တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
တရားဟော 3:13 - မြန်မာ့စံမီသမ္မာကျမ်း ဩဃမင်းကြီး၏နိုင်ငံဖြစ်သည့် ကျန်သောဂိလဒ်ပြည်နှင့် ဗာရှန်တစ်ပြည်လုံးကို မနာရှေမျိုးနွယ်တစ်ဝက်အား ငါပေး၏။ (အာဂေါဘနယ်မြေတစ်ဝန်းလုံးဖြစ်သော ဗာရှန်ပြည်တစ်ပြည်လုံးကို ရေဖိမ်လူမျိုးတို့၏ပြည် ဟုခေါ်၏။ Common Language Bible ဂိလဒ်ပြည်ကျန်တစ်ဝက်နှင့်သြဃဘုရင်အုပ် စိုးသောဗာရှန်ပြည်အားလုံး၊ တစ်နည်းအား ဖြင့်အာဂေါဘဒေသတစ်ခုလုံးကို မနာရှေ အနွယ်တစ်ဝက်တို့အားငါခွဲဝေပေး၏။'' (ဗာရှန်ပြည်တစ်ပြည်လုံးကို ရီဖိမ်လူမျိုး တို့၏ပြည်ဟူ၍ခေါ်တွင်ခဲ့သည်။- Garrad Bible ဂိ လဒ် နယ် ကျန် တစ် ဝက် ကို ကား၊ ရေ ဖိမ် ပြည် ဟု ခေါ် ဝေါ် သော ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း နိုင် ငံ၊ အာ ဂေါ ဘ ပြည် တစ် ဝှမ်း လုံး နှင့် တ ကွ၊ မ နာ ရှေ့ အ နွယ် တစ် ဝက် အား ငါ ပေး ၏။ Judson Bible ဂိလဒ်တောင်တစ်ဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သောအာဂေါဘတိုင်း၊ ဗာရှန်ပြည်တစ်ပြည်လုံးကို မနာရှေအမျိုးသားတစ်ဝက်အား ငါပေး၏။ |
တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
ဂျော်ဒန်မြစ်အရှေ့ဘက် ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုးတို့ပိုင်သော ဂိလဒ်ပြည်တစ်လျှောက်လုံး၊ အာနုန်ချောင်းနားရှိ အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည်အထိ တိုက်ခိုက်သိမ်းပိုက်လိုက်လေ၏။
ဤအရပ်သို့ သင်တို့ရောက်လာသောအခါ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် ဗာရှန်ဘုရင်ဩဃမင်းကြီးတို့သည် ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ထွက်လာကြ၏။ သို့သော် ငါတို့သည် သူတို့ကိုလုပ်ကြံ၍
သူတို့၏ပြည်ကို သိမ်းယူပြီး ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့အား အမွေအဖြစ်ပေးခဲ့၏။
ထိုအချိန်၌ ငါတို့သိမ်းပိုက်ခဲ့သောမြေကို ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့အား အာနုန်ချောင်းနံဘေးရှိအာရော်မြို့မှ ဂိလဒ်တောင်ပေါ်ဒေသတစ်ဝက်အထိ မြို့များနှင့်တကွ ငါပေး၏။
မနာရှေအမျိုး ယာဣရသည် ဂေရှုရိလူမျိုးနှင့်မာခါသိလူမျိုးတို့၏နယ်နိမိတ်တိုင်အောင် အာဂေါဘနယ်မြေတစ်ဝန်းလုံးဖြစ်သော ဗာရှန်ပြည်ကိုသိမ်းယူ၍ မိမိ၏အမည်ဖြင့် ဟာဝုတ်ယာဣရ ဟုယနေ့တိုင်အောင် မှည့်ခေါ်လေ၏။)
ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံဖြစ်သော အာဂေါဘနယ်မြေတစ်ခုလုံးတွင် မြို့ပေါင်းခြောက်ဆယ်ရှိ၍ ငါတို့သည် သူ၏မြို့ရှိသမျှကို တစ်မြို့မကျန် သိမ်းပိုက်ကြ၏။