ကိုယ်တော်သည် မိမိ၏အမျက်တော်ကို လမ်းဖွင့်ပေးလျက် သူတို့၏စိတ်ဝိညာဉ်ကို သေဘေးမှလွတ်ကင်းခွင့်မပေးဘဲ သူတို့၏အသက်ကို ကပ်ရောဂါလက်သို့ အပ်တော်မူ၏။
ထွက်မြောက် 12:30 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်၌ လူမသေသောအိမ်ဟူ၍မရှိသောကြောင့် ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့် အီဂျစ်လူမျိုးအပေါင်းတို့သည် ညအချိန်၌ ထ၍ ပြင်းစွာအော်ဟစ်ငိုကြွေးကြ၏။ Common Language Bible ထိုညတွင်အီဂျစ်ဘုရင်နှင့်မှူးမတ်ပြည်သူ အပေါင်းတို့သည် ထ၍အော်ဟစ်ငိုကြွေးမြည် တမ်းကြလေ၏။ အဘယ်ကြောင့်ဆိုသော်အီဂျစ် တစ်နိုင်ငံလုံးတွင် သားမသေသောအိမ်တစ် အိမ်မျှမရှိသောကြောင့်ဖြစ်သတည်း။- Garrad Bible ထို ညဉ့် တွင် ဖာ ရော မင်း မှ စ သော ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား အ ပေါင်း တို့ သည် ထ၍ အ သေ ကင်း သော အိမ် တစ် အိမ် မျှ မ ရှိ သော ကြောင့် အိ ဂျစ် ပြည်၌ ကြီး စွာ သော ဟစ် ကြွေး သံ ဖြစ် လေ ၏။ Judson Bible ထိုညတွင်၊ ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ အဲဂုတ္တုလူများတို့သည်ထကြ၍၊ အသေကောင်ကင်းသော အိမ်တစ်အိမ်မျှမရှိသောကြောင့်၊ အဲဂုတ္တုပြည်၌ ကြီးစွာသော ငိုကြွေးခြင်းဖြစ်လေ၏။ |
ကိုယ်တော်သည် မိမိ၏အမျက်တော်ကို လမ်းဖွင့်ပေးလျက် သူတို့၏စိတ်ဝိညာဉ်ကို သေဘေးမှလွတ်ကင်းခွင့်မပေးဘဲ သူတို့၏အသက်ကို ကပ်ရောဂါလက်သို့ အပ်တော်မူ၏။
ထိုအခါ ဖာရောမင်းကြီးက “ငါသည် သင်တို့နှင့်တကွ သင်တို့၏ကလေးများကိုလွှတ်ပေးမည်ဆိုလျှင် သင်တို့နှင့်အတူ ထာဝရဘုရားရှိနေ၍သာဖြစ်မည်။ ကြည့်လော့။ သင်တို့၏မကောင်းမှုသည် သင်တို့မျက်နှာတွင် ပေါ်လွင်လျက်နေ၏။
အီဂျစ်ပြည်တစ်ပြည်လုံး၌ ထိုကဲ့သို့မဖြစ်စဖူး၊ နောက်တစ်ဖန်လည်း ထိုကဲ့သို့ဖြစ်မည်မဟုတ်သည့် ပြင်းစွာအော်ဟစ်ငိုကြွေးခြင်းဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
ဆင်းရဲသောသူ၏ငိုကြွေးသံကိုမကြားလို၍ မိမိနားကိုပိတ်ထားသောသူသည် ကိုယ်တိုင်ဟစ်ခေါ်သောအခါ မည်သူမျှ သူ့ကိုထူးလိမ့်မည်မဟုတ်။
စပျစ်ခြံရှိသမျှတို့၌လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား ငါသည် သင်တို့အလယ်၌ ဖြတ်သွားမည်”ဟု မိန့်တော်မူ၏။
ကပ်ရောဂါသည် ကိုယ်တော့်ရှေ့မှသွား၍ ပူလောင်ခြင်းသည် ခြေတော်ရာနောက်မှထက်ကြပ်မကွာလိုက်၏။
ညသန်းခေါင်၌ ‘ကြည့်ရှုလော့။ သတို့သားရောက်လာပြီ။ သူ့ကိုကြိုဆိုရန် ထွက်ခဲ့ကြလော့’ဟူသောအော်ဟစ်သံထွက်ပေါ်လာရာ
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
အသက်မသေဘဲ ကျန်ရစ်သူတို့မှာ ပလိပ်ရောဂါဖြင့် ဒဏ်ခတ်ခံရသောကြောင့် တစ်မြို့လုံး၏အော်ဟစ်သံသည် မိုးကောင်းကင်အထိ ရောက်လေ၏။