ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်ရွေးချယ်တော်မူသောလူမျိုး၊ မရေမတွက်နိုင်လောက်အောင်များပြားသောလူမျိုးကြီးအလယ်တွင် ရှိနေပါ၏။
တရားဟော 7:6 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအတွက် သန့်ရှင်းသောလူမျိုးဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို မြေကြီးပေါ်၌ရှိသော လူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် ရွေးချယ်တော်မူ၏။ Common Language Bible သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုပိုင်သောကြောင့်ထိုသို့ဆောင်ရွက်ရ မည်။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့ အနက် သင်တို့ကိုမိမိ၏အထူးလူမျိုး တော်အဖြစ်ထာဝရဘုရားရွေးချယ်တော် မူ၏။'' Garrad Bible အ သို့ ဆို သော်၊ မြေ ကြီး ပေါ် ရှိ လူ မျိုး တ ကာ ထက်၊ ပိုင် ဆိုင် ရာ လူ မျိုး တော် အ ဖြစ်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ သည့် အ တိုင်း သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သော လူ မျိုး ဖြစ် ကြ သည် တ ကား၊ Judson Bible အကြောင်းမူကား၊ သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောအမျိုးဖြစ်၏။ မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက် သင်၏ဘုရားသခင် ထာဝရဘုရား ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင့်ကိုရွေးချယ်တော်မူပြီ။ |
ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်ရွေးချယ်တော်မူသောလူမျိုး၊ မရေမတွက်နိုင်လောက်အောင်များပြားသောလူမျိုးကြီးအလယ်တွင် ရှိနေပါ၏။
ထိုသူတို့၏သမီးများကို လက်ထပ်ယူပြီး မိမိသားတို့နှင့်လည်း ပေးစားကြ၏။ ဤသို့ဖြင့် သန့်ရှင်းသောအမျိုးအနွယ်သည် ထိုပြည်သားတို့နှင့်ရောနှောလေပြီ။ ဤသစ္စာမဲ့မှုကို အကြီးအကဲများ၊ မင်းအရာရှိများက ထိပ်ဆုံးမှပြုကြ၏”ဟု ဆိုကြ၏။
ယုဒသည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၊ အစ္စရေးသည် ကိုယ်တော်အုပ်စိုးသော နိုင်ငံတော်ဖြစ်လာ၏။
အကယ်စင်စစ် ထာဝရဘုရားသည် ယာကုပ်ကို မိမိအတွက်လည်းကောင်း၊ အစ္စရေးကို မိမိ၏ဘဏ္ဍာအဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။
“ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ဖွဲ့ကြသည့် ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြလော့”ဟု မိန့်တော်မူ၏။
ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။
သို့သော် ငါ့အစေအပါး အစ္စရေး၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့မိတ်ဆွေ အာဗြဟံ၏သားစဉ်မြေးဆက်၊
မြေကြီးစွန်းမှ ငါဆွဲလာသူ၊ အဝေးဆုံးအရပ်မှ ငါခေါ်လာသူ “သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်ကို ငါရွေးချယ်ပြီ။ သင့်ကို ငါမစွန့်ပစ်”ဟု သင့်အား ငါမိန့်ဆို၏။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့ကို “ထာဝရဘုရားရွေးနုတ်တော်မူသည့် သန့်ရှင်းသောလူမျိုး”ဟု ခေါ်ကြလိမ့်မည်။ သင့်ကို “စွန့်ပစ်မခံရဘဲ ပြန်ရှာထားသောမြို့”ဟု ခေါ်ကြလိမ့်မည်။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုး၊ ကိုယ်တော်၏အသီးအနှံတို့တွင် အသီးဦးဖြစ်၏။ သူ့ကို ဝါးမျိုသောသူအပေါင်းတို့အပေါ် အပြစ်သက်ရောက်မည်၊ ဘေးအန္တရာယ်ကျရောက်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
ဘုရားရှင်ထာဝရဘုရားက ဤသို့မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ အစ္စရေးလူမျိုးကို ငါရွေးချယ်သောနေ့တွင် ငါသည် ယာကုပ်အမျိုး၏သားစဉ်မြေးဆက်အား ကတိသစ္စာပြုခဲ့၏။ အီဂျစ်ပြည်၌ ငါမည်သူဖြစ်ကြောင်း သူတို့ကို သိစေခဲ့၏။ ‘ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု သူတို့အား ကတိသစ္စာပြုခဲ့၏။
ငါသည် သင်တို့အား “သင်တို့သည် သူတို့၏မြေကိုပိုင်ဆိုင်ရလိမ့်မည်။ နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော သူတို့၏ပြည်ကို သင်တို့အား ငါအပိုင်ပေးမည်”ဟု မိန့်ဆိုခဲ့ပြီ။ ငါသည် သင်တို့ကို အခြားလူမျိုးများနှင့် သီးခြားခွဲထားသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ သင်တို့ကို ငါပိုင်ဆိုင်ရန် အခြားလူမျိုးများနှင့် သင်တို့ကို ငါခွဲခြားထားပြီ။
“မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါတရားစီရင်သောနေ့၌ ထိုသူတို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော် ဖြစ်ကြလိမ့်မည်။ ဖခင်၏အမှုကို ဆောင်သောသားအား ဖခင်က ကရုဏာထားသကဲ့သို့ သူတို့ကို ငါကရုဏာထားမည်”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍ အီဂျစ်ပြည်၌ ဧည့်သည်အဖြစ်နေထိုင်စဉ် ဤလူမျိုးတော်ကို ချီးမြှောက်တော်မူ၏။ ထို့နောက် အားကြီးသောလက်ရုံးတော်အားဖြင့် သူတို့ကို ထိုတိုင်းပြည်မှ ထုတ်ဆောင်တော်မူပြီး
သူတို့သည် အစ္စရေးအမျိုးသားများဖြစ်ကြပြီး သားသမီးအရာဖြစ်စေ၊ ဘုန်းအသရေဖြစ်စေ၊ ပဋိညာဉ်များဖြစ်စေ၊ ပညတ်တရားပေးအပ်ခြင်းဖြစ်စေ၊ ဝတ်ပြုခြင်းဖြစ်စေ၊ ကတိတော်များဖြစ်စေ ထိုသူတို့နှင့်ဆိုင်၏။
အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်၏။ ထာဝရဘုရားသည် မြေကြီးပေါ်၌ရှိသောလူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် သင့်ကိုရွေးချယ်တော်မူ၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သောကြောင့် အလိုလိုသေသော အကောင်ဟူသမျှ မစားရ။ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားစားရန် ပေးခွင့်ရှိ၏။ သို့မဟုတ် တစ်ပါးအမျိုးသားထံရောင်းခွင့်ရှိ၏။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့်မပြုတ်ရ။
ထာဝရဘုရားသည်လည်း သင့်အားကတိထားတော်မူခဲ့သည့်အတိုင်း သင်သည် ပညတ်တော်ရှိသမျှကိုစောင့်ထိန်းသည့် မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးဖြစ်ရမည်ဟု ယနေ့ ဝန်ခံတော်မူပြီ။
မိမိဖန်ဆင်းထားတော်မူသည့် လူမျိုးအပေါင်းတို့ထက် ချီးမွမ်းခြင်း၊ ကျော်စောခြင်း၊ အသရေရှိခြင်းတို့ဖြင့် သင့်ကိုချီးမြှင့်တော်မူမည်။ ကတိထားတော်မူခဲ့သည့်အတိုင်း သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သည်ဟု ယနေ့ဝန်ခံတော်မူပြီ”ဟု ပြောကြားလေ၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကိုစောင့်ထိန်း၍ ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်လျှင် သင့်အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကို မိမိအဖို့ သန့်ရှင်းသောလူမျိုးအဖြစ် တည်စေတော်မူမည်။
အကယ်စင်စစ် လူမျိုးတော်ကိုချစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့သည် ကိုယ်တော့်လက်တော်၌ရှိပါ၏။ သူတို့သည် ကိုယ်တော်၏ခြေတော်ရင်း၌ ထိုင်လျက် ကိုယ်တော်၏စကားတော်တို့ကို ခံယူကြပါ၏။
ယနေ့မြင်ရသည့်အတိုင်း ထာဝရဘုရားသည် သင်တို့ကို မိမိ၏အမွေခံလူမျိုးတော်အဖြစ် ခေါ်ယူ၍ အီဂျစ်ပြည် သံမီးပြင်းဖိုထဲမှ ထုတ်ဆောင်တော်မူခဲ့၏။
ကိုယ်တော်သည် သင်တို့၏ဘိုးဘေးတို့ကိုချစ်တော်မူသောကြောင့် သူတို့၏သားစဉ်မြေးဆက်ဖြစ်သောသင်တို့အား ရွေးချယ်တော်မူ၍ ကြီးမားသောတန်ခိုးတော်ဖြင့် အီဂျစ်ပြည်မှ သင်တို့ကို ထုတ်ဆောင်တော်မူခဲ့၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
ရှေးဟောင်းကမ္ဘာကိုလည်း ညှာတာတော်မမူဘဲ ထိုဘုရားတရားမဲ့သောကမ္ဘာကို ရေလွှမ်းမိုးစေတော်မူ၍ ဖြောင့်မတ်ခြင်းတရား၏သံတော်ဆင့်ဖြစ်သောနောဧအပါအဝင် လူရှစ်ဦးကို စောင့်ရှောက်တော်မူ၏။
သို့ဖြစ်၍ ထာဝရဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့ရက်၌ အပြစ်ဒဏ်ခံစေရန်ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
ထာဝရဘုရားသည် ကြီးမြတ်သောနာမတော်ကို ထောက်၍ မိမိ၏လူမျိုးတော်ကို စွန့်ပစ်မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ကို မိမိလူမျိုးတော်ဖြစ်စေဖို့ အလိုရှိတော်မူ၏။