သင်တို့အဖို့ ရေးမှတ်ထားသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ဥပဒေသများ၊ ပညတ်ချက်များကို အစဉ်အမြဲလိုက်နာစောင့်ထိန်းရမည်။ အခြားသောဘုရားများကို မကြောက်ရွံ့ရ။
တရားဟော 4:44 - မြန်မာ့စံမီသမ္မာကျမ်း ဤတရားကား အစ္စရေးအမျိုးသားတို့ရှေ့မှောက်၌ မောရှေထားရှိသောတရားဖြစ်၏။ Common Language Bible မောရှေသည်ထာဝရဘုရား၏ပညတ်တော် များကို ဣသရေလအမျိုးသားတို့အား ပြဋ္ဌာန်းပေးလေ၏။- Garrad Bible ပိ သ ဂါ တောင် ခြေ ရင်း ရှိ အ ရာ ဗာ အိုင် တိုင် အောင်၊ ယော် ဒန် မြစ် အ ရှေ့ ဘက် အ ရာ ဗာ ချိုင့် တစ် လျှောက် လုံး နှင့် တ ကွ၊ အာ နုန် ချောင်း ကမ်း ပေါ် ရှိ အာ ရော် မြို့ မှ စ၍ ဟေ ရ မုန် ခေါ် စိ ယုန် တောင် အ ထိ၊ ယော် ဒန် မြစ် အ ရှေ့ ဘက်၊ အာ မော ရိ မင်း နှစ် ပါး တည်း ဟူ သော ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း ပြည် နယ် ကို လည်း ကောင်း၊ အိ ဂျစ် ပြည် မှ ထွက် လာ ကြ ပြီး နောက်၊ မော ရှေ နှင့် ဣ သ ရေ လ အ မျိုး သား တို့ လုပ် ကြံ ခဲ့ သည့် ဟေ ရှ ဘုန် မြို့ စံ ရှိ ဟုန် မင်း ပြည် နယ် ကို လည်း ကောင်း၊ အ ပိုင် ရ ပြီး မှ ထို ရှိ ဟုန် မင်း ပြည် နယ် တွင် ယော် ဒန် မြစ် တစ် ဘက်၊ ဗက် ပေ ဂု ရ မြို့ ရင် ဆိုင် ချိုင့်၌၊ အိ ဂျစ် ပြည် က ထွက် လာ ပြီး သော ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ မော ရှေ ထား ခဲ့ သော ပ ညတ် တ ရား နှင့် ဆင့် ဆို ခဲ့ သော သက် သေ ခံ ချက်၊ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် ကို ဆို ဦး အံ့။ Judson Bible ဤရွေ့ကား၊ မောရှေသည် ဣသရေလအမျိုးသားတို့၌ထားသောတရား၊ |
သင်တို့အဖို့ ရေးမှတ်ထားသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ဥပဒေသများ၊ ပညတ်ချက်များကို အစဉ်အမြဲလိုက်နာစောင့်ထိန်းရမည်။ အခြားသောဘုရားများကို မကြောက်ရွံ့ရ။
ဤသည်ကား သိနာတောင်ပေါ်၌ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့အား မောရှေမှတစ်ဆင့် မိန့်မှာတော်မူခဲ့သည့် ပညတ်တော်များဖြစ်၏။
အစ္စရေးလူမျိုးအပေါင်းတို့အဖို့ ဟောရပ်အရပ်၌ မောရှေအား ငါမိန့်မှာခဲ့သည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များပါသော ငါ့အစေအပါးမောရှေ၏ပညတ်တရားကို အောက်မေ့ကြလော့။
ဤသည်ကား ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေမှတစ်ဆင့် အစ္စရေးအမျိုးသားတို့အား ထာဝရဘုရားမိန့်မှာသည့် ပညတ်ချက်နှင့်စီရင်ထုံးဖွဲ့ချက်များဖြစ်၏။
အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
မောရှေသည် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ မောဘပြည်တွင် ထိုပညတ်တရားတို့ကို စတင်ရှင်းပြလေ၏။
‘ဤတရားစကားများကို မလိုက်နာ၊ မစောင့်ထိန်းသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော နို့နှင့်ပျားရည်စီးသောပြည်သို့ဝင်ရောက်သောအခါ ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရေးသားထားရမည်။
ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရှင်းလင်းပြတ်သားစွာရေးသားထားရမည်”ဟု မှာကြားလေ၏။
ထိုမြို့သုံးမြို့မှာ ရုဗင်အမျိုးအတွက် တောကန္တာရလွင်ပြင်ရှိ ဗေဇာမြို့၊ ဂဒ်အမျိုးအတွက် ဂိလဒ်ပြည်ရှိ ရာမုတ်မြို့၊ မနာရှေအမျိုးအတွက် ဗာရှန်ပြည်ရှိ ဂေါလန်မြို့ဖြစ်၏။
ဤသည်ကား အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီးနောက် သူတို့အား မောရှေဆင့်ဆိုသော သက်သေခံချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ဖြစ်၏။
အစ္စရေးအမျိုးသားတို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောပြည်နှင့်ဘုရင်များကား ဤသို့ဖြစ်၏။ အစ္စရေးအမျိုးသားတို့သည် ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အာနုန်ချောင်းမှစ၍ ဟေရမုန်တောင်အထိ၊ အရှေ့ဘက်အရာဗလွင်ပြင်တစ်ခုလုံး၊