Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 18:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သူ​တို့​သည် လူ​တို့​ကို အချိန်မရွေး စီရင်​ပေး​ကြ​စေ​။ ကြီး​သော​အမှု​ရှိသမျှ​ကို သင့်​ထံသို့​တင်သွင်း​၍ သေးငယ်​သော​အမှု​ရှိသမျှ​ကို သူ​တို့​ကိုယ်တိုင်​စီရင်​ပေး​ကြ​စေ​။ ဤသို့ သူ​တို့​သည် သင့်​ဝန်​ကို ကူထမ်း​ပေး​သဖြင့် သင့်​အတွက် ဝန်ပေါ့​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 သူ​တို့​ကို​အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ အ​ဖြစ် လူ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​စီ​ရင် စေ​ရ​မည်။ သူ​တို့​သည်​ခက်​ခဲ​သော​အ​မှု​များ ကို​သင့်​ထံ​သို့​တင်​ပြ​၍ သေး​ငယ်​သော​အ​မှု များ​ကို​သူ​တို့​ကိုယ်​တိုင်​စီ​ရင်​ဆုံး​ဖြတ်​စေ ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည် သင်​၏ တာ​ဝန်​ကို​ခွဲ​ဝေ​ထမ်း​ဆောင်​ကြ​သော ကြောင့်​သင့်​အ​တွက်​သက်​သာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ထို သူ တို့ သည် မည် သည့် အ ချိန် အ ခါ မ ဆို လူ မျိုး ကို တ ရား စီ ရင် ကြ စေ။ အ မှု ကြီး ရှိ သ မျှ ကို သင့် ထံ သွင်း စေ၍ အ မှု ငယ် များ ကို ကား ကိုယ် တိုင် စီ ရင် ကြ စေ။ ထို သို့ သူ တို့ ကူ ညီ ဆောင် ရွက် ကြ သ ဖြင့် သင် သက် သာ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထို​သူ​တို့​သည်​ခပ်​သိမ်း​သော​အ​ချိန်​၌ လူ​များ​တို့​ကို တ​ရား​စီ​ရင်​ကြ​စေ။ ကြီး​သော​အ​မှု၌ သင်၏​အ​ယူ​ကို​ခံ​ကြ​စေ။ ငယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​စေ။ သို့​ဖြစ်​လျှင် သူ​တို့​သည်​ဝိုင်း​ညီ၍ အ​မှု​ထမ်း​သ​ဖြင့် သင်​သည်​သက်​သာ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 18:22
12 ပူးပေါင်းရင်းမြစ်များ  

သင်​ဧဇရ​သည်​လည်း သင်​ခံယူ​ရရှိ​သော​ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​နှင့်အညီ ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ရှိ ဘုရားသခင်​၏​ပညတ်တရား​ကို သိနားလည်​သူ​အပေါင်း​တို့​အား စီရင်အုပ်ချုပ်​ရန် အုပ်ချုပ်​သူ​များ​နှင့် တရားသူကြီး​များ​ကို​ခန့်အပ်​ရ​မည်​။ ပညတ်တရား​မ​သိ​သော​သူ​တို့​ကို​လည်း သွန်သင်​ပေး​ရ​မည်​။


သင်​နှင့်တကွ ဤ​လူ​တို့​သည် အမှန်တကယ်​ပင်ပန်း​ကြ​လိမ့်မည်​။ သင့်​အတွက် ဤ​အမှု​သည် ကြီးလေး​သောကြောင့် သင်​တစ်ယောက်တည်း မ​ဆောင်ရွက်​နိုင်​။


သင်​သည် ဤသို့​ပြု​မည်​၊ ဘုရားသခင်​သည်​လည်း ဤသို့ ခွင့်ပြု​မည်​ဆိုလျှင် သင်​သက်သာ​လိမ့်မည်​။ ဤ​လူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​နေအိမ်​သို့ ငြိမ်းချမ်း​စွာ​ပြန်သွား​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ထို​သူ​တို့​သည်​လည်း လူ​တို့​အား အချိန်မရွေး စီရင်​ပေး​ကြ​၏​။ ခက်ခဲ​သော​အမှု​ကို မောရှေ​ထံသို့​တင်သွင်း​၍ သေးငယ်​သော​အမှု​ရှိသမျှ​ကို သူ​တို့​ကိုယ်တိုင် စီရင်​ကြ​၏​။


ထို​အစ္စရေး​အမျိုးသမီး​၏​သား​သည် နာမ​တော်​ကို​စော်ကားပြောဆို​လျက် ကျိန်ဆဲ​သောကြောင့် သူ့​ကို မောရှေ​ထံသို့​ခေါ်လာ​ကြ​၏​။ သူ့​မိခင်​၏​အမည်​မှာ ရှေလောမိတ်​ဖြစ်ပြီး ဒန်​အမျိုးအနွယ်​မှ ဒိဗရိ​၏​သမီး​ဖြစ်​၏​။


ငါ​ဆင်းလာ​၍ ထို​နေရာ​၌ သင်​နှင့်​စကားပြော​မည်​။ ငါ​သည် သင်​၌​ရှိ​သည့်​ဝိညာဉ်​တော်​ကို​နုတ်ယူ​၍ ထို​သူ​တို့​ထဲသို့ သွင်းပေး​မည်​။ သူ​တို့​သည် သင်​နှင့်အတူ ထို​လူမျိုး​၏​ဝန်​ကို ထမ်း​ကြ​ရ​လိမ့်မည်​။ သို့ဖြစ်၍ သင်​တစ်ယောက်တည်း ထမ်း​ရ​တော့​မည်​မ​ဟုတ်​။


ထို​ထင်းခွေ​နေ​သော​သူ​ကို​တွေ့​သော​သူ​တို့​သည် သူ့​ကို မောရှေ​၊ အာရုန်​နှင့် လူထု​အပေါင်း​တို့​ထံ ခေါ်ဆောင်​လာ​ခဲ့​ကြ​၏​။


တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​ရှိ မောရှေ​၊ ယဇ်ပုရောဟိတ်​ဧလာဇာ​၊ ခေါင်းဆောင်​နှင့်​လူထု​အပေါင်း​တို့​ရှေ့​တွင် ရပ်​လျက်


ယောသပ်​သားမြေး​တို့​၏​မျိုးနွယ်စု​ဖြစ်​သော မနာရှေ​၏​သား​မာခိရ​၊ မာခိရ​၏​သား​ဂိလဒ်​နှင့် ဂိလဒ်​သား​တို့​၏​မျိုးနွယ်စု​ထဲမှ အိမ်ထောင်စု​အကြီးအမှူး​တို့​သည် မောရှေ​နှင့် အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​ခေါင်းဆောင်​တို့​ထံသို့ လာ​၍


ဤ​အကြောင်း​ကြောင့် အခွန်​များ​ကို​လည်း သင်​တို့​ပေးဆောင်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​အမှု​ကို​ထမ်းဆောင်​သူ​များ​ဖြစ်​ကြ​ပြီး ထို​အမှု​ကို အစဉ်တစိုက်​ဆောင်ရွက်​နေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ