သင်က “ကောင်းကင်သို့ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့အထက်၌ ငါ့ပလ္လင်ကိုငါတည်မည်။ မြောက်ဘက်စွန်းရှိ တွေ့ဆုံစည်းဝေးရာတောင်ပေါ်မှာ ငါထိုင်မည်။
တရားဟော 7:17 - မြန်မာ့စံမီသမ္မာကျမ်း သင့်စိတ်ထဲ၌ ‘ဤလူမျိုးတို့သည် ငါ့ထက်များသည်ဖြစ်၍ သူတို့ကို မည်သို့နှင်ထုတ်နိုင်မည်နည်း’ဟု တွေးမိလျှင် Common Language Bible ``ထိုလူမျိုးတို့သည်ငါတို့ထက်လူဦးရေ များပြားသဖြင့် ငါတို့နှင်ထုတ်ခြင်းငှာမ တတ်နိုင်ပါ' ဟူ၍မဆိုကြနှင့်။- Garrad Bible ဤ လူ မျိုး ခြား တို့ တွင် ငါ တို့ ထက် များ ပြား လှ ကြ၏။ မည် သို့ နှင် ထုတ် နိုင် အံ့ နည်း ဟု သင် တို့ အောက် မေ့ ကြ ရာ တွင် Judson Bible ထိုလူမျိုးတို့သည် ငါ့ထက်သာ၍များ၏။ ငါသည်သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည်စိတ်ထဲမှာ အောက်မေ့လျက်၊ |
သင်က “ကောင်းကင်သို့ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့အထက်၌ ငါ့ပလ္လင်ကိုငါတည်မည်။ မြောက်ဘက်စွန်းရှိ တွေ့ဆုံစည်းဝေးရာတောင်ပေါ်မှာ ငါထိုင်မည်။
“ငါတစ်ပါးတည်း ရှိ၏။ ငါမှတစ်ပါး အခြားသူမရှိ။ ငါသည် မုဆိုးမဖြစ်မည်မဟုတ်။ သားသမီးဆုံးရှုံးခြင်းကို ငါခံစားရမည်မဟုတ်”ဟု ကိုယ့်စိတ်ထဲ၌ပြောဆို၍ စိတ်အေးလက်အေးနေထိုင်ပြီး ကာမဂုဏ်ခံစားနေသောသူ၊ ယခု ဤအရာကို နားထောင်လော့။
သင်က “မည်သူသည် ငါ့အတွက် ဤသူတို့ကို မွေးဖွားခဲ့သနည်း။ ငါသည် သားသမီးများဆုံးပါး၍ သားသမီးမရနိုင်သောသူ၊ ဖမ်းခေါ်သွားခြင်းခံရသူ၊ အပယ်ခံရသူဖြစ်၏။ ဤသူတို့ကို မည်သူကျွေးမွေးစောင့်ရှောက်ခဲ့သနည်း။ ငါသည် တစ်ယောက်တည်းကျန်ရစ်ခဲ့၏။ ဤသူတို့သည် မည်သည့်အရပ်မှရောက်လာကြသနည်း”ဟု သင့်စိတ်ထဲ၌ တွေးလိမ့်မည်။
သင်သည် မိမိစိတ်ထဲ၌ “အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု တွေးလျှင် သင်၏ဒုစရိုက်များကြောင့် သင်အဝတ်အချွတ်ခံရ၏၊ သင်အကြမ်းဖက်ခံရ၏။
သူတို့သည် အစ္စရေးအမျိုးသားတို့အလယ်၌ မိမိတို့စူးစမ်းခဲ့သောပြည်၏မကောင်းသတင်းကို ဖြန့်ကြ၏။ သူတို့က “ငါတို့သွား၍စူးစမ်းခဲ့သောပြည်သည် မိမိပြည်သားတို့ကိုဝါးမျိုသောပြည်ဖြစ်ပြီး ထိုပြည်၌ ငါတို့တွေ့ခဲ့သောလူအားလုံးတို့သည် ထွားကျိုင်းကြ၏။
ထာဝရဘုရားက မောရှေအား “သူ့ကို မကြောက်နှင့်။ ငါသည် သူနှင့်တကွ သူ၏လူအပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကိုလည်းကောင်း သင်၏လက်သို့ပေးအပ်ပြီ။ သင်သည် ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးကိုပြုသကဲ့သို့ သူ့ကိုလည်းပြုရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသောကြောင့် သိမ်းပိုက်၍ ထိုပြည်၌ နေထိုင်ကြလော့။
ယေရှုသည် သူတို့၏စိတ်နှလုံးတွေးတောကြံစည်မှုကို သိတော်မူလျက် သူငယ်တစ်ဦးကိုခေါ်၍ မိမိအနားတွင်ရပ်စေပြီးလျှင်
ငါတို့သည် မည်သည့်အရပ်သို့သွားနေကြသနည်း။ ညီအစ်ကိုတို့က “ထိုပြည်သားတို့သည် အကျွန်ုပ်တို့ထက်ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်ကြ၏။ မြို့များသည်လည်း ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ ထိုမျှမက အာနကအမျိုးတို့ကိုလည်း ထိုနေရာ၌ အကျွန်ုပ်တို့တွေ့မြင်ရပါ၏”ဟု ဆိုလျက် ငါတို့ကို စိတ်ပျက်အားလျော့စေပြီ’ဟု ဆိုကြ၏။
သင်သည် ‘အကြွေးလျှော်ပစ်ခြင်းနှစ်ဖြစ်သော ခုနစ်နှစ်မြောက်သောနှစ်ရောက်လုနီးပြီ’ဟု တွေးလျက် နွမ်းပါးသော သင်၏ညီအစ်ကိုအား မကြည်ဖြူ၊ ဘာမျှမပေးဘဲနေခြင်းဖြင့် ဆိုးညစ်သောစိတ် မဝင်မိစေရန်သတိပြုလော့။ သို့မဟုတ်လျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်မည်။
သင့်စိတ်ထဲ၌ ‘ထာဝရဘုရားမိန့်မှာတော်မူသောစကားဟုတ်၊ မဟုတ် မည်သို့သိနိုင်မည်နည်း’ဟု ဆိုလျှင်
ထိုအခါ သင့်စိတ်ထဲ၌ ‘ဤဥစ္စာပစ္စည်းကို ငါ့အစွမ်း၊ ငါ့ခွန်အားဖြင့် ငါရရှိခဲ့၏’ဟု ဆိုမိလိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက် ဤလူမျိုးခြားအပေါင်းတို့အား မည်သို့ပြုတော်မူခဲ့သည်ကို သင်တို့တွေ့မြင်ခဲ့ကြပြီ။ သင်တို့အတွက် စစ်တိုက်ပေးတော်မူသောအရှင်ကား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေတည်း။