အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 9:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​အမျက်ထွက်​စေရန် မျက်မှောက်​တော်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် သင်​တို့​ကျူးလွန်​သည့်​အပြစ်​ရှိသမျှ​တို့​ကြောင့် ငါ​သည် အစာ​မ​စား​၊ ရေ​လည်း​မ​သောက်​ဘဲ ယခင်​ကဲ့သို့ အရက်​လေးဆယ်​ပတ်လုံး ထာဝရဘုရား​ရှေ့မှောက်​၌​ပျပ်ဝပ်​လျက်​နေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၍ အ​မျက်​တော်​ထွက်​စေ​သော​ကြောင့် ငါ​သည်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​ပျပ်​ဝပ်​လျက် နေ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ ကို ပယ် ရှား ရန်၊ ထာ ဝ ရ ဘု ရား ထား တော် မူ သော အ မျက် ဒေါ သ ကို ကြောက် ရွံ့၍၊ ထာ ဝ ရ ဘု ရား ရှေ့၊ အ မျက် တော် တိုက် အ ဆိုး ပြု လျက် ပြစ် မှား သ မျှ သော သင် တို့ အ ပြစ် အ တွက်၊ အ ထက် နည်း တူ၊ မည် သည့် ရေ စာ ကို မျှ မ စား မ သောက် ဘဲ အ ရက် လေး ဆယ် နေ့ ညဉ့် ပတ် လုံး၊ ထာ ဝ ရ ဘု ရား ရှေ့ ပျပ် ဝပ် လျက် နေ ရာ၊ ထို ကာ လ၌ ပင် နား ညောင်း တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​မိ​သော အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့်၊ ငါ​သည်​အ​ရင်​ပြု​သ​ကဲ့​သို့ ထာ​ဝ​ဘု​ရား​ရှေ့​တော်၌​ပျပ်​ဝပ်၍ အ​ရက်​လေး​ဆယ်​ပတ်​လုံး မုန့်​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ နေ​ရ၏။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 9:18
11 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​သည် သူငယ်​အတွက် ဘုရားသခင်​ထံ တောင်းပန်​၏​။ ဒါဝိဒ်​မင်းကြီး​သည် အစာရှောင်​လျက် တစ်ညလုံး​မြေပြင်​ပေါ်တွင် သွား​၍​လှဲ​နေ​၏​။


ထို့ကြောင့် သူ​သည် ထ​၍​စား​သောက်​၏​။ ထို​အစားအစာ​ကြောင့် အားပြည့်​လာ​ပြီး ဟောရပ်​ဟူသော​ဘုရားသခင်​၏​တောင်​သို့ ရက်​လေးဆယ်​ပတ်လုံး​ခရီးဆက်​၍


ထို့နောက် ဧဇရ​သည် ဘုရားသခင်​၏​အိမ်​တော်​ရှေ့​မှ ဧလျာရှိပ်​၏​သား​ယေဟောဟနန်​အခန်း​သို့ ထ​သွား​၍ ထို​နေရာ​တွင် ဖမ်းခေါ်​သွား​ခြင်း​ခံရ​ရာ​မှ​ပြန်လာ​သော​သူ​တို့​၏​ဖောက်ပြန်မှားယွင်းမှု​ကြောင့် ငိုကြွေးမြည်တမ်း​လျက် အစာ​မ​စား​၊ ရေ​မ​သောက်​ဘဲ​နေ​၏​။


ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဖျက်ဆီး​မည်​ဟု မိန့်​တော်မူ​၏​။ သို့ရာတွင် ကိုယ်တော်​ရွေးကောက်​တော်မူ​သော မောရှေ​သည် ရှေ့​တော်​မှ ကျိုးပေါက်​မည့်​နေရာ​တွင်​ရပ်​လျက် သူ​တို့​ကို​ဖျက်ဆီး​မည့် ကိုယ်တော်​၏​အမျက်ဒေါသ​ကို တားဆီး​ခဲ့​၏​။


မောရှေ​သည် အစာ​ကို​မ​စား​၊ ရေ​ကို​လည်း​မ​သောက်​ဘဲ ထို​အရပ်​၌ ထာဝရဘုရား​နှင့်အတူ နေ့​ပေါင်း​လေးဆယ်​၊ ည​ပေါင်း​လေးဆယ်​နေ​လျက် ကျောက်ပြား​များ​အပေါ်​၌ ပညတ်တော်​ဆယ်​ပါး​တည်းဟူသော ပဋိညာဉ်​ပါ​အချက်​များ​ကို ရေးသား​လေ​၏​။


“​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​လျှင် အကျွန်ုပ်​တို့​နှင့်အတူ ဘုရားရှင်​ကြွ​တော်မူ​ပါ​။ အကယ်စင်စစ် ဤ​သူ​တို့​သည် ခေါင်းမာ​သော​လူမျိုး​ဖြစ်​ပါ​၏​။ သို့သော် အကျွန်ုပ်​တို့​၏​ဒုစရိုက်​အပြစ်​တို့​ကို ဖြေလွှတ်​လျက် အကျွန်ုပ်​တို့​ကို အမွေ​တော်​အဖြစ်​သိမ်းယူ​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။


ငါ​သည် ယခင်​ကဲ့သို့ အရက်​လေးဆယ်​ပတ်လုံး တောင်​ပေါ်၌ နေ​ခဲ့​၏​။ ထို​အချိန်​၌​လည်း ထာဝရဘုရား​သည် ငါ့​စကား​ကို နားညောင်း​တော်မူ​၍ သင်​တို့​ကို မ​ဖျက်ဆီး​လို​တော့​ပေ​။


ထိုအခါ ငါ​သည် ငါ့​လက်​နှစ်​ဖက်​နှင့်​ကိုင်​ထား​သော​ကျောက်ပြား​နှစ်​ချပ်​ကို ပစ်ချ​၍ သင်​တို့​မျက်စိ​ရှေ့​တွင်​ပင် ချိုးဖဲ့​လေ​၏​။


ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​မည်​ဟု မိန့်​တော်မူ​သောကြောင့် ငါ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အရက်​လေးဆယ်​ပတ်လုံး ပျပ်ဝပ်​လျက်​နေ​၏​။


သင်​တို့​နှင့်​ထာဝရဘုရား​ဖွဲ့​တော်မူ​ခဲ့​သော​ပဋိညာဉ်​ပါရှိ​သည့်​ကျောက်ပြား​တို့​ကို ခံယူ​ရန် တောင်​ပေါ်သို့​ငါ​တက်သွား​သောအခါ ငါ​သည် အစာ​မ​စား​၊ ရေ​မ​သောက်​ဘဲ ထို​တောင်​ပေါ်၌ အရက်​လေးဆယ်​ပတ်လုံး နေ​ခဲ့​၏​။