ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
တရားဟော 6:25 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားတော်မူသည့်အတိုင်း ကိုယ်တော်၏ရှေ့တော်၌ ပညတ်တော်ရှိသမျှတို့ကိုလိုက်နာစောင့်ထိန်းလျှင် ငါတို့ကို ဖြောင့်မတ်စေမည်’ဟု ပြောပြရမည်။ Common Language Bible ငါတို့သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းနာခံလျှင် ကိုယ်တော်သည်ငါ တို့၏နိုင်ငံကိုအစဉ်စောင့်ရှောက်၍သာယာ ဝပြောစေတော်မူမည်။ ငါတို့သည်ဘုရားသခင်ပညတ်တော်မူသမျှကိုတစ်သဝေ မတိမ်းလိုက်နာလျှင် ထာဝရဘုရားသည် ငါတို့အားနှစ်သက်တော်မူလိမ့်မည်' ဟူ၍ ဖြေကြားလော့။'' Garrad Bible ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ထို ပ ညတ် အ လုံး စုံ ကို မျက် မှောက် တော် တွင် စောင့် ရှောက် လိုက် နာ ကြ လျှင်၊ ငါ တို့ ဖြောင့် မတ် ရာ ဖြောင့် မတ် ကြောင်း ဖြစ် လ တ္တံ့ ဟု ပြန် ပြော ကြ လေ ကုန်။ Judson Bible သို့ဖြစ်၍ ငါတို့ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ကျင့်စောင့်ခြင်းငှာ သတိပြုလျှင်၊ ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။ |
ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
ထိုအခါ သူတို့သည် ဘုရားသခင်ကို ယုံကြည်အားထား၍ ဘုရားသခင်၏ လုပ်ဆောင်တော်မူချက်တို့ကိုမမေ့လျော့ဘဲ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးကြလိမ့်မည်။
ဖြောင့်မတ်သောလမ်း၌အသက်ရှင်ခြင်းရှိ၍ ထိုလမ်းခရီးတစ်လျှောက်၌ သေခြင်းမရှိ။
ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်ပြီး စီရင်ထုံးဖွဲ့ချက်တို့ကို သစ္စာရှိစွာစောင့်ထိန်းလျက် ဖြောင့်မတ်သောသူဖြစ်လျှင် သူသည် အမှန်ပင်အသက်ချမ်းသာရာရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို သူတို့အား ချမှတ်ပေး၍ စီရင်ထုံးဖွဲ့ချက်တို့ကို သိစေခဲ့၏။
သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်။ ထိုအရာတို့ကိုပြုကျင့်လျှင် ထိုအရာတို့အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။
သို့သော် ပညတ်တရားသည် ယုံကြည်ခြင်းနှင့်ဆိုင်သည်မဟုတ်ဘဲ “ပညတ်တရားတို့ကို ကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်မည်”ဖြစ်၏။
သူသည် မိမိအဝတ်ကိုဝတ်အိပ်၍ သင့်ကို ကောင်းချီးတောင်းခံပေးမည့်အကြောင်း သူ၏အပေါင်ခံပစ္စည်းကို နေဝင်သောအခါ ဆက်ဆက်ပြန်ပေးရမည်။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဖြောင့်မတ်သောအမှုဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကိုစောင့်ထိန်းသော်လည်း တစ်ပါးကိုမှားလျှင် ပညတ်တရားအလုံးစုံကို ကျူးလွန်ရာရောက်၏။