ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသဖြင့် သူတို့သည် အလွန်တိုးပွားကြ၏။ သူတို့၏တိရစ္ဆာန်ကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။
တရားဟော 7:14 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် လူမျိုးအပေါင်းတို့ထက် ကောင်းချီးခံစားရ၍ သင်၌ မြုံသောယောက်ျား၊ မြုံသောမိန်းမဟူ၍ ရှိမည်မဟုတ်။ သင်၏တိရစ္ဆာန်များထဲ၌လည်း ရှိမည်မဟုတ်။ Common Language Bible သင်တို့သည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ထက် ကောင်းချီးမင်္ဂလာပို၍ခံစားရလိမ့်မည်။ သင်တို့တွင်မြုံသောသူ၊ သားမပေါက်သော တိရစ္ဆာန်မရှိစေရ။- Garrad Bible သင် တို့ သည် လူ မျိုး တ ကာ ထက် ကောင်း ကြီး မင်္ဂ လာ ခံ ရ သည့် အ လျောက်၊ လူ ဖြစ် စေ၊ တိ ရ စ္ဆာန် ဖြစ် စေ၊ မြုံ သော ကျား၊ မ၊ ရှိ မည် မ ဟုတ်။ Judson Bible သင်သည် လူမျိုးတကာတို့ထက် သာ၍ကောင်းချီးခံရသောသူဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမတစ်ယောက်မျှ၊ တိရစ္ဆာန်တွင် မြုံသောအထီးအမ တစ်ကောင်မျှမရှိရ။ |
ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသဖြင့် သူတို့သည် အလွန်တိုးပွားကြ၏။ သူတို့၏တိရစ္ဆာန်ကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။
သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှ ကောင်းချီးမင်္ဂလာခံစားရပါစေသော။
သားသမီးတို့သည် ထာဝရဘုရားပေးတော်မူသောအမွေဖြစ်ကြ၏။ ဖွားမြင်သောရင်သွေးသည် ဆုလာဘ်တော်ဖြစ်၏။
ငါသည် သင်တို့ကို ကြည့်ရှုမည်။ သင်တို့ကို တိုးပွားများပြားစေမည်။ သင်တို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ငါတည်စေမည်။
ဘုရားသခင်က ဗာလမ်အား “သင်သည် သူတို့နှင့်အတူ လိုက်မသွားရ။ ထိုလူမျိုးသည် ကောင်းချီးမင်္ဂလာခံရသောလူမျိုးဖြစ်၍ ထိုလူမျိုးကို မကျိန်ဆဲရ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ထိုပြည်ကို သင့်အားပေးမည်ဟု သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံဖြင့် သင့်ကို ထာဝရဘုရား ကောင်းစားစေတော်မူမည်။
သင့်သားသမီး၊ သင့်မြေ၏အသီးအနှံ၊ သင့်တိရစ္ဆာန်၏သားပေါက်များဖြစ်သည့် သင့်နွားသားပေါက်များ၊ သင့်သိုးဆိတ်သားပေါက်များသည် ကောင်းချီးခံစားရမည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်လုပ်ဆောင်လေရာရာ၌အောင်မြင်စေတော်မူမည့်အကြောင်း၊ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံကိုလည်း တိုးပွားစေတော်မူမည့်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုကောင်းစားစေတော်မူရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင်၌လည်း နှစ်သက်အားရတော်မူမည့်အကြောင်း
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။