တရားဟော 28:4 - Common Language Bible4 ``ထာဝရဘုရားသည် သင်တို့တွင်သားသမီး မြောက်မြားစွာထွန်းကားစေရန်လည်းကောင်း၊ အသီးအနှံပေါများစေရန်လည်းကောင်း၊ သိုး နွားမြောက်မြားစွာတိုးပွားစေရန်လည်း ကောင်းကောင်းချီးပေးတော်မူမည်။ အခန်းကိုကြည့်ပါ။Garrad Bible4 သား သ မီး တို့ မှ စ၍၊ မြေ အ သီး အ နှံ နှင့် နွား၊ သိုး၊ ဆိတ်၊ ပေါက် ဘွား သော သား ငယ် များ၌ မင်္ဂ လာ ရှိ လိမ့် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible4 သားသမီးအားဖြင့်လည်းကောင်း၊ မြေအသီးအနှံအားဖြင့်လည်းကောင်း၊ တိရစ္ဆာန်ဖွားသော သားငယ်အားဖြင့်လည်းကောင်း၊ သိုးနွား အစီးအပွားအားဖြင့်လည်းကောင်း မင်္ဂလာရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သင့်သားသမီး၊ သင့်မြေ၏အသီးအနှံ၊ သင့်တိရစ္ဆာန်၏သားပေါက်များဖြစ်သည့် သင့်နွားသားပေါက်များ၊ သင့်သိုးဆိတ်သားပေါက်များသည် ကောင်းချီးခံစားရမည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်သင်တို့ကိုချစ်၍ကောင်းချီးပေး တော်မူသဖြင့် သင်တို့သည်လူဦးရေတိုးပွား၍ သားသမီးများစွာရကြလိမ့်မည်။ သင်တို့၏ လယ်ကွင်းများကိုကောင်းချီးပေးသဖြင့်အသီး အနှံ၊ စပျစ်ရည်၊ သံလွင်ဆီတို့အထွက်များ လိမ့်မည်။ သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သိုးနွားတိရစ္ဆာန်များတိုးပွားများပြား လိမ့်မည်။ သင်တို့ဘိုးဘေးတို့အားကတိထား သောပြည်သို့သင်တို့ရောက်ရှိသောအခါ ထို ကောင်းချီးမင်္ဂလာများကိုချပေးတော်မူလိမ့် မည်။-