Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 4:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သူ​တို့​သည် သန့်ရှင်းသောအရာ​တို့​ကို တစ်ခဏ​မျှ ဝင်​မ​ကြည့်​ရ​။ ကြည့်​မိ​လျှင် သေ​ကြ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​တဲတော်​ထဲ သို့​ဝင်​၍​သန့်​ရှင်း​သော​ပစ္စည်း​များ​ကို​ခေတ္တ မျှ​ကြည့်​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို သူ တို့ မှာ မူ သေ ကြ မည့် စိုး၍ သန့် ရှင်း ရာ များ ကို ကြည့် ရုံ မျှ မ ဝင် မ ကြည့် ကြ ရ ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 သို့​ရာ​တွင် သန့်​ရှင်း​သော​အ​ရာ​တို့​ကို​ဖုံး​အုပ်​စဉ်​အ​ခါ ကော​ဟတ်​သား​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း၊ အ​ထဲ​သို့​ဝင်၍​မ​ကြည့်​ရ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 4:20
11 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က မောရှေ​အား “​သင်​သည် ဆင်းသွား​၍ လူ​တို့​ကို​သတိပေး​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် ထာဝရဘုရား​ကို ဖူးမြင်​ရန် စည်း​ကို​ကျော်ဝင်​ကြ​သဖြင့် များစွာ​သော​သူ​တို့​သည် သေကျေပျက်စီး​ကြ​လိမ့်မည်​။


ထို့ကြောင့် ထာဝရဘုရား​ထံ​တော်​မှ မီး​ထွက်လာ​၍ သူ​တို့​ကို​လောင်ကျွမ်း​သဖြင့် သူ​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ သေ​ကြ​လေ​၏​။


သူ​မ​သေ​ရ​မည့်​အကြောင်း သက်သေခံချက်​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်​ကို နံ့သာပေါင်း​၏​မီးခိုးငွေ့​ဖြင့် ဖုံးလွှမ်း​စေရန် နံ့သာပေါင်း​ကို ထာဝရဘုရား​ရှေ့​တော်​ရှိ မီး​ပေါ်၌ တင်ထား​ရ​မည်​။


ရွှေ့ပြောင်း​သောအခါ လေဝိ​အမျိုး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ဖြုတ်သိမ်း​ရ​မည်​။ စခန်းချ​သောအခါ လေဝိ​အမျိုး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို စိုက်ထူ​ရ​မည်​။ မဆိုင်​သော​သူ​ချဉ်းကပ်​လျှင် အသတ်​ခံရ​မည်​။


သူ​တို့​သည် သင်​နှင့်ဆိုင်သော​အလုပ်​၊ တဲ​တော်​တစ်ခုလုံး​နှင့်ဆိုင်သော​အလုပ်​တို့​ကို ဆောင်ရွက်​ရ​မည်​။ သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​များ​နှင့်​ယဇ်ပလ္လင် အနီး​သို့​မ​လာ​ရ​။ လာမိလျှင် သင်​နှင့်အတူ သူ​တို့​ပါ သေ​ကြ​ရ​မည်​။


တပ်စခန်း​ရွှေ့ပြောင်း​ချိန်​ရောက်​၍ အာရုန်​နှင့် သူ​၏​သား​တို့​သည် သန့်ရှင်းရာဌာန​နှင့် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ဖုံးအုပ်​ပြီး​နောက်တွင် ကောဟတ်​သားမြေး​တို့​သည် ၎င်း​တို့​ကို လာ​၍​သယ်ဆောင်​ရ​မည်​။ သူ​တို့​သည် သန့်ရှင်းသောအရာ​ကို မ​ထိ​ရ​။ ထိမိ​လျှင် သေ​ကြ​ရ​လိမ့်မည်​။ ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ကောဟတ်​သားမြေး​တို့ ဆောင်ရွက်​ရ​သော​အမှု​ဖြစ်​၏​။


သူ​တို့​သည် အထူး​သန့်ရှင်းသောအရာ​တို့​အနီး​သို့​ချဉ်းကပ်​သောအခါ မ​သေ​ဘဲ အသက်ရှင်​ကြ​ရ​မည့်​အကြောင်း အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​သူ​တို့​အသီးသီး လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​တို့​ကို လာ​၍​ချမှတ်​ပေး​ရ​မည်​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား


ထို့နောက် ကောင်းကင်​၌​ရှိ​သော ဘုရားသခင်​၏​ဗိမာန်​တော်​သည်​ပွင့်​၍ ထို​ဗိမာန်​တော်​ထဲတွင် ကိုယ်တော်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို တွေ့မြင်​ရ​၏။ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း၊ ငလျင်​လှုပ်​ခြင်း​နှင့် ကြီးမား​သော​မိုးသီး​ကျ​ခြင်း​တို့​လည်း ဖြစ်ပေါ်​လေ​၏။


ဗက်ရှေမက်​မြို့သား​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ထဲသို့ ကြည့်​မိ​သောကြောင့် ကိုယ်တော်​သည် မြို့သား​အချို့​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။ လူ​ငါးသောင်း​ခုနစ်ဆယ် ဒဏ်ခတ်​ခံရ​လေ​၏​။ ထာဝရဘုရား​သည် လူ​တို့​ကို အမြောက်အမြား​ဒဏ်ခတ်​တော်မူ​သောကြောင့် လူ​တို့ ငိုကြွေးမြည်တမ်း​ကြ​ရ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ