ထာဝရဘုရားသည် မကောင်းမှုပြုသောသူတို့နှင့် ပတ်သက်သည့်အောက်မေ့စရာကို ကမ္ဘာမြေကြီးပေါ်မှဖယ်ရှားရန် သူတို့ထံမှ မျက်နှာလွှဲတော်မူ၏။
တရားဟော 32:26 - မြန်မာ့စံမီသမ္မာကျမ်း “ငါသည် သူတို့ကိုကွဲလွင့်စေမည်။ သူတို့၏အမှတ်ရစရာကို လူတို့ကြားမှ ကွယ်ပျောက်စေမည်”ဟု ငါမိန့်ဆို၏။ Common Language Bible ငါသည်သူတို့ကိုတစ်ယောက်မကျန် သုတ်သင်ဖျက်ဆီးပစ်မည်ဟုအကြံရှိ၏။ Garrad Bible ထင် ယောင် ထင် မှား သော ရန် ဘက် ရန် သူ တို့ က၊ ထာ ဝ ရ ဘု ရား မ ဟုတ်၊ ငါ တို့ မြင့် မြတ် သော လက် ရုံး ဖြင့် စီ ရင် ကြ ပြီ ဟူ သော စ ကား နှင့် အ မျက် တော် တိုက် ကြ မည် ကို ငါ မ စိုး ရိမ် ရ လျှင်၊ ထို လူ မျိုး ကို ကွယ် ပျောက် စေ၍ အ မှတ် ကို လည်း လူ့ ဘောင် မှ ပြတ် စဲ စေ သော အ ကြံ ရှိ ခဲ့ လေ ပြီ ဟူ၍ တည်း။ Judson Bible ရန်သူ၏မာန်မာနကို ငါမကြောက်လျှင်လည်းကောင်း၊ |
ထာဝရဘုရားသည် မကောင်းမှုပြုသောသူတို့နှင့် ပတ်သက်သည့်အောက်မေ့စရာကို ကမ္ဘာမြေကြီးပေါ်မှဖယ်ရှားရန် သူတို့ထံမှ မျက်နှာလွှဲတော်မူ၏။
ဖြောင့်မတ်သောသူတို့ အော်ဟစ်တောင်းလျှောက်ကြသောအခါ ထာဝရဘုရားသည်နားညောင်း၍ သူတို့၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူတို့ကိုကယ်နုတ်တော်မူ၏။
အီဂျစ်လူမျိုးတို့က ‘ကိုယ်တော်သည် တောတောင်များထဲ၌ အစ္စရေးလူမျိုးတို့ကိုကွပ်မျက်၍ မြေကြီးပေါ်မှသုတ်သင်ရန်အတွက် မကောင်းသောရည်ရွယ်ချက်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည်’ဟု အဘယ်ကြောင့်ပြောဆိုကြရမည်နည်း။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်ပြေ၍ ကိုယ်တော်၏လူမျိုးတော်အပေါ်ကျရောက်စေမည့်ဘေးအန္တရာယ်မှ စိတ်ပြောင်းလဲတော်မူပါ။
ငါ့အတွက်၊ ငါ့အတွက်သာလျှင် ငါပြု၏။ ငါ့နာမသည် မည်သည့်အတွက်ကြောင့် အရှုတ်ချခံမည်နည်း။ ငါ၏ဘုန်းအသရေကို အခြားသူအား ငါမပေး။
ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ။ အစ္စရေးသည်လည်း အကျွန်ုပ်တို့ကိုအသိအမှတ်မပြု။ အို ထာဝရဘုရား၊ ကိုယ်တော်မူကား အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ ရှေးကာလကပင် ကိုယ်တော်၏နာမတော်သည် “အကျွန်ုပ်တို့ကိုရွေးနုတ်သောအရှင်” ဖြစ်၏။
ငါသည် သင်တို့ကို လူမျိုးခြားတို့ထဲတွင် ကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သင်တို့နောက်ကိုလိုက်မည်။ သင်တို့၏ပြည်သည် လူသူကင်းမဲ့၍ သင်တို့၏မြို့တို့သည် ပြိုပျက်လိမ့်မည်။
သင်တို့သည် လူမျိုးခြားတို့အလယ်၌ ပျက်စီး၍ ရန်သူတို့၏ပြည်သည် သင်တို့ကို ဝါးမျိုလိမ့်မည်။
သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းချေကြလိမ့်မည်။
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။
သင့်အားထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်ရှိ လူမျိုးအပေါင်းတို့တွင် သင်သည် ထိတ်လန့်စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်လိမ့်မည်။
ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
ထာဝရဘုရားသည် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ ထိုသို့ သင်တို့ကို ထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်၊ လူမျိုးခြားတို့ကြား၌ သင်တို့သည် လူဦးရေအနည်းငယ်သာကျန်လိမ့်မည်။
သို့ဖြစ်၍ ငါ့ကိုမတားနှင့်။ ငါသည် သူတို့ကို ဖျက်ဆီး၍ သူတို့၏အမည်ကို ကောင်းကင်အောက်မှ ပယ်ဖျက်မည်။ သင့်ကိုကား သူတို့ထက် အင်အားကြီး၍ များပြားသောလူမျိုးဖြစ်စေမည်’ဟု မိန့်တော်မူ၏။