နေဂေ့အရပ်နှင့် စွန်ပလွံမြို့ဟုခေါ်သောဂျေရိခေါမြို့၏ချိုင့်ဝှမ်းဒေသမှ ဇောရမြို့တိုင်အောင်လည်းကောင်း ပြည်တစ်ပြည်လုံးကို ပြတော်မူ၏။
ယုဒပြည်နယ်တောင်ပိုင်း၊ ဇောရမြို့မှစွန် ပလွံပင်မြို့ဟုခေါ်တွင်သော ယေရိခေါမြို့ အထိကျယ်ပြန့်သည့်လွင်ပြင်မှစ၍ တစ် ပြည်လုံးကိုမောရှေအားပြတော်မူ၏။-
ယု ဒ နယ် များ တစ် လျှောက်၊ နေ ဂပ် ခ ရိုင် နှင့် တ ကွ၊ ဇော ရ မြို့ အ ထိ၊ စွန် ပ လွံ မြို့ ခေါ် ယေ ရိ ခေါ မြို့ ချိုင့် တည်း ဟူ သော မြစ် ကမ်း ပြင် တစ် လျှောက်၊ ပြည် တစ် ဝှမ်း လုံး ကို ညွှန် ပြ လျက်၊
တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သောချိုင့်နှင့် လွင်ပြင်တို့ကို ပြတော်မူ၏။
လောတသည် မျှော်ကြည့်ရာ ဇောရမြို့သို့သွားသောလမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးသည် ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်း ရေပေါများလျက်ရှိသည်ကိုမြင်လေ၏။ (ထိုအချိန်က သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးချေ။)
သူတို့သည် သောဒုံဘုရင်ဗေရမင်းကြီး၊ ဂေါမောရဘုရင်ဗိရရှမင်းကြီး၊ အာဒမာဘုရင်ရှိနပ်မင်းကြီး၊ ဇေဘိုင်ဘုရင်ရှေမဘာမင်းကြီး၊ ဗေလ(ဇောရ)ဘုရင်တို့နှင့် စစ်တိုက်ကြ၏။
ထိုအခါ သောဒုံဘုရင်၊ ဂေါမောရဘုရင်၊ အာဒမာဘုရင်၊ ဇေဘိုင်ဘုရင်နှင့် ဗေလ(ဇောရ)ဘုရင်တို့သည် ချီတက်၍ သူတို့နှင့် စိဒ္ဒိမ်ချိုင့်ဝှမ်း၌စစ်ခင်းကြ၏။
ထိုအရပ်သို့ အလျင်အမြန်ပြေးလော့။ အကြောင်းမူကား ထိုအရပ်သို့ သင်မရောက်မချင်း ငါသည် မည်သည့်အမှုကိုမျှပြု၍မရ”ဟု ဆို၏။ ဤအကြောင်းကြောင့် ထိုမြို့၏အမည်ကို ဇောရ ဟုခေါ်ကြ၏။
ထိုအခါ နာမည်နှင့်တကွတာဝန်ရှိသူတို့သည် ထ၍ စစ်သုံ့ပန်းများကိုခေါ်ပြီး အဝတ်မရှိသူတို့အား တိုက်ရာပါပစ္စည်းများထဲမှအဝတ်များကိုဝတ်စေ၏။ အဝတ်အစားများ၊ ဖိနပ်များ၊ အစားအသောက်များ၊ လိမ်းစရာဆီများ စသည်တို့ကိုလည်းပေး၏။ အားမရှိသောသူတို့ကိုလည်း မြည်းပေါ်တင်ကာ သူတို့၏ဆွေမျိုးသားချင်းတို့ရှိရာ စွန်ပလွံမြို့ ခေါ် ဂျေရိခေါမြို့သို့ ပြန်ပို့ပြီးမှ ရှမာရိမြို့သို့ ပြန်လာကြ၏။
တောင်ဘက်ခြမ်းသည် ဧဒုံပြည်နယ်စပ်တစ်လျှောက်ရှိ ဇိနတောကန္တာရမှစရမည်။ တောင်ဘက်နယ်နိမိတ်သည် အရှေ့ဘက်တွင် ဆားပင်လယ်အစွန်းမှစရမည်။
မောရှေယောက္ခမ၏သားမြေး ကေနိအမျိုးသားတို့သည် ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံမြို့မှ အာရဒ်နေဂေ့အရပ်ရှိ ယုဒတောကန္တာရသို့ လိုက်သွား၍ ထိုအရပ်သားတို့နှင့်အတူ နေထိုင်ကြ၏။
ဧဂလုန်မင်းကြီးသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုရုံး၍ အစ္စရေးလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး စွန်ပလွံမြို့ကို သိမ်းပိုက်ကြ၏။