ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
တရားဟော 28:9 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကိုစောင့်ထိန်း၍ ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်လျှင် သင့်အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကို မိမိအဖို့ သန့်ရှင်းသောလူမျိုးအဖြစ် တည်စေတော်မူမည်။ Common Language Bible ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ၏အမိန့်ကိုနာခံ၍ ပညတ်ရှိသမျှကိုစောင့် ထိန်းလျှင် ကတိတော်အတိုင်းသင်တို့အား ကိုယ်တော်၏လူမျိုးတော်ဖြစ်စေမည်။- Garrad Bible ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် များ ကို စောင့် ထိန်း လျက် နည်း လမ်း တော် များ၌ သင် တို့ လိုက် လျှောက် ကြ သော်၊ ထာ ဝ ရ ဘု ရား သည် သ စ္စာ ဆို တော် မူ ခဲ့ သည့် အ တိုင်း၊ ကိုယ် တော် တိုင် အ ဖို့ သီး သန့် သော လူ မျိုး အ ဖြစ် တည် စေ တော် မူ မည့် အ လျောက်၊ Judson Bible သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကိုစောင့်၍ လမ်းတော်သို့လိုက်လျှင်၊ ထာဝရဘုရားကျိန်ဆိုသည်အတိုင်း၊ သင့်ကိုကိုယ်တော်အဖို့ သန့်ရှင်းသောအမျိုး အစဉ်အမြဲဖြစ်စေတော်မူမည်။ |
ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
ဇိအုန်မြို့နှင့်ပတ်သက်၍မူကား “ဤသူသည် ဇိအုန်မြို့၌ မွေးဖွား၏။ ထိုသူသည် ဇိအုန်မြို့၌ မွေးဖွား၏”ဟု မြွက်ဆိုလိမ့်မည်။ အမြင့်ဆုံးသောအရှင်ကိုယ်တိုင်သည်လည်း ထိုမြို့ကို တည်မြဲစေတော်မူလိမ့်မည်။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်၏တရားသူကြီးတို့ကို ယခင်ကကဲ့သို့၊ သင်၏အကြံပေးသူတို့ကို မူလအစကကဲ့သို့ ပြန်လည်ခန့်ထားမည်။ သို့ပြီးမှ သင်၏မြို့ကို ဖြောင့်မတ်သောမြို့၊ သစ္စာရှိသောမြို့ဟု ခေါ်ဝေါ်ကြမည်”ဟု မိန့်တော်မူ၏။
သူတို့ကို “ထာဝရဘုရားရွေးနုတ်တော်မူသည့် သန့်ရှင်းသောလူမျိုး”ဟု ခေါ်ကြလိမ့်မည်။ သင့်ကို “စွန့်ပစ်မခံရဘဲ ပြန်ရှာထားသောမြို့”ဟု ခေါ်ကြလိမ့်မည်။
ဤသို့ဖြင့် သင်တို့၏ဘိုးဘေးတို့အား နို့နှင့်ပျားရည်စီးသောပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သောကတိကိုတည်စေနိုင်ခဲ့ပြီး ယနေ့ ထိုကဲ့သို့ဖြစ်လေပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ငါက “အို ထာဝရဘုရား၊ အာမင်”ဟု လျှောက်လေ၏။
ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည်ပြေ၍ သင့်ကို သနားစုံမက်တော်မူမည့်အကြောင်း၊ သင့်ကို သနားစုံမက်၍ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကိုတိုးပွားစေတော်မူမည့်အကြောင်း သင်သည် ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုကိုမျှ သင်၏လက်ထဲ၌ မထားရ။
အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအတွက် သန့်ရှင်းသောလူမျိုးဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို မြေကြီးပေါ်၌ရှိသော လူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် ရွေးချယ်တော်မူ၏။
သို့ရာတွင် ထာဝရဘုရားသည် သင်တို့ကို ချစ်တော်မူသောကြောင့်လည်းကောင်း၊ သင်တို့၏ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့်ကတိတော်ကို တည်စေသောကြောင့်လည်းကောင်း ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထုတ်ဆောင်တော်မူ၏။ ကျွန်ခံရာအိမ်အီဂျစ်ဘုရင်ဖာရောမင်းကြီး၏လက်မှ ရွေးနုတ်တော်မူ၏။
သို့သော် သခင်ဘုရားသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် သင်တို့ကို ခိုင်ခံ့မြဲမြံစေ၍ ဆိုးညစ်သောသူထံမှ ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။