တန်ခိုးကြီးသောလက်တော်နှင့် ဆန့်တန်းသောလက်ရုံးတော်ဖြင့် ထုတ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
တရားဟော 7:19 - မြန်မာ့စံမီသမ္မာကျမ်း သင်ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ပြင်းထန်သောစုံစမ်းမှုများကိုလည်းကောင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကိုလည်းကောင်း၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကို ဆန့်လျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားထုတ်ဆောင်တော်မူခဲ့သည်ကိုလည်းကောင်း အထူးအောက်မေ့ရမည်။ သင်ကြောက်ရွံ့ရသည့်လူမျိုးအပေါင်းတို့ကိုလည်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုနည်းတူပြုတော်မူမည်။ Common Language Bible သင်တို့ကိုယ်တိုင်မြင်ခဲ့ရသောကြောက်မက်ဖွယ် ကပ်ကြီးများ၊ အံ့သြဖွယ်သောနိမိတ်လက္ခဏာ များ၊ သင်တို့အားလွတ်မြောက်စေခဲ့သော သင်တို့ ၏ဘုရားသခင်ထာဝရဘုရား၏မဟာတန် ခိုးတော်နှင့်လက်ရုံးတော်တို့ကိုသတိရကြ လော့။ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေကြေပျက်စီးစေခဲ့သည့်နည်းတူ ယခုသင်တို့ကြောက်ရွံ့သောလူမျိုးအပေါင်း တို့ကိုလည်းသေကြေပျက်စီးစေတော်မူ မည်။- Garrad Bible ဒိ ဋ္ဌ မြင် ရ ကြ သော မ ဟာ စုံ စမ်း ခြင်း များ ကို လည်း ကောင်း၊ သင် တို့ ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထုတ် ဆောင် တော် မူ ရာ သက် သေ နိ မိတ် လ က္ခ ဏာ များ နှင့် အား ကြီး သော လက် ရုံး တော် ဆန့် တန်း ခြင်း များ ကို လည်း ကောင်း၊ သ တိ ရ ကြ လော့။ ထို နည်း တူ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သင် တို့ ကြောက် ရွံ သော လူ မျိုး ရှိ သ မျှ ၌ စီ ရင် တော် မူ မည့် ပြင်၊ Judson Bible ကိုယ်တိုင်မြင်၍ ကြီးစွာသောစုံစမ်းခြင်းတို့ကိုလည်းကောင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ အားကြီးသောလက်ရုံးတော်ကို ဆန့်တော်မူခြင်းကိုလည်းကောင်း စေ့စေ့အောက်မေ့ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုးရှိသမျှတို့၌ သင်၏ ဘုရားသခင်ထာဝရဘုရား ပြုတော်မူမည်။ |
တန်ခိုးကြီးသောလက်တော်နှင့် ဆန့်တန်းသောလက်ရုံးတော်ဖြင့် ထုတ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်၏အောင်ပွဲကိုစီမံတော်မူပါ။
ကိုယ်တော်၏လုပ်ဆောင်တော်မူချက် ရှိသမျှတို့ကိုလည်း အကျွန်ုပ်ဆင်ခြင်အောက်မေ့ပါမည်။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကိုလည်း တွေးတောဆင်ခြင်ပါမည်။
သို့ဖြစ်၍ အစ္စရေးအမျိုးသားတို့အား ‘ငါသည် ထာဝရဘုရားဖြစ်၏။ အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကို ဆွဲထုတ်၍ သူတို့၏ကျွန်ပြုခြင်းမှလည်း သင်တို့ကို ငါကယ်နုတ်မည်။ လက်ရုံးကိုဆန့်လျက် သူတို့ကိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် သင်တို့ကို ငါရွေးနုတ်မည်။
ထိုသို့ ပြင်းထန်သောစုံစမ်းမှုများ၊ ထူးဆန်းသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့ပြီ။
ထိုအချိန်၌ ငါက ယောရှုအား ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤရှင်ဘုရင်နှစ်ပါးအား ပြုတော်မူခဲ့သည့်အမှုရှိသမျှကို သင့်မျက်စိဖြင့်မြင်ရပြီ။ ထာဝရဘုရားသည် သင်ကူးသွားမည့်နိုင်ငံရှိသမျှကို ထိုနည်းတူ ပြုတော်မူလိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
ထို့နောက် ယောရှုက သူတို့အား “မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ အားယူ၍ရဲရင့်ခြင်းရှိကြလော့။ သင်တို့နှင့်တိုက်ခိုက်သောရန်သူဟူသမျှကို ထာဝရဘုရားက ဤသို့ဖြစ်စေတော်မူမည်”ဟု ဆိုလေ၏။
အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တကွ ဘိုးဘေးတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်ပေးခဲ့သောအရှင်၊ အကျွန်ုပ်တို့ မျက်စိရှေ့တွင်ပင် ကြီးမားသောနိမိတ်လက္ခဏာများကို ပြတော်မူသောအရှင်၊ လူမျိုးခြားတို့အကြား ဖြတ်ကျော်လာရသောလမ်းခရီးတစ်လျှောက်လုံးတွင် အကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။
တစ်ဖန် ယောရှုက “အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိ၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဟိဝိလူမျိုး၊ ဖေရဇိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို သင်တို့ရှေ့မှ မုချနှင်ထုတ်တော်မူမည်ဖြစ်ကြောင်းကို ဤသို့အားဖြင့် သင်တို့သိရမည်။