လက်ယာလက်တော်၌ခိုလှုံသောသူတို့ကို သူတို့တစ်ဖက်၌ထကြွသောသူများလက်မှ ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာများကို အံ့ဩဖွယ်ပြသတော်မူပါ။
ထွက်မြောက် 15:6 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် တန်ခိုးတော်ဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် ရန်သူကို ချိုးဖဲ့ခြေမွှတော်မူ၏။ Common Language Bible ``အို ထာဝရဘုရား၊ လက်ယာလက်တော်၏အစွမ်းတန်ခိုးတော် သည် အံ့သြကြောက်မက်ဖွယ်ဖြစ်ပါ၏။ လက်ရုံးတော်ဖြင့်ရန်သူကိုချေမှုန်းတော်မူ ပါ၏။ Garrad Bible တန် ခိုး ကြောင့် ဘုန်း ကြီး တော် မူ သော အို ထာ ဝ ရ ဘု ရား၊ ညာ လက် တော် သည် ရန် သူ တို့ ကို ချိုး ဖဲ့ ဖျက် ဆီး တော် မူ ၏။ Judson Bible အိုထာဝရဘုရား၊ လက်ယာလက်တော်သည် တန်ခိုးအားဖြင့်ဘုန်းကြီးတော်မူ၏။ အိုထာဝရဘုရား၊ လက်ယာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။ |
လက်ယာလက်တော်၌ခိုလှုံသောသူတို့ကို သူတို့တစ်ဖက်၌ထကြွသောသူများလက်မှ ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာများကို အံ့ဩဖွယ်ပြသတော်မူပါ။
သင်သည် သံလှံတံဖြင့် သူတို့ကိုကျိုးပဲ့စေ၍ သူတို့ကို မြေအိုးကဲ့သို့ ရိုက်ခွဲလိမ့်မည်”ဟု ငါ့အား မိန့်တော်မူ၏။
ဘုန်းကြီးသောဘုရင်ကား မည်သူနည်း။ အင်အားကြီးမား၍ တန်ခိုးကြီးသောထာဝရဘုရား၊ စစ်မက်၌တန်ခိုးကြီးသောထာဝရဘုရားဖြစ်တော်မူ၏။
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်၏အောင်ပွဲကိုစီမံတော်မူပါ။
ကိုယ်တော်ချစ်တော်မူသောသူတို့သည် လွတ်မြောက်ခြင်းသို့ရောက်မည့်အကြောင်း ကိုယ်တော်၏လက်ယာလက်တော်ဖြင့်ကယ်တင်ပြီး အကျွန်ုပ်တို့ကို ထူးတော်မူပါ။
ကိုယ်တော်၏လက်တော်၊ ကိုယ်တော်၏လက်ယာလက်တော်ကိုပင် အဘယ်ကြောင့်ရုပ်သိမ်းတော်မူသနည်း။ လက်တော်ကို လျှိုထားရာမှထုတ်၍ သူတို့ကို အပြီးသတ်သုတ်သင်တော်မူပါ။
ထိုအခါ “အမြင့်ဆုံးသောအရှင်၏လက်ယာလက်တော်သည် ပြောင်းလဲသွားသဖြင့် ငါအားနည်းရချေပြီ”ဟု ငါဆို၏။
ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်ပါ၏။ မေတ္တာကရုဏာနှင့်သမ္မာတရားသည် ကိုယ်တော်၏ရှေ့တော်မှသွားကြပါ၏။
ထာဝရဘုရားထံသို့ သီချင်းအသစ်ကို သီကျူးကြလော့။ အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူပြီ။ ကိုယ်တော်၏လက်ယာလက်တော်နှင့် ကိုယ်တော်၏သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော့်အဖို့ ကယ်တင်ခြင်းအမှုကို ပြုတော်မူပြီ။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
ကိုယ်တော်၏လက်ယာလက်တော်ကိုဆန့်တော်မူသဖြင့် မြေကြီးသည် သူတို့ကိုမျိုလေ၏။
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
ထို့နောက် မောရှေက ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အတွက် ဖာရောမင်းကြီးနှင့်အီဂျစ်လူမျိုးတို့အပေါ် ပြုတော်မူခဲ့သမျှကိုလည်းကောင်း၊ လမ်းခရီး၌ သူတို့ကြုံတွေ့ရသောအခက်အခဲအလုံးစုံတို့ကိုလည်းကောင်း၊ သူတို့အား ထာဝရဘုရားကယ်နုတ်တော်မူခဲ့ကြောင်းကိုလည်းကောင်း မိမိယောက္ခမအား ပြောပြလေ၏။
ထို့ကြောင့် ငါ၏လက်ကိုဆန့်၍ အီဂျစ်ပြည်ထဲ၌ ငါပြုမည့် အံ့ဖွယ်သောအမှုအမျိုးမျိုးတို့ဖြင့် ထိုပြည်ကိုဒဏ်ခတ်မည်။ ထို့နောက်မှ သူသည် သင်တို့ကိုလွှတ်လိမ့်မည်။
ထာဝရဘုရားက မောရှေအား “ယခု ငါသည် ဖာရောမင်းကြီးအား မည်သို့ပြုမည်ကို သင်တွေ့မြင်ရမည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို လွှတ်လိမ့်မည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို သူ၏တိုင်းပြည်မှ နှင်ထုတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
အိုးထိန်းသည်သည် အိုးကိုမနှမြောဘဲ ခွဲလိုက်သဖြင့် အကျိုးအပဲ့များကြားတွင် မီးဖိုထဲမှမီးကိုကော်ယူ၍ရလောက်သော၊ ရေတိုင်ကီထဲမှရေကိုခပ်ယူ၍ရလောက်သော အိုးခြမ်းပဲ့တစ်ခုမျှမတွေ့ရသည်အထိ ကွဲကြေသွားသောအိုးကဲ့သို့ ကျိုးပဲ့သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။
ထာဝရဘုရားသည် လူမျိုးတကာတို့၏မျက်မှောက်၌ မိမိ၏သန့်ရှင်းသောလက်ရုံးတော်ကိုပြတော်မူသဖြင့် မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်။
ဘုန်းကြီးသောလက်ရုံးတော်ကို မောရှေ၏လက်ယာလက်နှင့်အတူ ရှိစေသောသူ၊ နာမတော်အစဉ်ထင်ရှားစေရန် သူတို့ရှေ့တွင် ရေကိုခွဲသောသူ၊
သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
သူသည် မြေအိုးများကိုကြေမွစေသကဲ့သို့ သံလှံတံဖြင့် သူတို့ကိုအုပ်ထိန်းလိမ့်မည်။ဤသည်ကား ငါကိုယ်တိုင် ငါ့ခမည်းတော်ထံမှရရှိသောအုပ်စိုးခွင့်နှင့်တူ၏။
ထာဝရဘုရားကို ဆန့်ကျင်ဖက်ပြိုင်သောသူတို့သည် ကျိုးပဲ့ကြေမွရလိမ့်မည်။ ကိုယ်တော်သည် သူတို့အပေါ် ကောင်းကင်မှမိုးကြိုး ကျစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် စစ်ကြောစီရင်တော်မူမည်။ မိမိရှင်ဘုရင်အား အစွမ်းသတ္တိကိုပေးတော်မူမည်။ မိမိဘိသိက်ပေးထားသောသူ၏ဦးချိုကို ချီးမြှောက်တော်မူလိမ့်မည်”ဟု ချီးမွမ်းဆုတောင်းလေ၏။