ထို့နောက် ရှင်ဘုရင်က ပြည်သူပြည်သားအပေါင်းတို့အား “ဤပဋိညာဉ်ကျမ်းတွင် ရေးထားသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပကြလော့”ဟု မိန့်ဆို၏။
ထွက်မြောက် 12:11 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ အဘယ်သို့စားရမည်နည်းဟူမူကား သင်တို့၏ခါးကိုစည်းလျက်၊ ခြေ၌ဖိနပ်ကိုစီးလျက်၊ လက်ထဲ၌တောင်ဝှေးကိုကိုင်လျက် အလျင်အမြန်စားရမည်။ ဤသည်ကား ထာဝရဘုရား၏ပသခါပွဲတော်ဖြစ်၏။ Common Language Bible သင်တို့သည်ခါးကိုစည်း၍ဖိနပ်ကိုစီး လျက်လက်ထဲတွင်တောင်ဝှေးကိုကိုင်ပြီးလျှင် ထိုအသားကိုအလျင်အမြန်စားကြရမည်။ ထိုပွဲတော်သည်ထာဝရဘုရား၏ပသခါ ပွဲတော်ဖြစ်၏။ Garrad Bible စား ရ မည့် နည်း ကား၊ ခါး စည်း လျက်၊ ဖိ နပ် စီး လျက်၊ တောင် ဝေး ကိုင် လျက်၊ အ လန့် တ ကြား စား ရ မည်။ ငါ ထာ ဝ ရ ဘု ရား၏ ပ သ ခါ ပွဲ ဖြစ် သ တည်း။ Judson Bible အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ခြေနင်းကိုစီးလျက်၊ တောင်ဝှေးကိုကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။ |
ထို့နောက် ရှင်ဘုရင်က ပြည်သူပြည်သားအပေါင်းတို့အား “ဤပဋိညာဉ်ကျမ်းတွင် ရေးထားသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပကြလော့”ဟု မိန့်ဆို၏။
သွေးသည် သင်တို့နေသောအိမ်များ၌ သင်တို့အတွက် အမှတ်လက္ခဏာဖြစ်လိမ့်မည်။ ငါသည် ထိုသွေးကိုမြင်သောအခါ သင်တို့ကိုကျော်သွားမည်။ အီဂျစ်ပြည်ကို ငါဒဏ်ခတ်သောအခါ ဖျက်ဆီးခြင်းဘေးဒဏ်သည် သင်တို့အပေါ်သို့ သက်ရောက်မည်မဟုတ်။
ထိုအခါ မောရှေသည် အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့ကိုခေါ်၍ “သင်တို့မျိုးနွယ်စုအလိုက် သင်တို့အတွက် သိုးများကို ရွေးယူပြီးလျှင် ပသခါသိုးသငယ်ကိုသတ်ကြလော့။
သင်တို့ကလည်း ‘ဤအစဉ်အလာကား အီဂျစ်လူမျိုးတို့ကိုဒဏ်ခတ်သောအခါ အီဂျစ်ပြည်၌ရှိသော အစ္စရေးအမျိုးသားတို့၏အိမ်များကိုကျော်သွား၍ ငါတို့၏အိမ်သူအိမ်သားများကိုကယ်နုတ်တော်မူသောထာဝရဘုရားအား ယဇ်ပူဇော်သည့်ပသခါပွဲဖြစ်၏’ဟူ၍ ပြန်ပြောရမည်”ဟု ဆင့်ဆိုသောအခါ လူတို့သည် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “ပသခါပွဲဆိုင်ရာပြဋ္ဌာန်းချက်ဟူမူကား မည်သည့်တိုင်းတစ်ပါးသားမျှ ပသခါသိုးကိုမစားရ။
သင်တို့သည် အလျင်စလိုမထွက်သွားရကြ။ ပြေး၍လည်းမသွားရကြ။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ရှေ့၌ကြွတော်မူမည်။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် အနောက်မှလည်း သင်တို့ကို ကာကွယ်တော်မူမည်။
ပထမလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါပွဲတော်ကို ကျင်းပရမည်။ ပွဲတော်ခုနစ်ရက်အတွင်း တဆေးမဲ့မုန့်ကို စားရမည်။
ပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်၌ ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပရမည်။
အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ပထမလ၌ သိနာတောကန္တာရတွင် ထာဝရဘုရားက မောရှေအား
သို့သော် ဖခင်သည် မိမိအစေအပါးတို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြလော့။ လက်၌ လက်စွပ်ကိုစွပ်ပေး၍ ခြေ၌ ဖိနပ်ကိုစီးစေကြလော့။
ယေရှု၏မိဘတို့သည် ပသခါပွဲတော်တွင် နှစ်တိုင်း ဂျေရုဆလင်မြို့သို့သွားလေ့ရှိကြ၏။
ကိုယ်တော်၏နောက်တွင် ခြေတော်ရင်း၌ရပ်လျက် ငိုကြွေးရင်း မိမိ၏မျက်ရည်ဖြင့် ခြေတော်ကိုစိုစေကာ မိမိဦးခေါင်းမှဆံပင်ဖြင့် သုတ်လေ၏။ ထို့နောက် ကိုယ်တော်၏ခြေတို့ကိုနမ်း၍ ဆီမွှေးဖြင့်လိမ်းလေ၏။
သင်တို့သည် တဆေးမဲ့ဖြစ်ကြသည်နှင့်အညီ အသစ်သောမုန့်ညက်ဖြစ်နိုင်ရန် တဆေးဟောင်းကိုဖယ်ရှားကြလော့။ အကြောင်းမူကား ငါတို့၏ပသခါပွဲတော်အတွက် သိုးသငယ်တည်းဟူသောခရစ်တော်သည် အသေသတ်ခြင်းကိုခံခဲ့ရလေပြီ။
ခြေ၌ ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းအတွက် အသင့်ဖြစ်ခြင်းကိုစီး၍ ရပ်တည်ကြလော့။
သင်၏ဘုရားသခင်ထာဝရဘုရားသည် အဗိဗလ၊ ညအချိန်တွင် သင့်ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်ဖြစ်၍ အဗိဗလကို အလေးထားလျက် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပရမည်။
အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။
သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားလျက် သမ္မာသတိရှိကြလော့။ ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအခါ သင်တို့ထံသို့ သက်ရောက်လာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။