ထိုပညတ်ချက်ကို ကြားကြသောအခါ အစ္စရေးလူမျိုးတို့ထဲရှိ အမျိုးမစစ်သောသူအားလုံးကို ဖယ်ထုတ်ကြ၏။
ထွက်မြောက် 12:38 - မြန်မာ့စံမီသမ္မာကျမ်း အခြားလူမျိုးများစွာတို့နှင့် သိုးဆိတ်များ၊ နွားများ စသည့် အလွန်များသောတိရစ္ဆာန်တို့သည်လည်း သူတို့နှင့်အတူထွက်သွားကြ၏။ Common Language Bible သူတို့နှင့်အတူဣသရေလအမျိုးသား မဟုတ်သောသူမြောက်မြားစွာတို့နှင့် သိုး၊ ဆိတ်၊ နွားများစွာတို့လည်းလိုက်ပါသွားကြလေ သည်။- Garrad Bible မျိုး ရိုး မ ဟုတ် သော လူ အ များ တို့ လည်း သိုး နွား မှ စ၍ တိ ရ စ္ဆာန် အ များ နှင့် တ ကွ လိုက် ကြ ၏။ Judson Bible အမျိုးမျိုးသောလူအများတို့သည်လည်း၊ သိုးနွားအစရှိသော များစွာသောတိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ၏။ |
ထိုပညတ်ချက်ကို ကြားကြသောအခါ အစ္စရေးလူမျိုးတို့ထဲရှိ အမျိုးမစစ်သောသူအားလုံးကို ဖယ်ထုတ်ကြ၏။
မောရှေက “အကျွန်ုပ်တို့သည် လူကြီးရော လူငယ်ပါ သွားကြပါမည်။ အကျွန်ုပ်တို့၏သားသမီးများနှင့်တကွ အကျွန်ုပ်တို့၏သိုးဆိတ်များ၊ နွားများကိုလည်း ခေါ်ဆောင်သွားပါမည်။ အကြောင်းမူကား ထာဝရဘုရား၏ပွဲတော်ကို ကျင်းပရမည်ဖြစ်၏”ဟု ဆိုလေ၏။
ထိုအရပ်၌ လူတို့သည် ရေငတ်ကြသဖြင့် မောရှေအား “ငါတို့နှင့်တကွ ငါတို့၏သားသမီးများ၊ တိရစ္ဆာန်များကို ရေငတ်၍သေစေရန် ငါတို့ကို အဘယ်ကြောင့် အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သနည်း”ဟု ညည်းညူပြကြ၏။
အစ္စရေးအမျိုးသမီးနှင့် အီဂျစ်အမျိုးသားမှ မွေးဖွားသောသားတစ်ယောက်သည် အစ္စရေးအမျိုးသားတို့ထဲမှထွက်သွား၏။ တစ်နေ့၌ ထိုအစ္စရေးအမျိုးသမီး၏သားသည် တပ်စခန်းထဲ၌ အစ္စရေးအမျိုးသားတစ်ယောက်နှင့်ရန်ဖြစ်၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုကာလ၌ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးခြားဆယ်ဦးသည် ဂျူးလူမျိုးတစ်ဦး၏အဝတ်စွန်းကိုဖမ်းဆွဲလျက် ‘သင်တို့နှင့်အတူ ဘုရားသခင်ရှိသည်ဟု ကြားသိရသောကြောင့် ငါတို့လည်း သင်တို့နှင့်အတူလိုက်မည်’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့နှင့် ရောနှောပါလာသောလူတို့သည် အလိုဆန္ဒပြင်းပြကြ၏။ အစ္စရေးအမျိုးသားတို့လည်း ငိုကြွေးမြည်တမ်းကြပြန်၍ “ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။
အစ္စရေးအမျိုးသားတို့ကလည်း “အကျွန်ုပ်တို့သည် ရှင်ဘုရင်လမ်းမအတိုင်းသာ သွားပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏တိရစ္ဆာန်တို့သည် အရှင်၏ရေကိုသောက်မိလျှင် အဖိုးအခကိုပေးပါမည်။ ခြေဖြင့်ဖြတ်သွားရုံသာဖြတ်သွားပါမည်”ဟု ပြန်လျှောက်၏။
ရုဗင်သားမြေး၊ ဂဒ်သားမြေးတို့၌ တိရစ္ဆာန်မြောက်မြားစွာရှိ၏။ ယာဇာပြည်နှင့်ဂိလဒ်ပြည်ကို တိရစ္ဆာန်တို့အတွက် စားကျက်ကောင်းသောအရပ်ဖြစ်သည်ကို တွေ့မြင်လျှင်
သင်တို့၌ တိရစ္ဆာန်များစွာရှိကြောင်း ငါသိ၏။ ထို့ကြောင့် သင်တို့၏မယားနှင့်ကလေးများ၊ သင်တို့၏တိရစ္ဆာန်များသည် သင်တို့ကို ငါပေးသောမြို့များ၌ နေရစ်ရမည်။
မောရှေမိန့်မှာထားသောစကားတို့ကို မိန်းမ၊ ကလေးနှင့်တကွ အစ္စရေးလူမျိုးနှင့်အတူနေထိုင်သောတိုင်းတစ်ပါးသားတို့အပါအဝင် အစ္စရေးလူထုတစ်ရပ်လုံးရှေ့တွင် မဖတ်ဘဲထားခဲ့သောစကားတစ်ခွန်းမျှမရှိ။