တရားဟော 4:7 - မြန်မာ့စံမီသမ္မာကျမ်း7 အဘယ်ကြောင့်ဆိုသော် ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ငါတို့ခေါ်သောအခါတိုင်း ကိုယ်တော်သည် ငါတို့အနီး၌ရှိတော်မူသကဲ့သို့ အနီး၌ရှိတော်မူသောဘုရားသည် မည်သည့်လူမျိုးကြီး၌ရှိသနည်း။ အခန်းကိုကြည့်ပါ။Common Language Bible7 ``ငါတို့၏ဘုရားသခင်ထာဝရဘုရား သည် ငါတို့အကူအညီလိုသည့်အခါတိုင်း ငါတို့အနားတွင်ရှိတော်မူ၏။ ဤကဲ့သို့ သောဘုရားကိုကိုးကွယ်သည့်လူမျိုးကြီး ရှိသေးသလော။- အခန်းကိုကြည့်ပါ။Garrad Bible7 ပ ဌ နာ ပြု ကြ သော အ ခါ တိုင်း ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နီး ကပ် တော် မူ သ ကဲ့ သို့၊ နီး ကပ် သော ဘု ရား များ ကို ကိုး ကွယ် သော လူ မျိုး ကြီး ရှိ သေး ၏ လော။ အခန်းကိုကြည့်ပါ။Judson Bible7 ငါတို့သည် ဆုတောင်းလေရာရာ၌၊ ငါတို့ဘုရားသခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်းကျေးဇူးကို ခံရသည်နည်းတူ၊ အခြားသောဘုရားကြည့်ရှုပြုစုသောကျေးဇူးကို အဘယ်မည်သောလူမျိုးကြီး ခံရသနည်း။ အခန်းကိုကြည့်ပါ။ |
မြေကြီးပေါ်တွင် ဘုရားသခင်၏လူမျိုးတော်အစ္စရေးနှင့်တူသောလူမျိုး တစ်မျိုးမျိုးရှိပါသလော။ ဘုရားသခင်သည် မိမိလူမျိုးတော်အဖြစ် သူတို့ကို ရွေးနုတ်တော်မူခဲ့ပါပြီ။ အီဂျစ်ပြည်၊ လူမျိုးခြားတို့နှင့် သူတို့၏ဘုရားများထံမှ ရွေးနုတ်တော်မူခဲ့သောလူမျိုးတော်၏ရှေ့မှောက်မှာပင် ပြည်တော်အဖို့ ကြီးမြတ်၍အံ့ဖွယ်သောအမှုများပြုခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့ပါပြီ။
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။