ထွက်မြောက် 10:9 - မြန်မာ့စံမီသမ္မာကျမ်း9 မောရှေက “အကျွန်ုပ်တို့သည် လူကြီးရော လူငယ်ပါ သွားကြပါမည်။ အကျွန်ုပ်တို့၏သားသမီးများနှင့်တကွ အကျွန်ုပ်တို့၏သိုးဆိတ်များ၊ နွားများကိုလည်း ခေါ်ဆောင်သွားပါမည်။ အကြောင်းမူကား ထာဝရဘုရား၏ပွဲတော်ကို ကျင်းပရမည်ဖြစ်၏”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 ထိုအခါမောရှေက``ထာဝရဘုရားအား ပူဇော်ပွဲကိုကျင်းပရမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏လူကြီး၊ ကလေး၊ သားသမီး၊ သိုး နွားမှစ၍အားလုံးကိုခေါ်ဆောင်သွားရ ကြပါမည်'' ဟုလျှောက်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 မော ရှေ က၊ ထာ ဝ ရ ဘု ရား ၏ ပူ ဇော် ပွဲ ကို ကျင်း ပ ရ မည် ဖြစ် ပါ သော ကြောင့် လူ ကြီး လူ ငယ် သား သ မီး တို့ မှ စ၍ သိုး စု၊ နွား စု များ နှင့် တ ကွ သွား ရ ကြ ပါ မည် ဟု လျှောက် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible9 မောရှေက၊ အကျွန်ုပ်တို့သည် သူငယ်၊ သူအို၊ သားသမီး၊ သိုး၊ နွားပါလျက် သွားပါမည်။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ပွဲခံရပါမည်ဟု ပြန်ဆိုလေသော်၊ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့သည် ထာဝရဘုရားအား မည်သည့်အကောင်ဖြင့်ပူဇော်ရမည်ကို ထိုအရပ်သို့မရောက်မီ မသိနိုင်ပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ပူဇော်ရန် ထိုအကောင်တို့ထဲမှ ရွေးယူရမည်ဖြစ်သောကြောင့် အကျွန်ုပ်တို့၏တိရစ္ဆာန်များ တစ်ကောင်မျှမကျန် အကျွန်ုပ်တို့နှင့်အတူပါသွားရမည်”ဟု လျှောက်လေ၏။
ထိုအခါ သူတို့သည် သင်၏စကားကို နားထောင်ကြလိမ့်မည်။ သင်နှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည်လည်း အီဂျစ်ဘုရင်ထံသို့ဝင်၍ သူ့အား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ’ဟု လျှောက်ထားလော့။
ထိုအခါ သူတို့က “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်သည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ။ သို့မဟုတ်လျှင် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကပ်ရောဂါဘေး၊ သို့မဟုတ် ဓားဘေးဖြင့် ဒဏ်ခတ်တော်မူလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။