့ကိုကောက်ယူ၍ မိမိသားအဖြစ်မွေးစားလေ၏။