တရားဟော 32:26 - Common Language Bible26 ငါသည်သူတို့ကိုတစ်ယောက်မကျန် သုတ်သင်ဖျက်ဆီးပစ်မည်ဟုအကြံရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible26-27 ထင် ယောင် ထင် မှား သော ရန် ဘက် ရန် သူ တို့ က၊ ထာ ဝ ရ ဘု ရား မ ဟုတ်၊ ငါ တို့ မြင့် မြတ် သော လက် ရုံး ဖြင့် စီ ရင် ကြ ပြီ ဟူ သော စ ကား နှင့် အ မျက် တော် တိုက် ကြ မည် ကို ငါ မ စိုး ရိမ် ရ လျှင်၊ ထို လူ မျိုး ကို ကွယ် ပျောက် စေ၍ အ မှတ် ကို လည်း လူ့ ဘောင် မှ ပြတ် စဲ စေ သော အ ကြံ ရှိ ခဲ့ လေ ပြီ ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible26 ရန်သူ၏မာန်မာနကို ငါမကြောက်လျှင်လည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 “ငါသည် သူတို့ကိုကွဲလွင့်စေမည်။ သူတို့၏အမှတ်ရစရာကို လူတို့ကြားမှ ကွယ်ပျောက်စေမည်”ဟု ငါမိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။-
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏အဖ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဘိုးဘေး များဖြစ်သောအာဗြဟံနှင့်ယာကုပ်တို့ပင် လျှင် ကျွန်တော်မျိုးတို့အားအသိအမှတ်မ ပြုနိုင်ကြပါ။ သို့ရာတွင်ထာဝရဘုရား သည် ကျွန်တော်မျိုးတို့၏အဖဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားရှေးကာလ ထဲက အစဉ်အမြဲကယ်ဆယ်တော်မူခဲ့ သူမှာကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။-