Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 2:5 - Garrad Bible

5 ဖာ ရော မင်း၏ သ မီး တော် သည် အ ပျို တော် တို့ ကမ်း ခြေ လှည့် လည် ကြ စဉ်၊ မြစ်၌ ရေ သုံး သပ် ရန် ဆင်း သွား ရာ ကျူ တော တွင် ကြုတ် ကို မြင်၍ ဆောင် ယူ ခဲ့ စေ ရန် ကျွန် မိန်း မ တစ် ယောက် ကို ခိုင်း သည့် အ တိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ရေ​ချိုး​ရန် မြစ်​ထဲ​သို့​ဆင်း​လာ​စဉ်၊ သူ​၏​အ​ခြွေ​အ​ရံ​တို့ က​မြစ်​ကမ်း​ပေါ်​တွင်​လမ်း​လျှောက်​၍​စောင့်​ကြပ် နေ​ကြ​၏။ သ​မီး​တော်​သည်​ကိုင်း​တော​ထဲ​၌ ခြင်း​တောင်း​ကို​မြင်​လျှင်၊ ကျွန်​မ​တစ်​ယောက် ကို​လွှတ်​၍​ထို​ခြင်း​တောင်း​ကို​ယူ​ခဲ့​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​သည် ရေ​ချိုး​ခြင်း​ငှာ​ဆင်း​လာ၍၊ ကျွန်​မ​တို့​နှင့် မြစ်​ကမ်း​နား၌​လှည့်​လည်​စဉ်၊ ကိုင်း​တော၌​ပု​ခက်​ကို​မြင်၍ ဆောင်​ယူ​စေ​ခြင်း​ငှာ ကျွန်​မ တစ်​ယောက်​ကို​စေ​လွှတ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထိုစဉ် ဖာရော​မင်းကြီး​၏​သမီး​တော်​သည် ရေချိုး​ရန် နိုင်း​မြစ်​ထဲသို့​ဆင်းလာ​၏​။ သူ​၏​အပျိုတော်​များ​ကား မြစ်​ကမ်းနား​၌ လမ်းလျှောက်​နေ​ကြ​၏​။ ထိုအခါ သူ​သည် ကျူတော​ထဲမှ ဖာတောင်း​ကို​တွေ့​လျှင် ကျွန်မ​တစ်​ယောက်​ကို လွှတ်​၍​ယူ​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 2:5
12 ပူးပေါင်းရင်းမြစ်များ  

နံ နက် တစ် ကြိမ်၊ ညဉ့် တစ် ကြိမ်၊ ကျီး အ တို့ ပေး လာ သော မုန့် နှင့် ဟင်း လျာ ကို စား ၍ ချောင်း ရေ ကို သောက် ရ လေ ၏။


ထာ ဝ ရ ဘု ရား က၊ ဆင်း ရဲ သား တို့ ကို လု ယက် ခြင်း၊ နွမ်း ပါး သူ တို့ ညည်း တွား ခြင်း အ တွက်၊ ယ ခု ငါ ထ၍၊ တောင့် တ ကြ သော လုံ ခြုံ ရာ ၌ ကွယ် ကာ မည် ဟု မိန့် တော် မူ ၏။


ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။


ကိုယ် တော် သည်၊ လူ တို့ ဒေါ သ ဖြင့် ဂုဏ် တော် ကို ချီး မွမ်း ရာ၊ ကျန် ဒေါ သ ဖြင့် ခါး စည်း ရာ အ ကြောင်း၊ မု ချ ဖြစ် စေ တော် မူ လိမ့် မည်။


ဒု က္ခ ရောက် သော ကာ လ တွင် လည်း၊ နှိပ် စက် ခံ ရ သူ တို့ အ ဖို့၊ ထာ ဝ ရ ဘု ရား သည် ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ လိမ့် မည်။


ကြုတ် ကို ဖွင့် သော အ ခါ ငို လျက် နေ သော ထို သူ ငယ် ကို မြင် သ ဖြင့် သ နား၍ ဤ သူ ငယ် ကား ဟေ ဗြဲ အ မျိုး ဖြစ် လေ စွ ဟု ဆို သော်၊


နံ နက် အ ချိန် ရေ ဆိပ် သို့ ထွက် သွား မည့် ထို ဖာ ရော မင်း နှင့် တွေ့ ရန် မြွေ ဖြစ် ခဲ့ သော တောင် ဝေး ကို ကိုင် စွဲ လျက် မြစ် ကမ်း ခြေ တွင် ရပ် တန့် စောင့် ကြို လော့။


တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ သင် သည် နံ နက် အ ချိန် ထ၍ ရေ ဆိပ် သို့ ထွက် သွား သော ဖာ ရော မင်း ရှေ့ တွင် ရပ် တန့် လျက် ထာ ဝ ရ ဘု ရား က၊ ငါ့ လူ မျိုး ကို ငါ့ အား ဝတ် ပြု ရန် လွှတ် စေ။


ဘု ရင် မင်း ၏ စိတ် နှ လုံး သည်၊ ရေ မြောင်း များ ကဲ့ သို့ ထာ ဝ ရ ဘု ရား ၏ လက် တော် ၌ ရှိ ၍၊ အ လို တော် အ တိုင်း သွယ် စေ တော် မူ ၏။


ယော န ကို မျို စေ ခြင်း ငှာ ငါး ကြီး ကို ထာ ဝ ရ ဘု ရား စီ မံ တော် မူ သည် နှင့် အ ညီ၊ ယော န သည် ငါး၏ ဝမ်း ထဲ မှာ၊ သုံး နေ့ နှင့် သုံး ညဉ့် နေ ရ လေ ၏။


ထို အ ခါ ငါး သည်၊ ထာ ဝ ရ ဘု ရား အ မိန့် ပေး တော် မူ သည့် အ တိုင်း၊ ယော န ကို ကုန်း ပေါ် သို့ အန် ထုတ် ရ လေ ၏။


ဖာ ရော မင်း၏ သ မီး တော် ယူ၍ သား အ ဖြစ် မွေး မြူ သ ဖြင့်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ