ကိုယ်တော်သည် သိနာတောင်ပေါ်သို့ကြွဆင်းတော်မူ၏။ သူတို့အား ကောင်းကင်မှနှုတ်မြွက်တော်မူ၏။ သူတို့အား ဖြောင့်မှန်သောစီရင်ထုံးဖွဲ့ချက်၊ မှန်ကန်သောတရား၊ ကောင်းမြတ်သောပြဋ္ဌာန်းချက်နှင့် ပညတ်ချက်တို့ကို ပေးတော်မူ၏။
တရားဟော 4:8 - မြန်မာ့စံမီသမ္မာကျမ်း ယနေ့ သင်တို့ရှေ့မှောက်၌ ငါထားသော ဤတရားအလုံးစုံတို့ကဲ့သို့ ဖြောင့်မှန်သော ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်မျိုး မည်သည့်လူမျိုးကြီး၌ရှိသနည်း။ Common Language Bible ယနေ့သင်တို့အားငါသွန်သင်သောပညတ် တော်များကဲ့သို့ တရားမျှတသောပညတ် များကိုရသောလူမျိုးကြီးရှိသေး သလော။- Garrad Bible ယ နေ့ တွင် သင် တို့ ရှေ့ ငါ ထား သော ဤ ပ ညတ် တ ရား အ လုံး စုံ နှင့် အ မျှ၊ ဖြောင့် မတ် သော ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို ရ သော လူ မျိုး ကြီး ရှိ သေး ၏ လော။ Judson Bible ငါသည် ယနေ့သင်တို့၌ထားသော တရားအပေါင်းနှင့်အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကိုရသော အဘယ်လူမျိုးကြီး ရှိသနည်း။ |
ကိုယ်တော်သည် သိနာတောင်ပေါ်သို့ကြွဆင်းတော်မူ၏။ သူတို့အား ကောင်းကင်မှနှုတ်မြွက်တော်မူ၏။ သူတို့အား ဖြောင့်မှန်သောစီရင်ထုံးဖွဲ့ချက်၊ မှန်ကန်သောတရား၊ ကောင်းမြတ်သောပြဋ္ဌာန်းချက်နှင့် ပညတ်ချက်တို့ကို ပေးတော်မူ၏။
ကိုယ်တော်သည် မိမိ၏သက်သေခံချက်တို့ကို ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးမားသောသစ္စာနှင့်လည်းကောင်း ချမှတ်ထားတော်မူ၏။
ကိုယ်တော်၏သက်သေခံချက်တို့သည် အစဉ်အမြဲဖြောင့်မတ်ကြပါ၏။ အကျွန်ုပ်အသက်ရှင်နိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
ကိုယ်တော်၏နှုတ်ကပတ်တော်ရှိသမျှတို့သည် မှန်ကန်ပါ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက် ရှိသမျှတို့သည်လည်း အစဉ်အမြဲတည်ပါ၏။
ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ ထိုသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲကြသည်ဖြစ်၍ အကျွန်ုပ်ကို ကူညီမစတော်မူပါ။
ပြည့်စုံမှုရှိသမျှတို့၌ အကန့်အသတ်ရှိကြောင်းကို အကျွန်ုပ်မြင်ပါ၏။ ကိုယ်တော်၏ပညတ်တော်မူကား အလွန်ကျယ်ပြန့်ပါ၏။
ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်ပါ၏။ မေတ္တာကရုဏာနှင့်သမ္မာတရားသည် ကိုယ်တော်၏ရှေ့တော်မှသွားကြပါ၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
ထာဝရဘုရားသည် မိမိ၏ဖြောင့်မတ်ခြင်းအတွက် ကျေနပ်အားရတော်မူ၏။ ကိုယ်တော်သည် ပညတ်တရားကို ကြီးမြတ်စေတော်မူ၏။ အထွတ်အမြတ်ဖြစ်စေတော်မူ၏။
ငါသည် သူတို့အဖို့ ပညတ်ချက်များကို ထောင်သောင်းမက ရေးပေးသော်လည်း သူတို့နှင့်မစပ်ဆိုင်ဟု ထင်မှတ်ကြ၏။
အဘက်ဘက်၌ အကျိုးများစွာရှိ၏။ ပထမဦးစွာ သူတို့၌ ဘုရားသခင်၏နှုတ်ကပတ်တရားတော်များကို ယုံကြည်အပ်နှံထားတော်မူ၏။
မိမိဖန်ဆင်းထားတော်မူသည့် လူမျိုးအပေါင်းတို့ထက် ချီးမွမ်းခြင်း၊ ကျော်စောခြင်း၊ အသရေရှိခြင်းတို့ဖြင့် သင့်ကိုချီးမြှင့်တော်မူမည်။ ကတိထားတော်မူခဲ့သည့်အတိုင်း သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သည်ဟု ယနေ့ဝန်ခံတော်မူပြီ”ဟု ပြောကြားလေ၏။