သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
တရားဟော 9:4 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှောက်မှနှင်ထုတ်တော်မူသောအခါ သင့်စိတ်ထဲ၌ ‘ထာဝရဘုရားသည် ငါ၏ဖြောင့်မတ်ခြင်းကြောင့် ဤပြည်ကိုပိုင်ဆိုင်ရန် ငါ့ကိုပို့ဆောင်တော်မူ၏’ဟု မအောက်မေ့ရ။ ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သူတို့၏ဆိုးယုတ်မှုကြောင့် သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။ Common Language Bible ``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အရှေ့ကသူတို့ကိုနှင်ထုတ်ပြီးသော အခါ သင်တို့နှင့်ထိုက်တန်သောကြောင့် ထိုပြည် သို့သင်တို့ကိုပို့ဆောင်၍အပိုင်ပေးတော်မူ သည်ဟုမဆိုကြနှင့်။ သူတို့၏ဆိုးယုတ်မှု ကြောင့် ထာဝရဘုရားသည်ထိုသူတို့ကို နှင်ထုတ်မည်ဖြစ်၏။- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ ရှေ့ ထို သို့ မောင်း နှင် တော် မူ ပြီး နောက်၊ ငါ တို့ ဖြောင့် မတ် ခြင်း ကြောင့်၊ ဤ ပြည် ကို အ ပိုင် ပေး ခြင်း ငှာ ထာ ဝ ရ ဘု ရား ဆောင် သွင်း တော် မူ ပြီ ဟု မ အောက် မေ့ ကြ လင့်။ သင် တို့ ရှေ့ ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူ သည့် အ ကြောင်း ကား၊ ထို လူ မျိုး တို့ ဆိုး သွမ်း သော ကြောင့် တည်း။ Judson Bible သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကိုသင့်ရှေ့မှ နှင်ထုတ်တော်မူသောနောက်၊ သင်က၊ ငါ့ကုသိုလ်ကြောင့် ထာဝရဘုရားသည် ငါ့ကိုသွင်း၍၊ ဤပြည်ကို အပိုင်ပေးတော်မူသည်ဟူ၍ မအောက်မေ့ရ။ ထိုလူမျိုးတို့၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှနှင်ထုတ်တော်မူသည်ဟူ၍ စိတ်ထဲမှာ အောက်မေ့ရမည်။ |
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ အစ္စရေးအမျိုးအား ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးတို့၊ ယခု ငါပြုသောအမှုသည် သင်တို့အတွက်မဟုတ်။ သင်တို့ရောက်လေရာ လူမျိုးခြားတို့အလယ်တွင် သင်တို့ရှုတ်ချသော ငါ၏သန့်ရှင်းမြင့်မြတ်သောနာမအတွက်ဖြစ်၏’ဟု မိန့်တော်မူ၏။
ဤသို့ ငါပြုခြင်းသည် သင်တို့အဖို့မဟုတ်။ အို အစ္စရေးအမျိုး၊ သင်တို့၏အပြုအမူအကျင့်အကြံများကြောင့် သင်တို့အရှက်ခွဲခံရမည်၊ အသရေဖျက်ခံရမည်ကို သင်တို့သိမှတ်ကြလော့’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့နေထိုင်ခဲ့သည့် အီဂျစ်ပြည်၏ဓလေ့ထုံးစံအတိုင်း မပြုကျင့်ရ။ သင်တို့ကို ငါပို့ဆောင်မည့် ခါနာန်ပြည်၏ဓလေ့ထုံးစံအတိုင်း မပြုကျင့်ရ။ သူတို့၏ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ရ။
မှန်ပေ၏။ သူတို့သည် မယုံကြည်မှုကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်မူကား ယုံကြည်ခြင်းကြောင့်တည်နေ၏။ ထောင်လွှားသောသဘောမရှိဘဲ ကြောက်ရွံ့ခြင်းရှိလော့။
သို့သော် ကျေးဇူးတော်အားဖြင့်ဖြစ်လျှင် အကျင့်အားဖြင့်မဟုတ်တော့ပေ။ သို့မဟုတ်လျှင် ကျေးဇူးတော်သည် ကျေးဇူးတော်ဖြစ်တော့မည်မဟုတ်။
အကြောင်းမူကား ငါသည် ကိုယ့်ကိုယ်ကိုယ်စိတ်လုံ၏။ သို့သော် ထိုသို့ဖြစ်သည့်အတွက် ငါသည် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်။ ငါ့ကိုစစ်ဆေးစီရင်တော်မူသောအရှင်ကား သခင်ဘုရားပေတည်း။
အကြောင်းမူကား မည်သူသည် သင့်ကိုထူးခြားစေသနည်း။ သင်ခံယူရရှိသောအရာမဟုတ်ဘဲ သင်၌နဂိုကတည်းက ရှိထားသောအရာတစ်စုံတစ်ခုရှိသလော။ သင်ခံယူရရှိခဲ့သည့်အရာဖြစ်သည်မှန်လျှင် ခံယူရရှိခဲ့သည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။
ထိုလူမျိုးသည် ထာဝရဘုရားမုန်းတော်မူသည့် စက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို မိမိတို့ဘုရားများအတွက် ပြုကြ၏။ စင်စစ် သူတို့သည် မိမိတို့၏သားသမီးများကိုပင် သူတို့၏ဘုရားများအတွက် မီးရှို့ကြ၏။ သူတို့ပြုသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားအတွက် မပြုရ။
သင်တို့၏ပုန်ကန်တတ်သောသဘော၊ ခေါင်းမာတတ်သောသဘောကို ငါသိ၏။ ယနေ့ ငါသည် သင်တို့နှင့်အတူအသက်ရှင်နေစဉ်တွင်ပင် သင်တို့သည် ထာဝရဘုရားကိုပုန်ကန်ကြပြီ။ ငါသေပြီးလျှင် ထိုထက်မက ပုန်ကန်ကြလိမ့်မည်။
ထိုအခါ သင့်စိတ်ထဲ၌ ‘ဤဥစ္စာပစ္စည်းကို ငါ့အစွမ်း၊ ငါ့ခွန်အားဖြင့် ငါရရှိခဲ့၏’ဟု ဆိုမိလိမ့်မည်။
သင်တို့ကို ငါသိသည့်နေ့မှစ၍ သင်တို့သည် ထာဝရဘုရားကိုပုန်ကန်လျက်ရှိကြပြီ။
သင်၏ဖြောင့်မတ်ခြင်းနှင့် သင်၏စိတ်သဘောဖြောင့်မှန်ခြင်းတို့ကြောင့် သင်သည် သူတို့၏ပြည်ကို ဝင်ရောက်ပိုင်ဆိုင်ရခြင်း မဟုတ်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤလူမျိုးတို့၏ဆိုးယုတ်မှုကြောင့်လည်းကောင်း၊ သင့်ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်စကားတော်ကို တည်စေရန်အတွက်လည်းကောင်း သူတို့ကို သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။
သင်သည် တောကန္တာရ၌ သင်၏ဘုရားသခင်ထာဝရဘုရားကို မည်သို့အမျက်ထွက်စေခဲ့သည်ကို အောက်မေ့လော့။ မမေ့လျော့နှင့်။ သင်တို့သည် အီဂျစ်ပြည်မှထွက်လာသောနေ့မှစ၍ ဤအရပ်သို့ရောက်သည့်တိုင်အောင် ထာဝရဘုရားကို ပုန်ကန်ခဲ့ကြ၏။
ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။