သူတို့သည် သောဒုံဘုရင်ဗေရမင်းကြီး၊ ဂေါမောရဘုရင်ဗိရရှမင်းကြီး၊ အာဒမာဘုရင်ရှိနပ်မင်းကြီး၊ ဇေဘိုင်ဘုရင်ရှေမဘာမင်းကြီး၊ ဗေလ(ဇောရ)ဘုရင်တို့နှင့် စစ်တိုက်ကြ၏။
တရားဟော 29:23 - မြန်မာ့စံမီသမ္မာကျမ်း ‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။ Common Language Bible လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။- Judson Bible အနာရောဂါ ဘေးဥပဒ်တို့ကိုလည်းကောင်း၊ ထာဝရဘုရားသည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူသော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ ပြိုပျက်ရာကဲ့သို့၊ တစ်ပြည်လုံးကို ကန့်နှင့်မီး ကျွမ်းလောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီးအနှံမသီး၊ မြက်ပင်မပေါက်ကြောင်းကိုလည်းကောင်း၊ သင်တို့နောက်မှာ ဖြစ်လတ္တံ့သော သင်တို့အမျိုးသား၊ ဝေးသောအရပ်မှလာသော တစ်ပါးအမျိုးသားတို့သည် မြင်ကြသောအခါ၊ |
သူတို့သည် သောဒုံဘုရင်ဗေရမင်းကြီး၊ ဂေါမောရဘုရင်ဗိရရှမင်းကြီး၊ အာဒမာဘုရင်ရှိနပ်မင်းကြီး၊ ဇေဘိုင်ဘုရင်ရှေမဘာမင်းကြီး၊ ဗေလ(ဇောရ)ဘုရင်တို့နှင့် စစ်တိုက်ကြ၏။
ဤသန့်ရှင်းမြင့်မြတ်သောအိမ်တော်အနားမှ ဖြတ်သွားသောသူတိုင်း အံ့အားသင့်လျက် ကဲ့ရဲ့ကြလိမ့်မည်။ ‘ဤပြည်နှင့် ဤအိမ်တော်ကို အဘယ်ကြောင့် ထာဝရဘုရား ဤသို့ပြုတော်မူသနည်း’ဟု ဆိုကြလိမ့်မည်။
ထိုအခါ လူတို့က ‘သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်ပယ်၍ အခြားသောဘုရားတို့ကို ဆည်းကပ်လျက် ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် ထာဝရဘုရားသည် သူတို့အား ဤဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့စေတော်မူပြီ’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“ငါနှင့်ပြည်သူပြည်သားတို့အတွက်သာမက ယုဒအမျိုးသားအပေါင်းတို့အတွက်ပါ ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးမြန်းပေးကြလော့။ ငါတို့ဘိုးဘေးတို့သည် ဤကျမ်းပါစကားတော်အတိုင်း မလိုက်နာ၊ ငါတို့နှင့်ပတ်သက်ပြီး ရေးထားသမျှတို့ကို မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။
သူနှင့်မဆိုင်သောသတ္တဝါတို့သည် သူ့တဲ၌နေထိုင်ကြလိမ့်မည်။ သူ့နေရာကို ကန့်မှုန့်များဖြင့် ကြဲထားလိမ့်မည်။
အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
သင်တို့ပြည်သည် လူသူကင်းမဲ့လေပြီ။ သင်တို့၏မြို့များကိုလည်း မီးလောင်လေပြီ။ တစ်ပါးအမျိုးသားတို့သည် သင်တို့၏မြေကို သင်တို့ရှေ့၌ ဝါးမျိုကြပြီ။ တစ်ပါးအမျိုးသားတို့ဖျက်ဆီးသဖြင့် လူသူကင်းမဲ့လေပြီ။
တိုင်းနိုင်ငံတို့၏ဂုဏ်သရေ၊ ခါလဒဲလူမျိုးတို့ဂုဏ်ယူဝါကြွားရာဖြစ်သော ဘေဘီလုံမြို့သည် ဘုရားသခင်ဖြိုဖျက်ခဲ့သော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ဖြစ်လိမ့်မည်။
ဧဒုံပြည်၏ချောင်းတို့သည် ကတ္တရာစေးအဖြစ်သို့ ပြောင်းသွားလိမ့်မည်၊ မြေမှုန့်သည် ကန့်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ ထိုပြည်သည် လောင်ကျွမ်းနေသောကတ္တရာစေး ဖြစ်သွားလိမ့်မည်။
အကျွန်ုပ်တို့၏ဘိုးဘေးများ ကိုယ်တော်ကိုချီးမွမ်းရာအရပ်ဖြစ်သည့် သန့်ရှင်း၍ ဂုဏ်ကျက်သရေရှိသော အကျွန်ုပ်တို့၏အိမ်တော်သည် မီးလောင်သွားလေပြီ။ ကျွန်ုပ်တို့နှစ်သက်မြတ်နိုးသောအရာရှိသမျှတို့သည် ပျက်စီးသွားလေပြီ။
ထိုသူသည် သဲကန္တာရရှိချုံပုတ်ကဲ့သို့ဖြစ်မည်။ ကောင်းကျိုးချမ်းသာကို ခံစားရမည်မဟုတ်။ ခြောက်သွေ့သောတောကန္တာရရှိ မည်သူမျှမနေထိုင်သောဆားမြေ၌ နေရလိမ့်မည်။
ထာဝရဘုရား မနှမြောဘဲ ဖျက်ဆီးပစ်သောမြို့များကဲ့သို့ ထိုသူဖြစ်ပါစေ။ နံနက်အချိန်၌ အော်ဟစ်သံ၊ မွန်းတည့်အချိန်၌ အချက်ပေးသံတို့ကို ကြားရပါစေ။
သောဒုံမြို့၊ ဂေါမောရမြို့မှစ၍ အိမ်နီးချင်းမြို့တို့ဖျက်ဆီးခံရသကဲ့သို့ ပျက်စီးမည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။
“ငါသည် ဂျေရုဆလင်မြို့ကို ကျောက်ပုံဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာ ဖြစ်စေမည်။ ယုဒမြို့များကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်။”
ရွှံ့နွံစိမ့်စမ်းတို့မှ ရေများမူကား ရေချိုဖြစ်လာမည်မဟုတ်။ ဆားငန်ရေပင် ဖြစ်နေလိမ့်မည်။
ငါကိုယ်တိုင် သင်တို့၏ပြည်ကို လူသူကင်းမဲ့စေသဖြင့် ထိုပြည်၌နေထိုင်သော သင်တို့၏ရန်သူတို့သည်လည်း တုန်လှုပ်ချောက်ချားကြလိမ့်မည်။
“သောဒုံမြို့နှင့် ဂေါမောရမြို့ကို ဘုရားသခင် ဖျက်ဆီးပစ်သကဲ့သို့ သင်တို့ကို ငါဖျက်ဆီးပစ်၏။ သင်တို့သည် မီးထဲမှ ဆွဲထုတ်လိုက်သောထင်းစကဲ့သို့ဖြစ်ခဲ့ရ၏။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသွားသောနေ့၌ပင် မိုးကောင်းကင်မှ ကန့်နှင့်မီးရွာသွန်း၍ သူတို့အားလုံးကိုဖျက်ဆီးလေ၏။
ထို့ပြင် ဟေရှာယက “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့အတွက် အမျိုးအနွယ်ကိုချန်ထားတော်မမူလျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်ခဲ့၍ ဂေါမောရမြို့နှင့်တူခဲ့ကြပေလိမ့်မည်”ဟု ကြိုတင်ပြောထားသည့်အတိုင်းဖြစ်၏။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
အဘိမလက်သည် ထိုနေ့တစ်နေ့လုံး ထိုမြို့ကိုတိုက်ခိုက်ပြီး မြို့ကိုသိမ်းယူ၍ မြို့သားတို့ကို သတ်ပစ်၏။ မြို့ကိုဖျက်ဆီးပြီး ဆားနှင့် ပက်လေ၏။