Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 7:19 - Common Language Bible

19 သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​သော​ကြောက်​မက်​ဖွယ် ကပ်​ကြီး​များ၊ အံ့​သြ​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ များ၊ သင်​တို့​အား​လွတ်​မြောက်​စေ​ခဲ့​သော သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​မ​ဟာ​တန် ခိုး​တော်​နှင့်​လက်​ရုံး​တော်​တို့​ကို​သ​တိ​ရ​ကြ လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​ခဲ့​သည့်​နည်း​တူ ယ​ခု​သင်​တို့​ကြောက်​ရွံ့​သော​လူ​မျိုး​အ​ပေါင်း တို့​ကို​လည်း​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ဒိ ဋ္ဌ မြင် ရ ကြ သော မ ဟာ စုံ စမ်း ခြင်း များ ကို လည်း ကောင်း၊ သင် တို့ ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထုတ် ဆောင် တော် မူ ရာ သက် သေ နိ မိတ် လ က္ခ ဏာ များ နှင့် အား ကြီး သော လက် ရုံး တော် ဆန့် တန်း ခြင်း များ ကို လည်း ကောင်း၊ သ တိ ရ ကြ လော့။ ထို နည်း တူ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သင် တို့ ကြောက် ရွံ သော လူ မျိုး ရှိ သ မျှ ၌ စီ ရင် တော် မူ မည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ကိုယ်​တိုင်​မြင်၍ ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နုတ်​ဆောင်​သော​အ​ခါ၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း စေ့​စေ့​အောက်​မေ့​ရ​မည်။ ထို​နည်း​တူ၊ သင်​ကြောက်​တတ်​သော လူ​မျိုး​ရှိ​သ​မျှ​တို့၌ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သင်ကိုယ်တိုင်​တွေ့မြင်​ခဲ့​ရ​သည့် ပြင်းထန်​သော​စုံစမ်းမှု​များ​ကို​လည်းကောင်း​၊ နိမိတ်လက္ခဏာ​များ​နှင့် အံ့ဩဖွယ်အမှု​များ​ကို​လည်းကောင်း​၊ အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို ဆန့်​လျက် သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ကို​လည်းကောင်း အထူး​အောက်မေ့​ရ​မည်​။ သင်​ကြောက်ရွံ့​ရ​သည့်​လူမျိုး​အပေါင်း​တို့​ကို​လည်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထိုနည်းတူ​ပြု​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 7:19
14 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​ထုတ်​ဆောင်​တော်​မူ​သည်​မှာ​ခွန်​အား ကြီး​မား​သည့်​လက်​တော်​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​ကြီး​မား​သည့်​လက်​ရုံး​တော် အား​ဖြင့်​လည်း​ကောင်း​ဖြစ်​ပေ​သည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။


ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ​၏။


ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို စဉ်း​စား​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။


ထို့​ကြောင့်​သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား`ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​ထံ​၌​ကျွန်​ခံ​ရ​သည့်​ဘ​ဝ​မှ သင်​တို့​အား​ငါ​လွတ်​မြောက်​စေ​မည်။ ငါ​၏ မ​ဟာ​လက်​ရုံး​တော်​ကို​ဆန့်​၍ ကြောက်​မက် ဖွယ်​သော​ဒဏ်​စီ​ရင်​ခြင်း​ဖြင့်​သင်​တို့​ကို ကယ်​တင်​မည်။-


သင်​တို့​သည်​ကြောက်​မက်​ဖွယ်​သော​ကပ် ရော​ဂါ​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​ပြ​တော် မူ​သော​အံ့​သြ​ဖွယ်​ရာ​တန်​ခိုး​နိ​မိတ်​လက္ခ ဏာ​တော်​များ​ကို​လည်း​မြင်​ခဲ့​ရ​ကြ​သည်။-


``ထို​အ​ခါ​က​ငါ​သည်​ယော​ရှု​အား​လည်း`သင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​ဘု​ရင် နှစ်​ပါး​တို့​အား​စီ​ရင်​တော်​မူ​ခဲ့​ပုံ​အ​လုံး​စုံ​ကို သိ​မြင်​ခဲ့​ရ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​ဝင် ရောက်​တိုက်​ခိုက်​သ​မျှ​သော​တိုင်း​နိုင်​ငံ​ဘု​ရင် တို့​ကို​လည်း ထို​နည်း​တူ​စီ​ရင်​တော်​မူ​လိမ့် မည်။-


သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​မှ​သင်​တို့​ကို ကယ်​တင်​၍ မိ​မိ​၏​လူ​မျိုး​တော်​အ​ဖြစ်​ထုတ် ဆောင်​ခဲ့​သည်။ အ​ခြား​သော​ဘု​ရား​သည် လူ​တစ်​မျိုး​အ​တွက် ထို​ကဲ့​သို့​ပြု​ခဲ့​ဖူး​ပါ သ​လော။ ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ကို​ပြ​တော်​မူ​ခြင်း၊ ဘေး​ဒဏ်​နှင့်​စစ် ဘေး​သင့်​စေ​ခြင်း၊ နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ ကြောက် မက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ခြင်း စ​သည်​တို့​ကို​သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ပြီ။-


ယော​ရှု​က​ဗိုလ်​မှူး​တို့​အား``ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​၏​ရန်​သူ​ဟူ​သ​မျှ​ကို ဤ​သို့​ပြု တော်​မူ​မည်​ဖြစ်​သော​ကြောင့်​မ​ကြောက်​ကြ နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ အား​မာန်​တင်း​၍​ရဲ ရင့်​ခြင်း​ရှိ​ကြ​လော့'' ဟူ​၍​ဆို​လေ​၏။-


အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် အ​ကျွန်ုပ်​တို့​၏​ဖ​ခင်​များ​နှင့်​အ​ကျွန်ုပ်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​အ​မှု​များ​ကို​အ​ကျွန်ုပ်​တို့​မြင်​ခဲ့​ရ ကြ​ပါ​ပြီ။ နိုင်​ငံ​အ​သီး​သီး​ကို​ဖြတ်​သန်း ရာ​ခ​ရီး​တစ်​လျှောက်​တွင်​ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​ခဲ့​ပါ​သည်။-


သင်​တို့​ချီ​တက်​သော​အ​ခါ​ဘု​ရား​သ​ခင် သည်​ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ကို​မု​ချ​နှင်​ထုတ် တော်​မူ​မည်။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် သင်​တို့​ကို​ရှေ့ ဆောင်​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​သော အ​ခါ​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်​ကို​သင်​တို့​သိ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ