ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
တရားဟော 32:12 - မြန်မာ့စံမီသမ္မာကျမ်း သူ့ကိုပို့ဆောင်ပေးသူမှာ တိုင်းတစ်ပါးသား၏ဘုရားမဟုတ်၊ ထာဝရဘုရားတစ်ပါးတည်းသာလျှင် ဖြစ်၏။ Common Language Bible အခြားဘုရား၏အကူအညီကိုမယူဘဲ ထာဝရဘုရားတစ်ပါးတည်းသာလျှင်၊ မိမိ၏လူမျိုးတော်ကိုရှေ့ဆောင်လမ်းပြ တော်မူခဲ့၏။ Garrad Bible အ ခြား ဘု ရား မ ဟုတ်၊ ကိုယ် တော် သာ လျှင် ပို့ ဆောင် တော် မူ၏။ Judson Bible ထာဝရဘုရားတစ်ပါးတည်းသာလျှင်၊ ယာကုပ်ကိုဆောင်သွားတော်မူ၏။ အခြားတစ်ပါးသောဘုရား မည်မျှမရှိ။ |
ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
ဘိုးဘေးတို့တစ်မျိုးတည်းကိုသာ ပြည်တော်ကို ပေးတော်မူခဲ့၏။ ထိုပြည်တွင် မည်သည့်လူမျိုးခြားမျှ ဖြတ်သန်းသွားလာခွင့်မရှိ။
မိမိ၏လူမျိုးတော်ကို တောကန္တာရတွင် ပို့ဆောင်တော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ကြောင့် အကျွန်ုပ်ကိုညီညာသောလမ်း၌ပို့ဆောင်တော်မူပါ။
နေ့အချိန်၌ မိုးတိမ်အားဖြင့်လည်းကောင်း၊ ညအချိန်၌ တစ်ညလုံး မီးအလင်းရောင်အားဖြင့်လည်းကောင်း သူတို့ကိုပို့ဆောင်တော်မူ၏။
အစ္စရေး၏သိုးထိန်းဖြစ်တော်မူ၍ ယောသပ်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူသောအရှင်၊ စူးစိုက်နားထောင်တော်မူပါ။ ခေရုဗိမ်တို့အလယ်၌ စံပယ်တော်မူသောအရှင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
သင့်အထဲ၌ အခြားသောဘုရားမရှိရ။ တိုင်းတစ်ပါးသား၏ဘုရားကိုလည်း သင်မရှိခိုးမကိုးကွယ်ရ။
ငါသည် သင်တို့အိုမင်းသည့်တိုင်အောင် ထိုသို့ပြုပေးမည့်အရှင်ဖြစ်၏။ သင်တို့ဆံပင်ဖြူသည့်တိုင်အောင် သင်တို့ကို ချီပိုးထားမည်။ သင်တို့ကို ငါဖန်ဆင်းခဲ့ပြီ။ သင်တို့ကို ငါချီမထားမည်။ ငါသည် သင်တို့ကို ထမ်းထားမည်။ ကယ်မမည်။
ချိုင့်ဝှမ်းထဲသို့ဆင်းလာနားသော တိရစ္ဆာန်ကဲ့သို့ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူတို့ကို အနားယူစေတော်မူ၏။ ထိုနည်းတူ ကိုယ်တော်သည် နာမတော်ဘုန်းကြီးစေရန် လူမျိုးတော်ကို ဦးဆောင်တော်မူ၏။
ငါသည် သူတို့ကို ကရုဏာကြိုး၊ မေတ္တာကြိုးဖြင့် ဆွဲခေါ်ခဲ့၏။ သူတို့မေးရိုးမှ နဖားကြိုးကို ဖယ်ရှားပေးခဲ့၏။ ကိုယ်ကိုညွှတ်၍ သူတို့ကို အစာကျွေးခဲ့၏။
ဤအရပ်သို့ သင်တို့ရောက်သည့်တိုင်အောင် သင်တို့သွားသည့်လမ်းခရီးတစ်လျှောက်တွင် ဖခင်သည် သားကိုချီပိုးသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို မည်ကဲ့သို့ချီပိုးတော်မူခဲ့ကြောင်းကို တောကန္တာရ၌သင်တို့တွေ့မြင်ခဲ့ရသကဲ့သို့ ထာဝရဘုရားသည် သင်တို့အဖို့ စစ်တိုက်တော်မူလိမ့်မည်’ဟု ဆို၏။
ငါသာလျှင် ဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် အသက်ကိုသေစေနိုင်၏၊ ရှင်စေနိုင်၏။ ငါသည် ဒဏ်ရာရစေနိုင်၏၊ ပျောက်ကင်းစေနိုင်၏။ မည်သူမျှ ငါ့လက်မှ မလွတ်မြောက်နိုင်။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်း၊ ကိုယ်တော်မှတစ်ပါး အခြားဘုရားမရှိကြောင်း သင်တို့သိမြင်ရန် ဤအမှုတို့ကို သင်တို့အားပြသတော်မူခြင်းဖြစ်၏။
ထို့ကြောင့် အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၍ အခြားဘုရားမရှိကြောင်းကို ယနေ့ သင်တို့သိမှတ်၍ နှလုံးသွင်းကြလော့။
အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တကွ ဘိုးဘေးတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်ပေးခဲ့သောအရှင်၊ အကျွန်ုပ်တို့ မျက်စိရှေ့တွင်ပင် ကြီးမားသောနိမိတ်လက္ခဏာများကို ပြတော်မူသောအရှင်၊ လူမျိုးခြားတို့အကြား ဖြတ်ကျော်လာရသောလမ်းခရီးတစ်လျှောက်လုံးတွင် အကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။