ယောရှု 21:27 - မြန်မာ့စံမီသမ္မာကျမ်း27 လေဝိအမျိုးအနွယ်၏မျိုးနွယ်စုဖြစ်သောဂေရရှုန်သားမြေးတို့ကိုကား မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ ဗာရှန်ပြည်ရှိ ဂေါလန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေရှတေရမြို့နှင့် စားကျက်မြေများကိုပေး၏။ (ဂေါလန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။) အခန်းကိုကြည့်ပါ။Common Language Bible27 လေဝိအနွယ်ဝင်ဂေရရှုံ၏သားချင်းစုတို့ သည်အရှေ့မနာရှေနယ်မြေမှမြို့နှစ်မြို့ ကိုရရှိကြ၏။ ၎င်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ဗာရှန်ပြည်ရှိ ဂေါလန်မြို့(ခိုလှုံရာမြို့တစ်မြို့) နှင့်ဗေရှ တေရမြို့တို့ဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible27 လေ ဝိ အ ဆက် အ နွယ်၊ ဂေ ရ ရှုံ့ သား မြေး တို့ အား မ နာ ရှေ့ အ နွယ် တစ် ဝက် နယ် တွင် ပေး ကြ သည် မှာ ဗာ ရှန် ပြည် ရှိ လူ သတ် ခို ဝင် ရာ ဂေါ လန်၊ ဗေ ရှ တေ ရ မြို့ များ နှင့် စား ကျက် ပါ နှစ် မြို့ ကို လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible27 လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကိုလည်းကောင်း၊ အခန်းကိုကြည့်ပါ။ |