တရားဟော 7:13 - မြန်မာ့စံမီသမ္မာကျမ်း13 ကိုယ်တော်သည် သင့်ကိုချစ်မည်။ ကောင်းချီးပေးမည်။ တိုးပွားစေမည်။ ထိုပြည်ကို သင့်အားပေးမည်ဟု သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီးမှစ၍ မြေထွက်ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက်တို့ကို ကောင်းချီးပေးတော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible13 ကိုယ်တော်သည်သင်တို့ကိုချစ်၍ကောင်းချီးပေး တော်မူသဖြင့် သင်တို့သည်လူဦးရေတိုးပွား၍ သားသမီးများစွာရကြလိမ့်မည်။ သင်တို့၏ လယ်ကွင်းများကိုကောင်းချီးပေးသဖြင့်အသီး အနှံ၊ စပျစ်ရည်၊ သံလွင်ဆီတို့အထွက်များ လိမ့်မည်။ သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သိုးနွားတိရစ္ဆာန်များတိုးပွားများပြား လိမ့်မည်။ သင်တို့ဘိုးဘေးတို့အားကတိထား သောပြည်သို့သင်တို့ရောက်ရှိသောအခါ ထို ကောင်းချီးမင်္ဂလာများကိုချပေးတော်မူလိမ့် မည်။- အခန်းကိုကြည့်ပါ။Garrad Bible13 သင် တို့ ကို မြတ် နိုး၍ များ ပြား အောင် ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ သည့် ပြင်၊ သင် တို့ သို့ ပေး သ နား ရန် ဘိုး ဘေး များ အား သ စ္စာ ဆို ခဲ့ သော ပြည် တွင် သား သ မီး တို့ ကိုလည်း ကောင်း၊ မြေ အ သီး အ နှံ၊ ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ များ ကို လည်း ကောင်း၊ နွား၊ သိုး၊ ဆိတ်၊ သား ငယ် များ ကို လည်း ကောင်း၊ ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ ဦး မည်။ အခန်းကိုကြည့်ပါ။Judson Bible13 သင့်ကိုချစ်သဖြင့် ကောင်းချီးပေး၍ များပြားစေတော်မူမည်။ သင့်အားပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဖွားမြင်သော သားတို့ကိုလည်းကောင်း၊ သင်၏မြေအသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား၊ အစီးအပွား၊ သိုးစုတို့ကိုလည်းကောင်း ကောင်းချီးပေးတော်မူမည်။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။