ဂိလဒ်ပြည်သား၊ မနာရှေ၏သားယာဣရပိုင်သောမြို့ငယ်များမှစ၍ ဗာရှန်ပြည်ရှိ အာဂေါဘနယ်၊ ခိုင်ခံ့သောမြို့ရိုးနှင့် ကြေးနီကန့်လန့်ကျင်ရှိသည့် မြို့ခြောက်ဆယ်အပါအဝင် ရာမုတ်ဂိလဒ်မြို့၏နယ်စားမင်း ဗင်ဂေဗာ၊
တရားဟော 4:43 - မြန်မာ့စံမီသမ္မာကျမ်း ထိုမြို့သုံးမြို့မှာ ရုဗင်အမျိုးအတွက် တောကန္တာရလွင်ပြင်ရှိ ဗေဇာမြို့၊ ဂဒ်အမျိုးအတွက် ဂိလဒ်ပြည်ရှိ ရာမုတ်မြို့၊ မနာရှေအမျိုးအတွက် ဗာရှန်ပြည်ရှိ ဂေါလန်မြို့ဖြစ်၏။ Common Language Bible ရုဗင်အနွယ်အတွက်ကုန်းပြင်သဲကန္တာရရှိ ဗေဇာမြို့ကိုလည်းကောင်း၊ ဂဒ်အနွယ်အတွက် ဂိလဒ်ဒေသရှိရာမုတ်မြို့ကိုလည်းကောင်း၊ မနာ ရှေအနွယ်အတွက်ဗာရှန်ဒေသရှိဂေါလန် မြို့ကိုလည်းကောင်း ခိုလှုံရာမြို့များအဖြစ် သတ်မှတ်ပေးသည်။ Judson Bible ထိုမြို့တို့၏အမည်ကား၊ ရုဗင်အမျိုးသားနေရာ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်အမျိုးသားနေရာ ဂိလဒ်ပြည်၌ရာမုတ်မြို့၊ မနာရှေအမျိုးသားနေရာ ဗာရှန်ပြည်၌ဂေါလန်မြို့တည်း။ |
ဂိလဒ်ပြည်သား၊ မနာရှေ၏သားယာဣရပိုင်သောမြို့ငယ်များမှစ၍ ဗာရှန်ပြည်ရှိ အာဂေါဘနယ်၊ ခိုင်ခံ့သောမြို့ရိုးနှင့် ကြေးနီကန့်လန့်ကျင်ရှိသည့် မြို့ခြောက်ဆယ်အပါအဝင် ရာမုတ်ဂိလဒ်မြို့၏နယ်စားမင်း ဗင်ဂေဗာ၊
မေရာရိအမျိုး၏မျိုးနွယ်စုအလိုက် မေရာရိသားမြေးတို့အဖို့ မဲချရာ ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်၊ ဇာဗုလုန်အမျိုးအနွယ်တို့ထံမှ မြို့တစ်ဆယ့်နှစ်မြို့ကို ရကြ၏။
ကောဟတ်သားမြေးထဲမှ အချို့မျိုးနွယ်စုတို့မှာ ဧဖရိမ်အမျိုးအနွယ်ပိုင် နယ်မြေများထဲမှ မြို့များကို ရရှိကြ၏။
ဂေရရှုံသားမြေးတို့ကိုမူ မနာရှေအမျိုးအနွယ်တစ်ဝက်၏မျိုးနွယ်စုထံမှ ဗာရှန်ပြည်ရှိဂေါလန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အာရှတရုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
ဂဒ်အမျိုးအနွယ်ထံမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
မိမိအိမ်နီးချင်းကို အမုန်းမရှိဘဲ မတော်တဆသတ်မိသောသူသည် အသက်ချမ်းသာရာရဖို့ ထိုမြို့သုံးမြို့ထဲမှ တစ်မြို့မြို့သို့ ထွက်ပြေးနိုင်၏။
ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဂျေရိခေါမြို့အရှေ့ဘက် ရုဗင်အမျိုးအနွယ်ပိုင် ကန္တာရလွင်ပြင်ရှိ ဗေဇာမြို့၊ ဂဒ်အမျိုးအနွယ်ပိုင် ဂိလဒ်ပြည်ရှိ ရာမုတ်မြို့၊ မနာရှေအမျိုးအနွယ်ပိုင် ဗာရှန်ပြည်ရှိ ဂေါလန်မြို့တို့ကို ရွေးချယ်၏။
လေဝိအမျိုးအနွယ်၏မျိုးနွယ်စုဖြစ်သောဂေရရှုန်သားမြေးတို့ကိုကား မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ ဗာရှန်ပြည်ရှိ ဂေါလန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေရှတေရမြို့နှင့် စားကျက်မြေများကိုပေး၏။ (ဂေါလန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။)
ရုဗင်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဗေဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဟတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊
ဂဒ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊