အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 29:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​သည် သူ့​ကို အစ္စရေး​မျိုးနွယ်​အပေါင်း​တို့​ထဲမှ သီးခြားခွဲထား​၍ ဤ​ပညတ်တရား​ကျမ်း​၌​ရေးသား​ထား​သော​ပဋိညာဉ်​ထဲမှ​ကျိန်​ခြင်း​ရှိသမျှ​တို့​နှင့်အညီ သူ့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​ပညတ်​တွင်​ရေး​ထား​သော​ပ​ဋိ​ညာဉ်​အ မင်္ဂ​လာ​များ​နှင့်​အ​ညီ​သူ​သည်​ဘေး​ဒဏ် သင့်​သ​ဖြင့် ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း တို့​အ​တွက်​သင်​ခန်း​စာ​ယူ​စ​ရာ​ဖြစ် တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ဤ ပ ည တ္တိ ကျမ်း တွင် ပါ ရှိ သော ပ ဋိ ညာဉ် တော် ဆိုင် ရာ အ မင်္ဂ လာ အ ချက် ချက် အ ရ၊ ထို သူ့ ကို ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ နှင့် ခွဲ ခြား၍၊ ဘေး သင့် စေ တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ဤ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော ပ​ဋိ​ညာဉ် အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​နှင့်​အ​ညီ၊ ထို​သူ​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​နုတ်၍ အ​ပြစ်​ပေး​ဖို့​ရာ ခွဲ​ထား​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 29:21
12 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဂျေရုဆလင်​မြို့သား​တို့​အပေါ်​သို့ ငါ့​အမျက်​ဒေါသ​ကို​သွန်ချ​ခဲ့​သကဲ့သို့ အီဂျစ်​ပြည်​သို့ သင်​တို့​သွား​သောအခါ သင်​တို့​အပေါ်​သို့ ငါ့​အမျက်ဒေါသ​ကို သွန်ချ​မည်​။ သင်​တို့​သည် ကျိန်ဆဲစရာ​၊ ထိတ်လန့်စရာ​၊ ရွံရှာစရာ​၊ ကဲ့ရဲ့စရာ​ဖြစ်​မည်​။ ဤ​ပြည်​ကို သင်​တို့ ပြန်​မြင်​ရ​တော့​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​ပြီ​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မဟုတ်မမှန်​သော​နိမိတ်​ကို​မြင်​၍ ဂမ္ဘီရအတတ်​ဖြင့် လိမ်ညာ​ပြောဆို​သော ပရောဖက်​တို့​ကို ငါ​ဆန့်ကျင်​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​အစုအဝေး​ထဲတွင် မ​နေ​ရ​။ အစ္စရေး​အမျိုးအနွယ်​စာရင်း​တွင် သူ​တို့​မ​ပါဝင်​ရ​။ အစ္စရေး​ပြည်​သို့ ပြန်လာ​ရ​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။


ထိုအခါ သင်​တို့​သည် ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​၊ ဘုရားသခင်​၏​အမှု​တော်​ကို ဆောင်​သော​သူ​နှင့် မ​ဆောင်​သော​သူ​ကို ပြန်​၍ ပိုင်းခြား​သိမြင်​ကြ​လိမ့်မည်​။


သူ့​ကို ပြင်းစွာ​ပြစ်ဒဏ်​ပေး​ကာ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​နှင့်အတူ နေရာ​ချ​ထား​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။


ထိုအခါ လူမျိုး​အပေါင်း​တို့​ကို ရှေ့​တော်​၌ စုဝေး​စေ​ကြ​လိမ့်မည်။ ထို့နောက် သိုးထိန်း​သည် သိုး​တို့​ကို ဆိတ်​တို့​နှင့် သီးခြား​ခွဲထား​သကဲ့သို့ ကိုယ်တော်​သည် သူ​တို့​ကို တစ်ဦး​နှင့်​တစ်ဦး သီးခြား​ခွဲထား​ကာ


ထို့နောက် မင်းကြီး​သည် လက်ဝဲ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား​လည်း ‘ကျိန်ဆဲ​ခြင်း​ခံရ​သော​သူ​တို့၊ ငါ့​ထံမှ​ထွက်ခွာ​၍ မာရ်နတ်​နှင့်​သူ​၏​စေတမန်​များ​အတွက်​ပြင်ဆင်​ထား​သော ထာဝရ​မီး​ထဲသို့ သွား​ကြ​လော့။


ထိုအခါ ဤ​သူ​တို့​သည် ထာဝရ​အပြစ်ဒဏ်​ခံ​ရာ​သို့ သွား​ကြ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​တို့​မူကား ထာဝရ​အသက်ရှင်​ရာ​သို့ သွား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထူးဆန်း​သော​ကပ်ရောဂါ​ဖြစ်​သည့် ပြင်းထန်​သော​နာတာရှည်​ကပ်ရောဂါ​များ​၊ ဆိုးရွား​သော​နာတာရှည်​အနာရောဂါ​များ​ကို ထာဝရဘုရား​သည် သင်​နှင့်​သင့်​သားစဉ်မြေးဆက်​တို့​၌ သက်ရောက်​စေ​တော်မူ​မည်​။


ထို့ပြင် ထာဝရဘုရား​သည် ဤ​ပညတ်တရား​ကျမ်း​၌ မ​ရေးသား​ထား​သည့်​အနာရောဂါ​၊ ကပ်ရောဂါ ရှိသမျှ​တို့​ကို​လည်း သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း သင့်​အပေါ်​သို့​ကျရောက်​စေ​တော်မူ​မည်​။


သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​လျက် ဤ​ပညတ်တရား​ကျမ်း​၌ ရေးသား​ထား​သော ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​ရ​မည်​။ သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လာ​ရ​မည်​။


သူ​တို့​အပေါ် ဘေးအန္တရာယ်​များ​ကို စုပြုံကျရောက်​စေ​မည်​။ ငါ့​မြား​တို့​ကို သူ​တို့​ထံ အကုန်​ပစ်လွှတ်​မည်​။