ထာဝရဘုရားသည် အာဗြဟံနှင့်စကားပြောတော်မူပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံသည်လည်း မိမိနေရပ်သို့ပြန်သွားလေ၏။
ထွက်မြောက် 18:23 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ဤသို့ပြုမည်၊ ဘုရားသခင်သည်လည်း ဤသို့ ခွင့်ပြုမည်ဆိုလျှင် သင်သက်သာလိမ့်မည်။ ဤလူအပေါင်းတို့သည်လည်း မိမိတို့နေအိမ်သို့ ငြိမ်းချမ်းစွာပြန်သွားရလိမ့်မည်”ဟု ဆိုလေ၏။ Common Language Bible ထာဝရဘုရားမိန့်တော်မူသည်နှင့်အညီ ဤနည်းအတိုင်းဆောင်ရွက်လျှင် သင်သည်ပင် ပန်းနွမ်းရိလိမ့်မည်မဟုတ်။ ဤလူအပေါင်း တို့သည်လည်းအမှုအခင်းများပြီးပြတ် လျက် မိမိတို့နေအိမ်သို့ပြန်နိုင်ကြလိမ့် မည်'' ဟုအကြံပေးသည်။ Garrad Bible ဘု ရား သ ခင် ခွင့် ပြု၍ ထို အ တိုင်း စီ မံ လျှင် သင် သည် တည် တံ့ နိုင် လိမ့် မည်။ ဤ လူ အ ပေါင်း တို့ လည်း စိတ် ဧ လျက် ကိုယ့် နေ ရာ သို့ သွား ရ ကြ လိမ့် မည် ဟု ပြော ဆို ၏။ Judson Bible ထိုသို့ ဘုရားသခင်အခွင့်နှင့်ပြုလျှင် သင်သည်ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာပြည်သို့ ငြိမ်ဝပ်စွာသွားကြလိမ့်မည်ဟု ပြောဆို၏။ |
ထာဝရဘုရားသည် အာဗြဟံနှင့်စကားပြောတော်မူပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံသည်လည်း မိမိနေရပ်သို့ပြန်သွားလေ၏။
ရာခေလသည် ယောသပ်ကိုမွေးဖွားပြီးနောက် ယာကုပ်က လာဗန်အား “အကျွန်ုပ်၏နေရပ်၊ အကျွန်ုပ်၏ပြည်သို့ပြန်သွားနိုင်ရန် အကျွန်ုပ်ကိုပြန်ခွင့်ပြုပါ။
သို့သော် သူတို့က “အရှင်မင်းကြီး ချီတော်မမူပါနှင့်။ စင်စစ် အကျွန်ုပ်တို့ ထွက်ပြေးသွားလျှင်လည်း သူတို့ အရေးထားမည်မဟုတ်ပါ။ အကျွန်ုပ်တို့ တစ်ဝက်မျှ သေသွားလျှင်လည်း သူတို့ အရေးထားမည်မဟုတ်ပါ။ အရှင်မင်းကြီးတစ်ပါးတည်းသည် အကျွန်ုပ်တို့ လူတစ်သောင်းနှင့် ညီမျှပါ၏။ အရှင်မင်းကြီး မြို့ထဲ၌နေရစ်ပြီး အကျွန်ုပ်တို့ကို ကူညီခြင်းက ပိုကောင်းပါလိမ့်မည်”ဟု လျှောက်တင်ကြ၏။
ထို့နောက် လူအားလုံး ဂျော်ဒန်မြစ်ကို ဖြတ်ကူးကြ၏။ ရှင်ဘုရင်သည် ဗာဇိလဲကို နမ်း၍ကောင်းချီးပေးပြီးမှ ကူးသွား၏။ ဗာဇိလဲသည်လည်း မိမိနေရပ်သို့ ပြန်သွားလေ၏။
ထိုအခါ ဇေရုယာ၏သား အဘိရှဲသည် ဒါဝိဒ်မင်းကြီးကိုလာကူပြီး ထိုဖိလိတ္တိသူရဲကို တိုက်ခိုက်သတ်ဖြတ်လိုက်လေ၏။ ထို့နောက် ဒါဝိဒ်မင်းကြီး၏စစ်သည်တို့က သူ့အား “အစ္စရေးလူမျိုး၏ဆီမီး ငြိမ်းမသွားစေရန် နောက်နောင် အကျွန်ုပ်တို့နှင့်အတူ စစ်ပွဲရှိရာသို့ မလိုက်ပါနှင့်တော့”ဟု ဆိုလျက် ဒါဝိဒ်မင်းကြီးအား ကျိန်ဆိုစေ၏။
ငါထာဝရဘုရားသည် သင်တို့အား ဥပုသ်နေ့ကို သတ်မှတ်ပေးတော်မူပြီ။ ထို့ကြောင့် ဆဋ္ဌမနေ့၌ သင်တို့အား မုန့်ကို နှစ်ရက်စာပေးတော်မူ၏။ လူတိုင်းမိမိနေရာ၌နေကြလော့။ သတ္တမနေ့၌ မည်သူမျှ မိမိနေရာမှမထွက်သွားကြနှင့်”ဟု မိန့်တော်မူ၏။
သင်နှင့်တကွ ဤလူတို့သည် အမှန်တကယ်ပင်ပန်းကြလိမ့်မည်။ သင့်အတွက် ဤအမှုသည် ကြီးလေးသောကြောင့် သင်တစ်ယောက်တည်း မဆောင်ရွက်နိုင်။
သူတို့သည် လူတို့ကို အချိန်မရွေး စီရင်ပေးကြစေ။ ကြီးသောအမှုရှိသမျှကို သင့်ထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင်စီရင်ပေးကြစေ။ ဤသို့ သူတို့သည် သင့်ဝန်ကို ကူထမ်းပေးသဖြင့် သင့်အတွက် ဝန်ပေါ့လိမ့်မည်။
ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။
ဤသည်ကား ဗျာဒိတ်တော်အရသွားခြင်းဖြစ်၏။ ထိုအခါ ငါသည် လူမျိုးခြားတို့ထဲ၌ ငါဟောပြောသည့် ကောင်းမြတ်သောသတင်းကို သူတို့အားတင်ပြပြီး အထင်ကရဖြစ်သောသူတို့ကိုမူကား သီးသန့်တင်ပြခဲ့၏။ ထိုသို့တင်ပြခဲ့ခြင်းမှာ ငါကြိုးစားအားထုတ်နေသောအရာဖြစ်စေ၊ ကြိုးစားအားထုတ်ခဲ့သောအရာဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးမဖြစ်စေရန်ဖြစ်၏။
ထာဝရဘုရားကလည်း ရှမွေလအား “သူတို့စကားကို နားထောင်ပြီး သူတို့အတွက် ရှင်ဘုရင်တင်မြှောက်ပေးလော့”ဟု မိန့်တော်မူသဖြင့် ရှမွေလက အစ္စရေးအမျိုးသားတို့အား “ကိုယ့်မြို့သို့ အသီးသီးပြန်သွားကြလော့”ဟု ဆိုလေ၏။