Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 12:30 - Common Language Bible

30 ထို​ည​တွင်​အီ​ဂျစ်​ဘု​ရင်​နှင့်​မှူး​မတ်​ပြည်​သူ အ​ပေါင်း​တို့​သည် ထ​၍​အော်​ဟစ်​ငို​ကြွေး​မြည် တမ်း​ကြ​လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အီ​ဂျစ် တစ်​နိုင်​ငံ​လုံး​တွင် သား​မ​သေ​သော​အိမ်​တစ် အိမ်​မျှ​မ​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 ထို ညဉ့် တွင် ဖာ ရော မင်း မှ စ သော ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား အ ပေါင်း တို့ သည် ထ၍ အ သေ ကင်း သော အိမ် တစ် အိမ် မျှ မ ရှိ သော ကြောင့် အိ ဂျစ် ပြည်၌ ကြီး စွာ သော ဟစ် ကြွေး သံ ဖြစ် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ထို​ည​တွင်၊ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ အဲ​ဂု​တ္တု​လူ​များ​တို့​သည်​ထ​ကြ၍၊ အ​သေ​ကောင်​ကင်း​သော အိမ်​တစ်​အိမ်​မျှ​မ​ရှိ​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်၌ ကြီး​စွာ​သော ငို​ကြွေး​ခြင်း​ဖြစ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 အီဂျစ်​ပြည်​၌ လူ​မ​သေ​သော​အိမ်​ဟူ၍​မ​ရှိ​သောကြောင့် ဖာရော​မင်းကြီး​မှစ၍ သူ​၏​အမှုထမ်း​အပေါင်း​တို့​နှင့် အီဂျစ်​လူမျိုး​အပေါင်း​တို့​သည် ညအချိန်​၌ ထ​၍ ပြင်းစွာ​အော်ဟစ်ငိုကြွေး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 12:30
9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ချုပ်​တည်း​တော်​မ​မူ။ ထို​သူ​တို့​၏​အ​သက်​ကို​လည်း​ချမ်း​သာ​ပေး တော်​မ​မူ။ သူ​တို့​အား​ကပ်​ရော​ဂါ​အား​ဖြင့်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​၏။


ဘု​ရင်​က``သင်​တို့​၏​အ​မျိုး​သ​မီး​များ​နှင့် က​လေး​များ​ကို ခေါ်​ဆောင်​သွား​ခွင့်​မ​ပြု​နိုင် ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ဆို​၏။ ပုန်​ကန်​ရန်​ကြံ​စည်​နေ​ကြောင်း​ထင်​ရှား​၏။-


ရှေး​အ​ခါ​၌​လည်း​မ​ကြုံ​စ​ဖူး၊ နောင်​အ​ခါ​၌ လည်း​ကြုံ​ရ​မည်​မ​ဟုတ်​သော​ဟစ်​အော်​မြည်​တမ်း ခြင်း​အ​သံ​ကို အီ​ဂျစ်​တစ်​ပြည်​လုံး​တွင်​ကြား​ရ လိမ့်​မည်။-


ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။


စ​ပျစ်​ခြံ​တိုင်း​မှ​ငို​ကြွေး​သံ​များ​ပေါ် ထွက်​လာ​မည်။ ငါ​သည်​သင်​တို့​ကို​အ​ပြစ် ပေး​ရန်​ကြွ​လာ​ပြီး​ဖြစ်​သော​ကြောင့် ဤ​သို့ ဖြစ်​ရ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။


``သန်း​ခေါင်​ယံ​၌`မင်္ဂ​လာ​ဆောင်​သ​တို့​သား​ရောက် လာ​ပြီ။ သွား​၍​ကြို​ဆို​ကြ​လော့' ဟူ​သော​ကြွေး ကြော်​သံ​ကို​ကြား​ရ​ကြ​၏။-


ဘု​ရား​သ​ခင်​သည်​သ​နား​က​ရု​ဏာ​မ​ရှိ​သူ အား​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သ​နားခြင်း​က​ရု​ဏာ ရှိ​သူ​သည်​တ​ရား​စီ​ရင်​ခြင်း​ကို​ကြောက်​လန့် ရန်​မ​လို​ပေ။


သေ​ဘေး​နှင့်​လွတ်​သော​သူ​များ​ပင်​လျှင် အ​နာ​စိမ်း​များ​ပေါက်​ကြ​သ​ဖြင့် လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​များ​အား​ကူ​မ​ရန်​ဟစ် အော်​လျှောက်​ထား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ