မောရှေက “အဘယ်ကြောင့် ချုံပုတ်ကျွမ်းသွားခြင်းမရှိသနည်း။ ဤထူးဆန်းသောအရာကို ငါသွားကြည့်မည်”ဟု ဆို၏။
ထွက်မြောက် 19:21 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက မောရှေအား “သင်သည် ဆင်းသွား၍ လူတို့ကိုသတိပေးလော့။ သို့မဟုတ်လျှင် သူတို့သည် ထာဝရဘုရားကို ဖူးမြင်ရန် စည်းကိုကျော်ဝင်ကြသဖြင့် များစွာသောသူတို့သည် သေကျေပျက်စီးကြလိမ့်မည်။ Common Language Bible ထာဝရဘုရားကမောရှေအား``သင်သည် တောင်အောက်သို့ဆင်း၍၊ လူတို့ငါ့ကိုဖူး မြင်ရန်သတ်မှတ်ထားသောစည်းကိုကျော် ဖြတ်၍မလာရန်သတိပေးလော့။ ဖြတ် ကျော်လျှင်လူအများသေကြလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား က၊ လူ မျိုး သည် ဖူး မြင် လို သ ဖြင့် ငါ ထာ ဝ ရ ဘု ရား ထံ ကျော် ဝင် မိ သည့် အ တွက် အ များ တို့ မ ပျက် စီး ကြ စေ ရန် ဆင်း၍ သ တိ ပေး လော့။ Judson Bible ထာဝရဘုရားကလည်း၊ လူတို့သည်ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည်သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍သတိပေးလော့။ |
မောရှေက “အဘယ်ကြောင့် ချုံပုတ်ကျွမ်းသွားခြင်းမရှိသနည်း။ ဤထူးဆန်းသောအရာကို ငါသွားကြည့်မည်”ဟု ဆို၏။
ဘုရားသခင်က “ဤနေရာသို့မချဉ်းကပ်နှင့်။ သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက “ငါ့ကိုမြင်သောသူသည် အသက်မရှင်ရ။ သို့ဖြစ်၍ သင်သည် ငါ့မျက်နှာကို မမြင်နိုင်”ဟု မိန့်တော်မူ၏။
ဘုရားသခင်၏အိမ်တော်သို့သွားသောအခါ သင်၏ခြေလှမ်းကိုစောင့်ထိန်းလော့။ နားထောင်ရန်ချဉ်းကပ်ခြင်းသည် မိုက်မဲသောသူတို့နှင့်ဆိုင်သောယဇ်ကိုပူဇော်ခြင်းထက် ပို၍ကောင်း၏။ အကြောင်းမူကား သူတို့သည် မိမိတို့မကောင်းမှုပြုနေသည်ကို မသိကြချေ။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။
သူတို့သည် အထူးသန့်ရှင်းသောအရာတို့အနီးသို့ချဉ်းကပ်သောအခါ မသေဘဲ အသက်ရှင်ကြရမည့်အကြောင်း အာရုန်နှင့်သူ၏သားတို့သည် ထိုသူတို့အသီးသီး လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်တို့ကို လာ၍ချမှတ်ပေးရမည်။
သူတို့သည် သန့်ရှင်းသောအရာတို့ကို တစ်ခဏမျှ ဝင်မကြည့်ရ။ ကြည့်မိလျှင် သေကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအချိန်၌ သင်တို့သည် မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့ကြသောကြောင့် ငါသည် ထာဝရဘုရားနှင့်သင်တို့ကြား၌ ရပ်လျက် ထာဝရဘုရား၏စကားတော်ကို သင်တို့အား ပြန်ပြောပြခဲ့၏။ မိန့်တော်မူသောစကားမှာ
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏သေတ္တာတော်ထဲသို့ ကြည့်မိသောကြောင့် ကိုယ်တော်သည် မြို့သားအချို့တို့ကို ဒဏ်ခတ်တော်မူ၏။ လူငါးသောင်းခုနစ်ဆယ် ဒဏ်ခတ်ခံရလေ၏။ ထာဝရဘုရားသည် လူတို့ကို အမြောက်အမြားဒဏ်ခတ်တော်မူသောကြောင့် လူတို့ ငိုကြွေးမြည်တမ်းကြရလေ၏။