ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
တရားဟော 28:4 - မြန်မာ့စံမီသမ္မာကျမ်း သင့်သားသမီး၊ သင့်မြေ၏အသီးအနှံ၊ သင့်တိရစ္ဆာန်၏သားပေါက်များဖြစ်သည့် သင့်နွားသားပေါက်များ၊ သင့်သိုးဆိတ်သားပေါက်များသည် ကောင်းချီးခံစားရမည်။ Common Language Bible ``ထာဝရဘုရားသည် သင်တို့တွင်သားသမီး မြောက်မြားစွာထွန်းကားစေရန်လည်းကောင်း၊ အသီးအနှံပေါများစေရန်လည်းကောင်း၊ သိုး နွားမြောက်မြားစွာတိုးပွားစေရန်လည်း ကောင်းကောင်းချီးပေးတော်မူမည်။ Garrad Bible သား သ မီး တို့ မှ စ၍၊ မြေ အ သီး အ နှံ နှင့် နွား၊ သိုး၊ ဆိတ်၊ ပေါက် ဘွား သော သား ငယ် များ၌ မင်္ဂ လာ ရှိ လိမ့် သ တည်း။ Judson Bible သားသမီးအားဖြင့်လည်းကောင်း၊ မြေအသီးအနှံအားဖြင့်လည်းကောင်း၊ တိရစ္ဆာန်ဖွားသော သားငယ်အားဖြင့်လည်းကောင်း၊ သိုးနွား အစီးအပွားအားဖြင့်လည်းကောင်း မင်္ဂလာရှိလိမ့်မည်။ |
ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
ထိုသို့ သခင်သည် မိမိအိမ်နှင့်မိမိ၌ရှိသောအရာအားလုံးတို့ကို သူ့အားအပ်နှံသောအချိန်မှစ၍ ထာဝရဘုရားသည် ယောသပ်အားဖြင့် ထိုအီဂျစ်အမျိုးသား၏အိမ်ကိုကောင်းချီးပေးတော်မူသဖြင့် သူ၏အိမ်၊ သူ၏လယ်ယာတို့၌ရှိသောအရာအားလုံးတို့အပေါ် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသက်ရောက်လေ၏။
သင့်ဖခင်၏ဘုရားသခင်သည် သင့်ကို ကူညီမစတော်မူမည်။ အနန္တတန်ခိုးရှင်သည် သင့်အား အထက်မိုးကောင်းကင်၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထု၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ သားမြတ်နှင့်သားအိမ်တို့၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း ကောင်းချီးပေးတော်မူမည်။
ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသဖြင့် သူတို့သည် အလွန်တိုးပွားကြ၏။ သူတို့၏တိရစ္ဆာန်ကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။
သားသမီးတို့သည် ထာဝရဘုရားပေးတော်မူသောအမွေဖြစ်ကြ၏။ ဖွားမြင်သောရင်သွေးသည် ဆုလာဘ်တော်ဖြစ်၏။
သင့်အိမ်တွင် သင်၏မယားသည် အသီးများစွာသီးသောစပျစ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည်လည်း သံလွင်ပျိုးပင်များကဲ့သို့ သင့်စားပွဲပတ်လည်၌ရှိနေလိမ့်မည်။
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် လူကိုချမ်းသာကြွယ်ဝစေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်ဝမှု၌ မည်သည့်ခက်ခဲပင်ပန်းမှုကိုမျှ ထပ်ပေါင်းတော်မမူ။
သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။
ဖြောင့်မတ်သောသူသည် တည်ကြည်စွာလျှောက်လှမ်းတတ်၏။ နောင်လာမည့် သူ၏သားမြေးတို့သည် မင်္ဂလာရှိကြ၏။
ငါသည် သင်တို့ကို ကြည့်ရှုမည်။ သင်တို့ကို တိုးပွားများပြားစေမည်။ သင်တို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ငါတည်စေမည်။
ထာဝရဘုရားက ထိုပြည်ကို သင့်အားပေးမည်ဟု သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံဖြင့် သင့်ကို ထာဝရဘုရား ကောင်းစားစေတော်မူမည်။
သင့်သားသမီး၊ သင့်မြေ၏အသီးအနှံ၊ သင့်နွား၏သားပေါက်များ၊ သင့်သိုးဆိတ်၏သားပေါက်များသည် ကျိန်ဆဲခြင်းခံရမည်။
ကိုယ်တော်သည် သင့်ကိုချစ်မည်။ ကောင်းချီးပေးမည်။ တိုးပွားစေမည်။ ထိုပြည်ကို သင့်အားပေးမည်ဟု သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီးမှစ၍ မြေထွက်ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက်တို့ကို ကောင်းချီးပေးတော်မူမည်။
အကြောင်းမူကား ကိုယ်ခန္ဓာနှင့်ဆိုင်သောလေ့ကျင့်မှုသည် အနည်းအကျဉ်းအကျိုးရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝနှင့်ဆိုင်သော ကတိတော်ပါရှိသည်ဖြစ်၍ အလုံးစုံတို့အတွက် အကျိုးရှိ၏။