မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
တရားဟော 33:16 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးရတနာ၊ မြေကြီး၏ကြွယ်ဝခြင်းအားဖြင့်လည်းကောင်း၊ မီးတောက်နေသောချုံပုတ်၌ကိန်းဝပ်တော်မူသောအရှင်၏ကျေးဇူးတော်အားဖြင့်လည်းကောင်း ယောသပ်၏ဦးခေါင်း၊ ညီအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောယောသပ်၏ဦးထိပ်ပေါ်၌ ထာဝရဘုရားထံတော်မှကောင်းချီးသက်ရောက်ပါစေသော။ Common Language Bible မီးလျှံတောက်လောင်သောချုံထဲမှ မိန့်ကြားတော်မူသောထာဝရဘုရား ကောင်းချီးပေးတော်မူသောအားဖြင့်၊ သူတို့၏နယ်မြေမှအဖိုးတန်သီးနှံ များ ထွက်ပါစေသော။ ယောသပ်သည်သူ၏ညီအစ်ကိုတို့တွင် ခေါင်းဆောင် ဖြစ်သောကြောင့်သူ၏အနွယ်သည် ထိုကောင်းချီးမင်္ဂလာတို့ကိုခံစားရပါ စေသော။ Garrad Bible မြေ ကြီး နှင့် ကြွယ် ဝ သ မျှ အ သီး မြတ် များ မှ မင်္ဂ လာ သည် ချုံ တော် တွင် ကိန်း ဝပ် သော အ ရှင်၏ ကျေး ဇူး တော် နှင့် တ ကွ၊ ယော သပ်၏ ဦး ခေါင်း ပေါ် ညီ အစ် ကို တို့ အ နက် အ ကြီး အ ကဲ ဖြစ် သူ၏ ဦး ထိပ် ပေါ် သို့ သက် ရောက် ပါ စေ သော။ Judson Bible မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့်လည်းကောင်း၊ ထာဝရဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေတော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။ |
မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
သူ့အစ်ကိုတို့ကလည်း “သင်သည် ငါတို့ကို အမှန်ပင်စိုးစံမည်လော။ ငါတို့ကို အမှန်ပင်အုပ်စိုးမည်လော”ဟု ဆို၍ သူ၏အိပ်မက်ကြောင့်လည်းကောင်း၊ သူ၏စကားတို့ကြောင့်လည်းကောင်း သူ့ကိုပို၍ပင်မုန်းကြ၏။
ထိုအခါ ယောသပ်အတွက်တစ်ပွဲ၊ ယောသပ်၏ညီအစ်ကိုတို့အတွက်တစ်ပွဲ၊ ယောသပ်နှင့်အတူစားသောအီဂျစ်လူမျိုးတို့အတွက်တစ်ပွဲ သီးသန့်စီပြင်ဆင်ကြ၏။ အကြောင်းမှာ အီဂျစ်လူမျိုးတို့သည် ဟေဗြဲလူမျိုးတို့နှင့်အတူ အစားအစာမစားရ။ အတူတူစားခြင်းသည် အီဂျစ်လူမျိုးတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
သင့်ဖခင်ပေးသောကောင်းချီးမင်္ဂလာတို့သည် ငါ့ဘိုးဘေးတို့ပေးသောကောင်းချီးမင်္ဂလာထက်၊ ရှေးတောင်ကုန်းတို့၌ရှိသောကောင်းချီးအဖြာဖြာထက် သာလွန်၏။ ထိုကောင်းချီးမင်္ဂလာတို့သည် ယောသပ်၏ခေါင်းပေါ်၌လည်းကောင်း၊ သူ့ညီအစ်ကိုတို့ထဲမှအကြီးအကဲတို့၏ဦးထိပ်ပေါ်၌လည်းကောင်း သက်ရောက်ပါစေသော။
ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးပေါ်၌ ရှိသမျှသောအရာတို့ကိုလည်းကောင်း၊ ကမ္ဘာလောကနှင့် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကိုလည်းကောင်း ပိုင်တော်မူ၏။
ငါဆာလောင်မွတ်သိပ်ခဲ့လျှင်ပင် သင့်ကို ငါပြောမည်မဟုတ်။ အကြောင်းမူကား ကမ္ဘာလောကမှစ၍ ၎င်းတွင်ရှိသမျှသောအရာတို့ကို ငါပိုင်၏။
ကောင်းကင်ကို ကိုယ်တော်ပိုင်တော်မူ၏။ မြေကြီးကိုလည်း ကိုယ်တော်ပိုင်တော်မူ၏။ ကမ္ဘာလောကနှင့် ၎င်း၌ရှိသမျှသောအရာတို့ကို ကိုယ်တော်တည်တော်မူ၏။
ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွား၏။ ထိုသားသည် အဆင်းလှကြောင်းကို မိခင်သိမြင်လျှင် သူ့ကိုသုံးလပတ်လုံးဝှက်ထား၏။
ဒန်ပြည်မှ မြင်းနှာမှုတ်သံကိုကြားရ၏။ စစ်မြင်းတို့၏ဟီသံကြောင့် တစ်ပြည်လုံးတုန်ခါလေ၏။ ရန်သူတို့သည် ရောက်လာ၍ ပြည်နှင့်ပြည်ထဲရှိအရာအားလုံးတို့ကိုလည်းကောင်း၊ မြို့နှင့်မြို့သူမြို့သားတို့ကိုလည်းကောင်း ဝါးမျိုလေပြီ။
မျိုးနွယ်စုအလိုက် ယောသပ်၏အမျိုးအနွယ်များကား မနာရှေနှင့်ဧဖရိမ် တို့ဖြစ်ကြ၏။
သေသောသူတို့၏ထမြောက်ခြင်းနှင့်ပတ်သက်၍ မောရှေ၏ကျမ်း၌ ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ဟု မောရှေအား မိန့်တော်မူခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
“အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့အပေါ် ငြိမ်သက်ခြင်းရှိစေသတည်း”ဟု မြွက်ဆိုကြ၏။
ဤသို့ဖြင့် ‘မည်သူသည် သင့်ကို အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း’ဟု ဆိုလျက် လူတို့ငြင်းပယ်ခဲ့သော ထိုမောရှေကို ဘုရားသခင်သည် ချုံပုတ်ထဲ၌ ထင်ရှားသောကောင်းကင်တမန်အားဖြင့် အကြီးအကဲနှင့်ရွေးနုတ်ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။
အကြောင်းမူကား “မြေကြီးနှင့် မြေကြီးပေါ်၌ရှိသမျှသောအရာတို့ကို ထာဝရဘုရားပိုင်ဆိုင်တော်မူ၏။”
သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအားပူဇော်ထားသောအရာဖြစ်သည်”ဟု သင်တို့ကိုဆိုခဲ့လျှင် ထိုသို့ဆိုသောသူအတွက်လည်းကောင်း၊ အသိစိတ်အတွက်လည်းကောင်း ထိုအရာကိုမစားကြနှင့်။
ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။